[Zawgyi]
"ကိုကို .. Nini အိပ်မပျော်ဘူး "
"အင်းး .. လာ "
ဂျုံအင်ပြောလိုက်တာနဲ့ အိပ်ပျော်နေတဲ့ ကိုကိုက ဂျုံအင်ကိုရင်ခွင်ထဲထည့်ဖက်လာသည်။တကယ်တော့ကိုကိုအဆင်ပြေမှာမဟုတ်ဘူး။ကိုကို့ခန္ဓာကိုယ်အောက်ပိုင်းကလှုပ်မှမလှုပ်ရှားနိုင်တာ။ဂျုံအင်သက်ပြင်းတိုးတိုးသာချလိုက်မိသည်။ကိုကို ဒီနှစ်တွေအတွင်းဘယ်လိုနေခဲ့တာလဲ။
"စိတ်မကောင်းမဖြစ်နဲ့ Nini .. ကိုကို ပြန်ကောင်းအောင်လုပ်မယ်လို့ ကတိပေးပြီးသားကို အိပ်တော့ .. ကိုကိုအိပ်ချင်ပြီ "
ကိုကိုဟာလေ အမြဲတမ်းဂျုံအင်ကိုနားလည်နေတော့တာဘဲ။ဂျုံအင်လည်း ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ အိပ်ပျော်အောင်အိပ်လိုက်တော့သည်။
•~•
"ခြေထောက်တွေကပြန်ကောင်းဖို့တော့သိပ်ပြီးမျှော်လင့်ထားလို့မရဘူး .. ဒါပေမယ့် ကြိုးစားလို့တော့ရပါတယ် .. ကျွန်တော်တို့ဆေးရုံမှာ လေ့ကျင့်ဖို့စက်တွေ ဆရာတွေထားပေးထားပါတယ် .. တစ်ပတ်မှာ၅ရက်လောက်လေ့ကျင့်ပေးရင်တော့ အခြေအနေတိုးတက်လာမယ်လို့ထင်ပါတယ် "
"ဟုတ်ကဲ့ .. Dr. ဘယ်နေ့ကစပြီး လေ့ကျင့်ရမလဲခင်ဗျ "
"မနက်ဖြန်ဆိုရင်တော့အကောင်းဆုံးပေါ့ဗျာ "
ကိုကို့ခြေထောက်ကိုကြည့်ပေးတဲ့ဆရာဝန်ကိုနှုတ်ဆက်လိုက်ပြီးကောင်တာမှာကျသင့်ငွေထုတ်ရှင်းလိုက်သည်။ဒီနေ့ကိုကို့ကိုဆေးရုံလိုက်ပြပေးတာမို့ ဂျုံအင်ကျောင်းမသွား။တကယ်တော့ ဂျုံအင်ကိုကို့ကို အချိန်ပေးချင်မိလို့ပါ။
ကိုကို့ကို ဦးလေးကြီးအကူအညီနဲ့ကားပေါ်တင်လိုက်ပြီး ဂျုံအင်ပါတူတူဝင်ထိုင်လိုက်သည်။
"အာ့ .. ကိုကို "
ကိုကိုအဆင်မပြေမှာဆိုးလို့ ဂျုံအင်တစ်ဖက်တံခါးနားမှာကပ်ပြီးထိုင်နေမိတာ။ကိုကိုက ဂျုံအင်လက်ကိုဆွဲပြီးသူ့ဘေးနားထိုင်စေသည်။ပြီးမှဂျုံအင်ခေါင်းလေးကို ကိုကို့ရင်ဘတ်နားမှာ မှီစေသည်။
"ကိုကိုကလည်း .. ဦးလေးကြီးရှိနေတာကို "
ဂျုံအင်ကိုကို့ကိုမော့ကြည့်ပြီးရန်တွေ့လိုက်တော့ ကိုကိုက ဂျုံအင်နှုတ်ခမ်းကိုဖွဖွနမ်းလာသည်။ဂျုံအင်တို့ပြန်ပြီးအဆင်ပြေတဲ့ ၁ပတ်အတွင်းပထမဆုံးအနမ်းဘဲ။

ŞİMDİ OKUDUĞUN
The Day We Meet Again
Hayran Kurgu[Zawgyi] အဆင်ပြေသွားလိမ့်မယ်လို့ထင်ထားပေမယ့် အဆင်မပြေဘူး အဆင်မပြေဘူးလို့ယုံကြည်ခဲ့ပေမယ့် လက်တွေ့မှာအဆင်ပြေနေခဲ့ပါသည်။ × The Day We Meet Again × "ငါတို့တွဲကြမလား ဂျုံအင် ? " "အိုဆယ်ဟွန်း ခင်ဗျားကကျွန်တော့်အချစ်တွေနဲ့လုံးဝမတန်တဲ့သူဘဲ .. ဒီမ...