[Zawgyi]
"Nini .. သူကဘယ်သူလဲ "
ဆယ်ဟွန်း ဂျုံအင်တို့အိမ်ဧည့်ခန်းထဲက TV စင်ဘေးမှာထောင်ထားတဲ့ ဓာတ်ပုံလေးကိုယူကြည့်ပြီးမေးလိုက်သည်။ပွဲတော်တွေရှိနေတာမို့ ရုံးပိတ်ရက်ရှည်ရတာကြောင့် ဆယ်ဟွန်း ဂျုံအင်ကိုခေါ်ပြီးဂင်အိမ်ကိုလိုက်ကြည့်မိသည်။
"အဲ့တာ Nini ရဲ့ အကိုရင်း .. Nini ဟိုနေ့ညကပြောသေးတယ်လေ "
"အော် .. အင်း .. ဟုတ်လား .. တခြားပုံတွေရော ရှိသေးလား Nini "
"အင်းရှိတယ် .. Nini ရဲ့အစ်ကို မွေးစကနေ၃နှစ်ထိရိုက်ထားတဲ့ပုံတွေရှိတယ် .. Nini ပြမယ် .. ခဏနော်"
ဂျုံအင် ဧည့်ခန်းထဲကထွက်သွားတော့မှ ဆယ်ဟွန်း ဓာတ်ပုံလေးကိုနေရာတကျပြန်ထားရင်း ဆိုဖာပေါ်ထိုင်ချလိုက်သည်။ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ။ဓာတ်ပုံထဲက ကလေးလေးက မျက်လုံးမပေါ်တော့တဲ့ထိ ရယ်မောနေသည်။ဂေဟာမှာတွေ့ခဲ့တဲ့ပုံထဲကမျက်နှာထားနဲ့ဆန့်ကျင့်ဘက်ပေါ့။
*"နွေရာသီမှာကွယ် .. သစ်သီးလေးတွေဖူးပွင့်ကြပါတယ် "
"ဘိုးဘွားတွေရှိတဲ့ ဘူဆန်နယ်ကိုကွယ် .. ငါတို့တွေသွားကြမယ် "
"နေရောင်ခြည်ဖြာထွက်တဲ့ .. ကောင်းကင်ပြာမှာ "
"ငါတို့တွေပျော်ပွဲစားထွက်ကြမယ် "*
*"သားသား .. ခေါ်လိုက်လေ .. မမလို့ "
"မခေါ်ချင်ဘူး "
"သားကလည်း လိမ္မာပါတယ် မမအွန်ဗြောလို့ခေါ်ရမယ်နော် .. သူကတော့ ညီမလေးပေါ့ .. အွန်ဘီတဲ့ .. သားသားနဲ့ရွယ်တူ "*
ဆယ်ဟွန်းထိုးကိုက်လာသောခေါင်းကိုလက်နဲ့ဖိလိုက်မိသည်။မိဘအရင်းကိုပြန်တွေ့ချင်ပေမယ့်ဘာလို့ခုချိန်မှ၊နောက်ပြီးဘာလို့ ဂျုံအင်ရဲ့မိဘတွေဖြစ်နေရတာလဲ။ဆယ်ဟွန်းကအခုကိုယ့်ညီလေးကိုပြန်လက်ထပ်ထားတာပေါ့။အဲ့တာကြောင့်မို့ ဂျုံအင်ကိုစတွေ့ကတည်းက ညီလေးလိုစောင့်ရှောက်ပေးချင်တဲ့စိတ်တွေဝင်လာတာ။
"ကိုကို "
ပုံးအကြီးကြီးကိုသယ်ပြီး ဆယ်ဟွန်း ဘေးနားလာကပ်တဲ့ဂျုံအင်ကနှုတ်ခမ်းမှာလည်းအပြုံးလေးချိတ်ဆွဲလို့။ဒီကောင်လေးနဲ့ကိုယ်ကတစ်ဝမ်းတည်းကထွက်တဲ့သူတွေတဲ့ .. ။
YOU ARE READING
The Day We Meet Again
Fanfiction[Zawgyi] အဆင်ပြေသွားလိမ့်မယ်လို့ထင်ထားပေမယ့် အဆင်မပြေဘူး အဆင်မပြေဘူးလို့ယုံကြည်ခဲ့ပေမယ့် လက်တွေ့မှာအဆင်ပြေနေခဲ့ပါသည်။ × The Day We Meet Again × "ငါတို့တွဲကြမလား ဂျုံအင် ? " "အိုဆယ်ဟွန်း ခင်ဗျားကကျွန်တော့်အချစ်တွေနဲ့လုံးဝမတန်တဲ့သူဘဲ .. ဒီမ...