ဟဲ့ ငါတို့ ပြန်တော့မယ်
ပြန်တော့မလို့လား နေပါဦးဟ နင်တို့ကလည်း
မဟုတ်ဘူးလေ ငါတို့လည်း အိမ်ပြန်ပြီး လုပ်စရာရှိတာတွေ ပြန်လုပ်မလို့
အေးအေး အဲဒါဆိုလည်း ပြီးရော ပြန် ပြန်
အင်း ဆရာတပည့် နှစ်ယောက် ကောင်းကောင်းလည်ကြ
အေးပါဟာ
မင်းဝသုဏ်အား နှုတ်ဆက်ပြီးနောက် သန္တာနှင့် မြတ်နိုးဝေတို့ ပြန်သွားကြသည်။
ကဲ ဘယ်သွားဦးမလဲ ကိုယ်တော်၊ သွားစရာမရှိတော့ရင် ပြန်ကြမယ်
ဟာ အကိုကလည်း နေပါဦး ဒီနေ့တစ်ရက်ပဲဟာ
အဲဒါဆို ပြော ဘယ်သွားမှာလဲ
Lotteria သွားပြီးရင်တော့ ပြန်မယ်လေ
အေးအေး ပြီးရော ၊သွားမယ်
ဟုတ်
At Lotteria,
နှစ်ယောက်သား ထောင့်ကျသောနေရာတွင် နေရာယူလိုက်ကြပြီးနောက်
အကို ဘာစားမလဲ ပြော
ကြက်ကြော်ပဲစားမယ်လေ
အင်း အဲဒါဆို ကျွန်တော် သွားမှာလိုက်ဦးမယ်
ခဏအကြာ၌ ကြက်ကြော်တစ်ပန်းကန်နှင့်အတူ ညီရှင်းခန့်ပြန်ရောက်လာသည်။
ဟော ဒီမှာ အကိုနဲ့ ကျွန်တော်စားဖို့
စားနေရင်းဖြင့်ပင် ညီရှင်းခန့်မှ
အကို ကျွန်တော် ပြောစရာရှိတယ်
ဟေ ဘာလဲကွ
ဟို ဟို ကျွန်တော့်ကို ကတိပေးပါ
ဟင် မင်းဟာက တစ်မျိုးကြီး ပြောတောင်မပြောရသေးဘူး ကတိတောင်းနေတယ်
လုပ်ပါ ကတိပေးပါ
ဘာကတိလဲပြော
ဒီစကားကို ကြားပြီးရင် ကျွန်တော့်ကို မမုန်းပါနဲ့လို့
အေးပါ ကတိပေးပါတယ်ကွ ပြောမှာသာပြော
ကျွန်တော်လေ အကို့ကို ချစ်မိနေလို့
ဟမ်
ညီရှင်းခန့်၏ စကားကြောင့် မင်းဝသုဏ်အလွန်အံ့ဩသွားသည်။