သားရေ မင်းဝသုဏ်ရေ ထတော့ ထတော့ သား ကျောင်းသွားရဦးမယ်မဟုတ်လား
မိခင်ကြီး၏ နိုးသံက အိပ်ရာပေါ်တွင် လှဲလျောင်းအိပ်စက်နေသည့် မင်းဝသုဏ်၏ မျက်ဝန်းတစ်စုံကို နိုးကြားလာစေသည်။ မောပန်းခြင်းများကို ဖြေဖျောက်၍ တစ်နေ့တာလှုပ်ရှားမှုများကို ခဏတာ အပန်းဖြေရန်အလို့ငှာ အမှောင်ထု ကြီးစိုးသော ညအချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူပြီးနောက် မင်းဝသုဏ်သည် မိခင်ကြီး၏ ခေါ်နှိုးသံနှင့် အတူ အိပ်ရာမှ တက်ကြွစွာ နိုးထလာသည်။ ထို့နောက် ကျောင်းသွားရန် ရေမိုးချိုး၊ မနက်စာစားပြီးသကာလ
အမေ သားကျောင်းသွားပြီနော် ဒီနေ့လည်း နောက်ကျမယ် ဂိုက်ချိန်က နေ့တိုင်းဝင်နေရတာမို့လို့ပါ ဟု ဆိုကာ
မိခင်ကြီးအား ဦးသုံးကြိမ်ချ ကန်တော့လိုက်လေသည်။ပြီးနောက် မင်းဝသုဏ်၏
ခြေလှမ်းများသည် ကျောင်းတော်ကြီးတည်ရှိရာသို့ စတင် လျှောက်လှမ်းလေတော့သည်။ကျောင်းခန်းဝ၌ မင်းဝသုဏ်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသည်နှင့်တပြိုင်နက်
တီချယ် ဝင်ခွင့်ပြုပါ
အေး ဝင်လာခဲ့သား
Lecture ဆရာမ၏ ခွင့်ပြုချက်ကို တောင်းခံပြီးနောက် အခန်းထဲသို့ ငြိမ်သက်စွာ ဝင်လာခဲ့သည်။ ဤ မြင်ကွင်းကို အခန်းထောင့်၌ထိုင်နေသည့် ကောင်မလေးတစ်ယောက်က မမှိတ်မသုန် ကြည့်နေသည့် ကောင်မလေးကား မြတ်နိုးဝေ။
သူငယ်ချင်းများက မြတ်နိုးဟုသာခေါ်ကြသည်။
မိဘများမှာ လုပ်ငန်းရှင်များ ဖြစ်ကြ၍ ချမ်းသာသည့်အပြင် ရုပ်ရည်မှာလည်း ချောမောသဖြင့် ပုရိသတိုင်း၏ စိတ်ကို စွဲဆောင်နိုင်သည့် အမျိုးသမီးတစ်ယောက်ပင် ဖြစ်ချေသည်။ဟဲ့ မြတ်နိုးဝေ နင်ဘာတွေ ကြည့်နေတာတုန်း
အယ် ငါ ဟို ဟို ...
ဟိုဟာ ဒီဟာတွေ လုပ်မနေနဲ့ ငါအကုန်သိတယ်နော် နင် မင်းဝသုဏ်ကို ငေးနေတာမဟုတ်လား မှန်မှန်ပြော ဟင်းဟင်း
မ မဟုတ်ပါဘူး သန္တာရဲ့ ငါ့ဘာသာ အပြင်ကို ငေးနေတာပါဟ
လိမ်ရင်လည်းပိပိရိရိ လိမ်စမ်းပါဟာ ငါနင့်အကြောင်း ကောင်းကောင်းသိတယ်