ကလင် ကလင် ကလင်
ဖုန်းသံမြည်လာ၍ မင်းဝသုဏ် အိပ်နေရာမှ နိုးလာသည်။ထို့နောက် ဖုန်းကောက်ကိုင်လိုက်ပြီး
ဟယ်လို အမိန့်ရှိပါခင်ဗျ
ဟယ်လို အကို ကျွန်တော် ညီရှင်းခန့်ပါဗျ
ဪ ပြောလေ ညီရှင်းခန့်
အကို့အသံကလည်း နားထောင်ချင်သလိုလို နားမထောင်ချင်သလိုလိုနဲ့ ဟင်း
မဟုတ်ပါဘူးကွ ငါအခုမှ အိပ်ရာထတာမို့လို့ကွ မင်းက အစောကြီးပဲနော်
ပုံမှန်ဆိုကျွန်တော်လည်း ထလေ့မရှိပါဘူး ဒီနေ့က ကျွန်တော့်မွေးနေ့လေ အဲဒါကြောင့်
ကဲပါ ဟုတ်ပါပြီ ဘာကိစ္စလဲ ပြော
ကျွန်တော့်မွေးနေ့ကို လာမှာမဟုတ်လား
အေးပေါ့ကွ လာမှာပေါ့ ဘာဖြစ်လို့လဲကွ
ဘာမှမဟုတ်ပါဘူး မလာမှာစိုးလို့
အမ် မင်းကလဲ အဲဒါလေးပြောဖို့ ဖုန်းလှမ်းဆက်စရာလိုလို့လားကွာ
မသိဘူး မသိဘူး ဆက်မှာပဲ အိမ်မှာ သူများတွေက ကျွန်တော်နဲ့ စကားပြောဖို့ အချိန်မရှိဘူးလေ အဲဒါကြောင့် အကို့ကို လှမ်းဆက်တာပေါ့ဗျ
အယ် မင်းစကားက တစ်မျိုးကြီးပဲကွ
မသိဘူးဗျာ အကို အိမ်ကိုသာလာခဲ့ ပြောစရာတွေ အများကြီးရှိတယ်
အေးပါကွာ လာခဲ့မယ် လာခဲ့မယ်
တကယ်နော် အကို မမေ့နဲ့နော် ဆက်ဆက်လာခဲ့ပါ
ငါအခုတောင် အိမ်ကထွက်လာတော့မှာ ရေမိုးချိုးပြီးရင်
အင်းပါ ဘာမှစားမလာနဲ့နော် အိမ်ရောက်ရင် အဝကျွေးမယ်
အေးပါကွ ဟားဟား
အင်းအဲဒါဆိုဒါပဲနော်၊ဖုန်းချလိုက်တော့မယ်
အိုကေ အိုကေ
ညီရှင်းခန့်နှင့် ဖုန်းပြောပြီးနောက် မင်းဝသုဏ် ပြင်ဆင်ပြီး ညီရှင်းခန့်အိမ်သို့ ထွက်လာလေသည်။
****************************ဟာ အကိုပါလား လာ,လာ
ဟာလူတွေစုံလို့ပါလားကွ