Part - 4

1.1K 230 23
                                    

Unicode

ဆုပ်ကိုင်ထားတဲ့လက်တွေအားရုန်းထွက်လိုက်တဲ့ ဂျယ်ယွန်းလက်တွေဟာတုန်ရီနေသည်..။
ဒါကလဲ မျက်စိရှေ့မှထွက်သက်ဝင်သက်နွေးနွေးကြောင့်ပါဖြစ်ကောင်းဖြစ်နိုင်သည်..မျက်ဝန်းတွေကိုမှိတ်ချထားကာ အောက်နှုတ်ခမ်းကိုဖိကိုက်ထားရင်း ဒါနောက်ဆုံးတစ်ကြိမ်လို့တွေးကာ စိတ်ကိုလျော့ချလိုက်ပေမယ့် ဂျယ်ယွန်း မဝံ့မရဲဖြစ်နေဆဲပင်...။

ဒါကို ရိပ်မိပုံရတဲ့ရှေ့မှ ဟီဆွန်းဟာ သူ့လက်တွေကို ထပ်မံဆုပ်ကိုင်လာ၍ ပြန်လည်ရုန်းထွက်မိပြန်သည်...

" ငြိမ်ငြိမ်နေလေ ယွန်းရာ ခဏလေးပဲကို.."

" ကြောက်တယ်လို့.."

" ကိုယ့်ကို မယုံဘူးလား.."

" မယုံဘူး...ခင်ဗျားကြောင့် ...အခုထိအဲ့နားကနာသေးတယ် သွေးတောင်စို့နေတာကို.."

" ပြ ကိုယ့်ကို ပလာစတာကပ်ပေးမယ်.."

ဆံနွယ်တွေကိုဖယ်လိုက်တော့ ဖြူနုနုနဖူးပြင်ပေါ်တွင် သွေးအနည်းငယ်စို့နေသောဒဏ်ရာသေးသေးကိုမြင်လိုက်ရသည် ဆံပင်ညှပ်ပေးဖို့ပြောတော့လဲကိုယ်တိုင်ပင်...အငြိမ်မနေတာလဲကိုယ်တိုင်ပင်..
အငြိမ်တစက်မနေတဲ့ ဂျယ်ယွန်းက ကတ်ကြေးလာမှ ခေါင်းကိုလှုပ်လိုက်၍ ခပ်ချွန်ချွန်ကတ်ကြေးဖျားလေးက အရေပြားကိုအနည်းထိူးဖောက်ကာသွားရသည်....

ဒါကို ဆံပင်အညှပ်မခံတော့တဲ့ဂျယ်ယွန်းဟာ ရှေ့ဆံပင်တစ်ဝက်နဲ့သိပ်လိုက်တယ်များထင်မှတ်နေလားမသိပေ...

သို့ပေမယ့် ချစ်စရာတော့ကောင်းပါတယ်...ရှင်းဂျယ်ယွန်း ဘယ်လိုပုံစံလေးဖြစ်နေပါစေ အီဟီဆွန်းမျက်လုံးထဲတွင်ချစ်စရာအကောင်းဆုံးပင်...

ပလာစတာလေး ဒဏ်ရာပေါ်ကိုဖိကပ်ပေးလိူက်ရင်း ရှေ့ဆံပင်တွေကိုပြန်ချကာ ကတ်ကြေးကိုပြန်လည်ချိန်ရွယ်လိုက်သည်...

ဒီတခါတော့ မျက်လုံးတွေမှိတ်ချကာ ငြိမ်နိုင်သမျှငြိမ်ငြိမ်လေးနေတဲ့ ဂျယ်ယွန်းကြောင့် မြန်မြန်ဆန်ဆန်ပင် ညှပ်လို့ရခဲ့သည်...

အနားသတ်မညီတဲ့မျက်လုံးတွေကိုအုပ်ထားသော ရှေ့ဆံပင်တွေကိုဖယ်ရှားလိုက်ချိန်မှာ ဆံပင်အုပ်အုပ်လေးနဲ့ခေါင်းလုံးလေးလေးဟာ အသဲယားစရာအတိ...မျက်နှာလေးရှင်းရှင်းလင်းလင်းပေါ်လာကာ မျက်ဝန်းဝိုင်းဝိုင်းလေးက အခုမှ လွတ်လပ်စွာ တောက်ပလာသည်...

𝑬𝒗𝒆𝒓 𝑨 𝑵𝒆𝒗𝒆𝒓 𝑨𝒇𝒕𝒆𝒓 // 𝑯𝒆𝒆𝒋𝒂𝒌𝒆Where stories live. Discover now