Part - 3

1.2K 238 31
                                    

Unicode

ပါးစပ်ထဲကိုဝင်လာတဲ့ မက်ဂျုကိုအရသာခံကာသောက်ရင်း ချထားတဲ့ခြေထောက်တွေကိုခုံပေါ်ကို တင်ကာဒူးကိုပိုက်လိုက်သည်...။
မိုးရွာထားတဲ့ကောင်းကင်ကြီးသာ ကြယ်ရောင်မစုံသော်လည်း ဟိုတစဒီတစလင်းနေတတ်တဲ့ ကြယ်လေးတွေကိုမော့ကြည့်ကာ မက်ဂျုကိုနောက်တငုံသောက်လိုက်ပီးချိန်မှာ နှုတ်ခမ်းနားကိုရောက်လာသော အသားကင်တစ်ဖတ်...

မက်ဂျူကြောင့်ရီဝေေ၀ဖြစ်နေသောဟီဆွန်းမှာ ပတ်ဝန်းကျင်အားခဏမျှမေ့လျော့ကာသွားသည်...
ပြောရရင် ဒီတနေကုန်မှာ ဟီဆွန်းအိမ်ခန်းငယ်ကိုမပြန်ဖြစ်သေးပေ...
ညရောက်သည်အထိ...ဟုတ်တယ် ညရောက်တဲ့ထိကို ဟီဆွန်းပြန်ဖို့စိတ်ကူးမရသေးပေ...

မိုးရေထဲဆော့ထား၍ အေးစက်နေတဲ့ခန္ဓာကိုယ်အားရေချိုးချပီးနောက် ညနေစာသွားဝယ်ဖို့ဆိုင်စောင့်နေပေးပါလို့တောင်းဆိုလာတဲ့ကောင်ငယ်လေးကြောင့် ညနေစောင်းတဲ့ထိ သောင်တင်နေခဲ့သည်..။

ပြန်လာတော့လဲ ဘီးခွင်နေတဲ့စက်ဘီးကသာ အပြန်လမ်းအတွက်စီးကြိုနေသည်...။

အပြစ်လုပ်ထားသော်လည်း..ရှိသမျှသွားတွေညီနေအောင်စိကာ ရယ်ပြလာတဲ့ အနှီကောင်လေးကို အပြစ်တင်ဖို့တစ်စုံတစ်ရာရှာမတွေ့ခင်မှာပဲ ရပါတယ်လို့ခွင့်လွှတ်ပေးလိူက်မိသည်...။

စက်ဘီးနဲ့တောင် နာရီဝက်နီးပါးနင်းရတဲ့နေရာကို လမ်းလျှောက်ဖို့ဆိုတာ မိုးရွာထားစ ညမှောင်မှောင်မှာ ကိုယ်နဲ့မရင်းနှီးတဲ့ လမ်းကိုလျောက်ဖို့ဆိုတာ ဟီဆွန်းအတွက် အနည်းငယ်တော့အကျပ်ရိုက်ရသည်...
အချိန်အားဖြင့်လဲ ညနေစောင်းကာ မိုးရွာထား၍လဲအတော်မှောင်နေပီမို့ ရပ်ကာတွေဝေနေသောသူ့အား ကောင်လေးက သတိထားမိပုံရသည်...

သူအဆင်ပြေမယ်ဆိုရင် ဒီညအိပ်လို့ရပါတယ်ဆိုတဲ့စကားကိုမဝံ့မရဲလေးဆိုလာသည်...

အဲ့ဒီလိုနဲ့သောင်တင်နေခဲ့ရသည့်ဟီဆွန်းဟာ ပန်းဆိုင်လေးရဲ့အပေါ်ထပ်ဆီမှာ ညစာစားရင်းအိပ်ဖို့အကြောင်းဖန်ခဲ့သည်..။

" အကို မက်ဂျူထပ်ယူဦးမလား..."

စက်ဘီးကိုအကြောင်းပြုကာ အားနာနေပုံရတဲ့ကောင်လေးဟာ လိုလေသေးမရှိအောင် ညစာစားချိန်မှာဂရုစိုက်သည်...ကိုယ်တိုင်ချက်ပြုတ်ရင်း ယခုလဲအသားကင်နေရင်းမှ လှမ်းကာမေးလာပြန်သည်...

𝑬𝒗𝒆𝒓 𝑨 𝑵𝒆𝒗𝒆𝒓 𝑨𝒇𝒕𝒆𝒓 // 𝑯𝒆𝒆𝒋𝒂𝒌𝒆Where stories live. Discover now