1.3K 225 146
Zawgyi
"Morning ပါ စီနီယာတို့"
နေပြန်ကောင်းလို့ ရုံးစစတက်ချင်း အစောကြီးရောက်နေ
ကြသော စီနီယာတွေကို ပြုံးကာနှုတ်ဆက်မိတော့
အားလုံး က နေကောင်းသွားပြီလား စသည်ဖြင့် အမျိုးမျိုး
အဖုံဖုံ မေးမြန်းလာကြသည် ။
ဦးကြောင့်နဲ့ ဒီအလုပ်အား ဝင်လုပ်မိပေမယ့် ဒီက စီနီယာ
တွေက ကျွန်တော့်အပေါ် တအားကောင်းကြ၏ ။
"အစ်မဆိုမီ ဦးရောက်ပြီလား"
"ရောက်ပါ့တော်...မင်းရောက်တာနဲ့ သူ့အခန်းထဲ လွှတ်
လိုက်ပါတဲ့ ငါ့ကိုမှာထားတယ် သွားလိုက်ဦး"
"ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
ပြုံးစိစိနဲ့ ပြောလာသော အစ်မဆိုမီအား ရယ်ပြရင်း
ကျွန်တော် ဦးဆီ သွားရန် ပြင်လိုက်သည် ။ ဦး ကျွန်တော့်
ဆီလာတဲ့နေ့ကတည်းကနေ ဒီနေ့နဲ့ဆို ဦးနဲ့ မတွေ့ရတာ
သုံးရက်ကြီးများတောင် ရှိပြီ ''((
ဦးကတော့ ကျွန်တော့်ကို အနားပေးတယ် ဆိုသော်ငြား
ကျွန်တော့်မှာတော့ ဦးကို မတွေ့ရသောကြောင့် နေရထိုင်
ရ အဆင်မပြေပါ ')
ဟို သီချင်းလိုပေါ့ ကျွန်တော်လွမ်းလို့ ငိုရတော့မယ်
ဦးတစ်ယောက်ရေ ဆိုသလိုမျိုး "(((
"ဦး ကျွန်တော် ရောက်ပြီ"
"အင်း ထိုင်...ဘာစားလာလဲ"
"ဗျာ"
ဦးက ကျွန်တော့်ရဲ့ ဦးက ကျွန်တော့်ကို ဘာစားလာလဲတဲ့
အံသြလွန်းလို့ ကျွန်တော့်မှာ ပါးစပ်တောင် မပိတ်နိုင် ။
"အိမ်က ဘာစားလာလဲလို့"
စိတ်မရှည်တတ်သော ဦးက မျက်ခုံးနှစ်ဖက် ထိလုမတတ်
မျက်မှောက်ကြီးကြုတ်လာ၏ ။
"ကော်ဖီပဲ သောက်လာခဲ့တယ်...အချိန်မမီတော့တာနဲ့
ဟီး"
"ငါ့အမေက ငါ့အတွက် ဆန်ပြုတ် ပြုတ်ပေးလိုက်တယ်
အဲ့ဒါ...အဲ့ဒါ ငါမကြိုက်လို့ မင်းပဲသောက်လိုက်တော့
ဟိုစားပွဲပေါ်မှာ ချိုင့်နဲ့တင်ထားတယ်"
"..."
"သွန်ရမှာ နှမြောလို့ မင်းကိုကျွေးတာ လျှောက်တွေး
မနေနဲ့!!!"
In A Relationship With Uncle DohTempat cerita menjadi hidup. Temukan sekarang