Part - 2

1.5K 266 8
                                    

Unicode

မနက်ခင်းအချိန်မှာ တကျီကျီနဲ့မြည်သံစွဲကာအော်မြည်နေကြတဲ့ပတ်ဝန်းကျင်ဟာ လုံးဝန်းသောနေအလင်းရောင်ကြီးနဲ့ပြိုင်တူထွက်ပေါ်လာသည်..
ဖြန့်ကျက်ထားတဲ့နေမင်းရဲ့နေရောင်ခြည်ဟာ မနေ့ညက မိုးကြီးထားတာလို့ယုံနိုင်ဖွယ်မရှိအောင် တရှိန်ထိုး လင်းလာကာ အပူရှိန်ပါ အနည်းငယ်တက်လာခဲ့သည်...။

ထိုအလင်းရောင်စူးစူးဖြန့်ကျက်နေရာက ဟီဆွန်းအိပ်နေရာ အခန်းငယ်ရဲ့ပြတင်းပေါက် အပေါ်နားကနေတဆင့်ပေါ့ ...အခန်းငယ်အတွင်းမှာ နေရောင်ထိုး၍ လင်းလာတဲ့အခါ စောင်ကိုခေါင်းမြီုးမခြုံမိတဲ့ ဟီဆွန်း မနက်စောစောမှာ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း စောင်ကိုဆွဲဖယ်ကာ ထိုင်လိုက်သည်..

အချိန်အားဖြင့် မနက်9နာရီကျော်နေလေပြီ...ပူစပ်ပူလောင်ခံစားရ၍ နေရာကအမြန်ထကာ ရေချိူးခြင်းအမှုကိုပြုရသည်..။
ပူလောင်တဲ့ဒဏ်ဟာ သူ့အတွက်အဆိုးရွားဆုံးပင်..

ဖုန်းကနေ့ရက်ကိုကြည့်လိုက်တော့ ဒီနေ့ဟာ Sunday...

မရောက်တာကြာပြီဖြစ်တဲ့ Churchကိူသွားဖို့ ဆုံးဖြတ်လိုက်သည်..
မွန်းကြပ်လွန်းတဲ့မြို့ပြလူနေမှုဘဝထဲတွင်မှ ပုံစံခွက်နဲ့ဘဝကြီးမှာ လူငယ်တစ်ယောက်ရဲ့လွတ်လပ်မှုတွေဆုံးရှုံးကာ အလုပ်ပုံကြားထဲတွင်ခေါင်းစိုက်နေခဲ့ရသည်......
အားလပ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင်ပင် ဘုရားကျောင်းတက်နိုင်ဖို့ အာရုံမရသည်အထိ.. ပင်ပန်းမှုတွေကို.အတိုးချကာစိတ်ဖြေရင်း လွတ်မြောက်ချင်တဲ့ ဆန္ဒတွေကို သူ့အား အကြိမ်ကြိမ်လျစ်လျူရူထားသော ဘုရားသခင်ထံ တိုင်တည်ကာပြောပြရဦးမည်....။

ဖုန်းထဲမှ တင်ခနဲပို့လာတဲ့ စာတိုကိုယူကြည့်ကာပြုံးရင်း ဖုန်းအားဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်သည်...ဒီနေရာမှာနေထိုင်ဖို့က ဂျေးရဲ့အကူအညီတွေအများကြီးပါသည်...

ယုတ်ဆွအဆုံး အဝတ်တထည်ကိုယ်တစ်ခုထွက်လာတဲ့ကိုယ့်အတွက် ပါလာတဲ့ကျောပိုးအိတ်ကအစ အစစအရာရာပြင်ဆင်ပေးကာလွှတ်လိုက်ခြင်းပင်...။
အတန်ငယ်ကျယ်ဝန်းတဲ့အိမ်ခန်းလေးက ဂျေးအဒေါ်ရဲ့ ဌားထားတဲ့အခန်းတွေထဲမှတစ်ခု....ကတ်တွေအပိတ်ခံလိုက်ရတဲ့သူ့အတွက် ငွေအလုံအလောက်ပါသော်လည်း မဖြုန်းတီးချင်၍ကတစ်ကြောင်း ငြီးငွေ့လွန်းတဲ့ဟိုတယ်တွေကိုမတည်းချင်တာ.တစ်ကြောင်းဖြင့် ဒီအိမ်ခန်းလေးဟာ နေရာစိမ်းမှ ခိုနားရာဖြစ်လာသည်...။

𝑬𝒗𝒆𝒓 𝑨 𝑵𝒆𝒗𝒆𝒓 𝑨𝒇𝒕𝒆𝒓 // 𝑯𝒆𝒆𝒋𝒂𝒌𝒆Where stories live. Discover now