Part - 5 [ Final part ]

1.9K 223 27
                                    

Unicode


ခလွမ်း.........

ကျကွဲသံတစ်ချို့ဟာ ပန်းရနံ့ပေါင်းစုံသင်းပျံ့နေဆဲဆိုင်ထဲက ထွက်လာမှန်းသိတဲ့အခါ စိတ်ညစ်ညူးစွာ ဆိုင်အပြင်တွင်ထိုင်နေသော ဟီဆွန်း ခုံမှထကာ ခပ်မြန်မြန်ဆိုင်အတွင်းသို့ပြေးဝင်လာခဲ့သည်....။

ဆိုင်အတွင်းထဲမှာ ပြန့်ကျဲနေသော ပန်းအိုးတွေနှင့်ပန်းတွေဟာ ကြမ်းပြင်ပေါ်တွင် မြေဆွေးတို့နဲ့ရောထွေးလျက်...

နီရဲရဲသွေးစက်တို့ကလဲ ကြမ်းပြင်ထက်တွင်နေရာယူကာ မတ်တပ်ရပ်ရင်းမလှုပ်မယှက်ငြိမ်သက်နေသော ဂျယ်ယွန်းဟာလဲနေရာမှမရွေ့...
လက်သီးကိုတင်းတင်းဆုပ်ရင်း တွေတွေကြီးငေးမောလာသည်..

ငိုချင်နေသောမျက်ဝန်းမှမျက်ရည်တွေကိုတင်းခံနေတာကြောင့် မျက်လူံးသွေးကြောတွေရဲတက်နေသည်အထိ...

" လက်ကိုဆေးထည့်ရအောင်.."

ကွဲနေတဲ့လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်ချိန်မှာ လက်တွေကိုပြန်ရုတ်ကာ ဆိုင်ပြင်ဘက်ကိုပြေးထွက်သွားသော ယွန်းဟာ စိတ်ဦးတည်ရာပြေးလွှားနေသည်...မရပ်မနားပြေးလွှားနေတဲ့ယွန်းနောက်ကိုမျက်ခြေမပြတ်လိုက်ရင်း တစ်နေရာအရောက်မှာ ရပ်တန့်သွားခဲ့သည်က ဘုရားကျောင်းရှေ့တွင်...

ဟောဟဲစိုက်ကာ မောပန်းလွန်း၍ ခြေပစ်လက်ပစ်မြေပြင်ပေါ်ပစ်ကျသွားသော ဂျယ်ယွန်းအား အလျှင်အမြန်လှမ်းဆွဲကာ ရင်ခွင်ထဲထည့်ရင်း ရုန်းမရသည်အထိ အတင်းအကျပ်ပင်ဖက်တွယ်လိုက်သည်...

ရသလောက်အားနဲ့ရုန်းနေသေးတဲ့ဂျယ်ယွန်းရဲ့လက်တွေကိုပါသိုင်းချုပ်ပီးတဲ့နောက်မှာ ရုန်းမရတော့တဲ့ ဂျယ်ယွန်းဟာ ငြိမ်သက်ရင်းမှ တအိအိနဲ့ငိုရှိုက်လာသည်...။

ဘာကမှားခဲ့လို့လဲ...သေချာပေါက်ဟီဆွန်းအမှားပင်.....

အေးချမ်းလွန်းတဲ့ကောင်လေးရဲ့ဘဝထဲ တစွတ်ထိုးဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့သူကသာကြီးမားသောအမှားတစ်ခုကိုကျူးလွန်သောသူဖြစ်သည်...။

လွန်ခဲ့သော နာရီအနည်းအငယ်ခန့်က နေ့လည်ခင်းအချိန်တွေကပုံမှန်အတိုင်းလည်ပတ်ခဲ့သည်...။
ဂျယ်ယွန်းကပန်းအိုးတွေပြန်ပြင်ကာ ပန်းပင်တွေအားသေချာဂရုစိုက်နေချိန်မှာ သူကတော့ဂျေးနဲ့စကားပြောနေခဲ့သည်...

You've reached the end of published parts.

⏰ Last updated: May 13, 2023 ⏰

Add this story to your Library to get notified about new parts!

𝑬𝒗𝒆𝒓 𝑨 𝑵𝒆𝒗𝒆𝒓 𝑨𝒇𝒕𝒆𝒓 // 𝑯𝒆𝒆𝒋𝒂𝒌𝒆Where stories live. Discover now