Chapter 13 ( Zawgyi+Unicode)
ကျိုးယွင်ရှန့်ရဲ့ ချောမောလှပတဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အပြုံးချိတ်ဆွဲထားပြီး သူ့ရဲ့သွယ်လျတဲ့လက်တွေက ဇီရွှမ်ရဲ့ပုခုံးတလျှောက် တရွေ့ရွေ့ အထက်ကိုပွတ်သပ်သွားတယ်။သူ့ညာလက်က လည်ပင်းနားကိုရောက်သွားပြီး ရုတ်တရက် သူ့ခေါင်းကို ရှေ့ကိုဆွဲယူပြီးဇီရွှမ်ရဲ့သွေ့ခြောက်နေတဲ့ နှုတ်ခမ်းတစ်စုံကို နမ်းလိုက်တယ်။
ဇီရွှမ်က ခေါင်းပေါ်မိုးကြိုးပစ်ချခံလိုက်ရသလို ထိတ်လန့်သွားပြီးသူဘာမှ မကာကွယ်နိုင်ခင်မှာပဲ တစ်ဖက်လူရဲ့ နူးညံ့စိုစွတ်တဲ့လျှာက သူ့နှုတ်ခမ်းကိုပွင့်ဟလာစေတယ်။ တစ်ဖက်လူရဲ့လျှာက သူ့အာခံတွင်းထဲ ကျူးကျော်လာပြီး ဖြည်းဖြည်းချင်းသူ့လျှာကိုရစ်ပတ်ယူပြီး ခံတွင်းအနှံ့ ထိတွေ့နေလိုက်တယ်။ ဒီအချိန်မှာဇီရွှမ်ရဲ့မျက်လုံးထဲမှာရော၊ ခေါင်းထဲမှာပါ အလင်းရောင်တွေပြိုးပြိုးပြက်ပြက်လက်သွားသလို ခံစားလိုက်ရတယ်။
ဇီရွှမ်က ဒီအနမ်းကို ငြင်းဆန်ချင်ပေမယ့် သူ့လျှာက သူ့ကိုသစ္စာဖောက်ပြီးတစ်ဖက်လူကို အလိုလျောက် တုံ့ပြန်လိုက်မိတော့တယ်။ ဒီလို လျှာချင်းရစ်ပတ်ကစားတာကိုသူ့ဘ၀မှာ တစ်ခါမှမလုပ်ဖူးပေမယ့် ထူးထူးဆန်းဆန်း ဒီလိုအရာက သူနဲ့အကျွမ်းတ၀င်ဖြစ်ပြီး ပြန်တုံ့ပြန်ဖို့ သူ့အတွက် ဘာမှမခက်သလို ခံစားလိုက်ရတယ်။အခုတော့ သူ့ခေါင်းထဲမှာ သူ့စိတ်ကိုငြိမ်သက်အောင်လုပ်ဖို့ ဗုဒ္ဓကျမ်းစာကိုလည်းသတိမရတော့ဘူး၊ ရှောင်လင်ကျောင်းတော်နဲ့ သူ့ဆရာကိုလည်း သတိမရတော့ဘူး။ သူသိတာတစ်ခုက ဒီကောင်လေးကိုမနမ်းဘဲမနေနိုင်တာတစ်ခုပဲသိပြီး သည်းသည်းမည်းမည်းကို နမ်းနေမိတော့တယ်။
ကျိုးယွင်ရှန့်က ဇီရွှမ် တုံ့ပြန်နမ်းလာတာကို သဘောကျ ကျေနပ်သွားတယ်။သူ့ချစ်သူရဲ့မှတ်ဥာဏ်က သူ့ကိုမေ့လျော့နေပေမယ့် ခန္ဓာကိုယ်က မှတ်မိနေပုံရတယ်။ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့လည်ကုတ်ကို ဖိနှိပ်ပြီး ပိုပြီးနက်နက်ရှိုင်းရှိုင်းနမ်းလိုက်တယ်။ ကြာပြီ... သူ့ချစ်သူရဲ့ဒီအနမ်းကို သူလွမ်းနေတာ ကြာခဲ့ပြီ။ ကျိုးယွင်ရှန့်ကဘယ်လောက်နမ်းနမ်း နမ်းလို့မ၀နိုင်အောင် ခံစားလိုက်ရတယ်။ ဖြစ်နိုင်ရင် သူ့ချစ်သူကိုနမ်းပြီးတစ်ကိုယ်လုံးကို အစိမ်းလိုက် မြိုချထားချင်တော့တာပဲ။
ကျိုးယွင်ရှန့်က နမ်းပြီးရင်း နမ်းနေတယ်။ နောက်ဆုံး သူကဇီရွှမ်ရဲ့နှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီး ဇီရွှမ်ရဲ့နားရွက်ဖျား၊ လည်ပင်းနဲ့ညှပ်ရိုးတွေကို ခပ်ဖွဖွကိုက်လိုက်၊ နမ်းလိုက်၊ လျှာလေးနဲ့လျက်လိုက် လုပ်နေတော့တယ်။ကျိုးယွင်ရှန့်ရဲ့လက်က သူ့ချစ်သူရဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ၀မ်းဗိုက်ကြွက်သားတွေကိုပွတ်သပ်ပြီး နောက်ဆုံး ကြီးမားပြီးထကြွနေတဲ့ ဧရာမသတ္တ၀ါကြီးတ၀ိုက်မှာ ဖြည်းဖြည်းချင်းပွတ်သပ်ကစားရင်း ရယ်မောလိုက်တယ်။
"ဘုန်းကြီးက တပ်မက်မှုနောက်ကို မလိုက်ရဘူးဆိုတဲ့ စည်းမျဉ်းကိုချိုးဖောက်မိပြီ.. တကယ်လို့ ဘုန်းကြီးအနေနဲ့ ဆက်လုပ်မယ်ဆိုရင်ငရဲကျသွားလိမ့်မယ်.."
ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့စကားကြောင့် သတိဝင်လာပြီးသူ့မျက်ဝန်းထဲမှာ ဒီဆန္ဒကို တွန်းလှန်ချင်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
ကျိုးယွင်ရှန့်က ဇီရွှမ့်ကို ဆက်ပြီးစဖို့ စဉ်းစားထားလို့သူ့ရဲ့တောင့်တင်းနေတဲ့ပစ္စည်းကို ထုတ်ယူလိုက်ပြီး အတူပွတ်တိုက် ထိတွေ့လိုက်တယ်။ဘာကြောင့်လဲဆိုတော့ သူ အရမ်းလိုလားတောင့်တနေတဲ့ သူ့ချစ်သူက ဒီကမ္ဘာမှာဘာစိတ်ဆန္ဒမှမရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်နေတဲ့အတွက် သူ ပိုလို့ လိုချင်လာမိတယ်။ဒါကြောင့် ဘုန်းကြီးကို သူ လှည့်ပတ်ပြီး တွန်းအားပေးတော့တယ်။ သူ့ချစ်သူက သူ့ကိုမြင်ရင်အမြဲတမ်း ပြောစရာမလိုအောင် ချစ်နေခဲ့တာကနေ အခုလိုဘ၀မှာမြင်ရတာ သူ့ကို ဘယ်လိုမှဆက်ပြီးသည်းမခံနိုင်အောင် ခံစားရစေတယ်။
ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့နားနားကိုကပ်ပြီး တီးတိုးပြောလိုက်တယ်။
"ဘုန်းကြီး.. ကျွန်တော်တို့ ဘာတွေလုပ်နေတယ်ဆိုတာ သိရဲ့လား..ကောင်းရဲ့လား.. ဒီလိုလုပ်ရတာ အရမ်းကို သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်မလား..နောက်ထပ် လိုချင်သေးလား.."
သူ ဘာလုပ်နေတယ်ဆိုတာ ဇီရွှမ် မသိဘဲနေမလား။ ဇီရွှမ်က ကျိုးယွင်ရှန့်ကိုစကားပြောချင်ပေမယ့် ကျိုးယွင်ရှန့်က သူ့ကို ဗုဒ္ဓရဲ့သားတော်တွေ လိုက်နာရမယ့်တပ်မက်မှုကင်းရမယ်ဆိုတဲ့ စည်းကမ်းကို ဖောက်ဖျက်စေပြီး သူ့ကိုဘုန်းကြီးတစ်ပါးအဖြစ်ကနေ ပျက်စီးစေခဲ့ပြီ။ ကျိုးယွင်ရှန့်က သူ့ကို တစ်စစီလုပ်ပြီးငရဲပြည်မှာ ထာဝရကျခံရအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်။
ဒါပေမယ့် ထူးထူးဆန်းဆန်း ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့အထိအတွေ့မှာယဉ်ပါးလာခဲ့တယ်။ သူ ရုတ်တရက်တွေးလိုက်မိတာက တကယ်လို့ ဒီလူငယ်လေးသာငရဲပြည်မှာရှိခဲ့မယ်ဆိုရင် နေ့တိုင်းနေ့တိုင်း သူ့ခန္ဓာကိုယ်ကို အခုလိုပွတ်သပ်ကိုင်တွယ်နေခဲ့မယ်ဆိုရင် ငရဲပြည်က သူ့ကို ကောင်းကင်ဘုံထက်ပိုပျော်ရွှင်စေမှာပဲ။
ဇီရွှမ်က သူ့ရဲ့စောင့်ထိန်းမှုအားလုံးကို လွှင့်ပစ်ပြီးဒီကောင်လေးရဲ့လှုပ်ရှားမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲ တစ်ဖက်လူက နောက်ဆုတ်သွားတော့တယ်။ ကျိုးယွင်ရှန့်ကလက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူပြီး သူ့ရဲ့လှံတံ(ကိုယ်ပိုင်ပစ္စည်း)ကို သန့်ရှင်းအောင်သုတ်သင်ပြီး ဘောင်းဘီထဲပြန်ထည့်ကာ လှည့်ထွက်သွားတော့တယ်။
ဇီရွှမ်ရဲ့လှံတံကတော့ တည့်မတ်အောင် ထောင်မတ်နေတာမှ ခါးထိအောင်တောင်ရောက်နေပြီ။
"မင်း.. ဒီလိုမျိုး ထွက်သွားလို့ရမလား.."
ဇီရွှမ်က လှမ်းပြောလိုက်တယ်။ သူ့အသံက နာကျင်မှုကြောင့်ခပ်ကြမ်းကြမ်းဖြစ်နေတယ်။
"ဒါကိုလက်တွေ့လုပ်ဖို့ဆိုတာ ခင်ဗျားအတွက် မလွယ်ဘူး ဘုန်းကြီး..ဒါကြောင့် ခင်ဗျားကို သွားခွင့်ပေးလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာ.."
ကျိုးယွင်ရှန့်က နောက်ကိုလှည့်မကြည့်ဘဲ လက်ကိုခါယမ်းပြီးလှမ်းပြောလိုက်တယ်။ အခုတစ်ခေါက် သူက ဇီရွှမ့်ကို သွားခွင့်ပြုလိုက်ပေမယ့်နောက်တစ်ခါ သူ့ကို ဘယ်လိုမထိတထိ ကစားရမလဲဆိုတာ စိတ်ထဲ အကြံအစည်ရှိပြီးသားဖြစ်တယ်။
ဇီရွှမ်က သူ့ကို လိုလားတောင့်တနေပြီး စိတ်ဆန္ဒနွံထဲ နစ်မြုပ်နေတာကိုကျိုးယွင်ရှန့် သဘောကျတယ်။ ဇီရွှမ့်အနေနဲ့ ဒီစိတ်ဆန္ဒကို သတိနဲ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာသူ တကယ်သိချင်နေတယ်။ သူ့ချစ်သူက သူ့ရဲ့အထိအတွေ့ကို ဘယ်လောက်ထိလိုချင်နေသလဲဆိုတာကို ကြည့်ရတာ ကျိုးယွင်ရှန့်ကို အတိုင်းမသိ ပျော်ရွှင်စေတယ်။
ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့စကားကိုကြားတော့ စိတ်သက်သာရာရသွားတယ်။ဒါပေမယ့် သူ့ကိုယ်ထဲက ယန်(အဖို)စွမ်းအားတွေက သူ့ကိုယ်ထဲမှာ ထကြွနေပြီး သူ့ကိုမသက်မသာနဲ့ နာကျင်လာစေတယ်။ စွမ်းအားပြည့်ဝတဲ့ ချီစွမ်းအင်တွေက သူ့ရဲ့မရီဒန်ထဲကနေလွတ်ထွက်သွားခဲ့တယ်။ ချီတွေက သူ့ခန္ဓာကိုယ်က အကြောဆုံကို တိုက်ရိုက်တိုးဝင်သွားပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံး အကြောတွေ ပွင့်သွားစေတော့တယ်။
ကျိုးယွင်ရှန့်က သူ့အ၀တ်ကို နေသားတကျ ပြန်ပြင်လို့မပြီးခင်မှာဇီရွှမ်က အနောက်ကနေ သူရှိရာကို ပျံသန်းလာပြီး သန်မာတဲ့လက်အစုံနဲ့ သူ့ကိုနောက်ကျောဘက်ကနေ သိုင်းဖက်လိုက်တယ်။ ကျိုးယွင်ရှန့်က သူ့လက်တွေကို အနောက်ကနေ သိုင်းချုပ်လိုက်တာကိုသိရတော့ချက်ချင်း နောက်ကိုဖိကပ်လိုက်ပြီး လှောင်ပြောင်လိုက်တယ်။
ဇီရွှမ်က မကောင်းဆိုးဝါးရဲ့ထိန်းချုပ်မှုကို ခံလိုက်ရသလိုမျက်လုံးတွေက သွေးလိုနီရဲလာတယ်။ ဇီရွှမ်ရဲ့စိတ်ထဲမှာ စကားစုတချို့ကိုသာ ထပ်တလဲလဲအော်ဟစ်နေတယ်။
ငါ့ကို သွားခွင့်မပေးပါနဲ့...။ မင်းနဲ့အတူ ငရဲကို သွားပါရစေ...။
ကျိုးယွင်ရှန့်က သမာဓိကြီးမားတဲ့ ဇီရွှမ်ကို ကသိကအောင့်ဖြစ်အောင်စနောက်ဖို့ပဲရည်ရွယ်ပြီး ခရီးဆုံးထိသွားဖို့ ရည်ရွယ်ချက်မရှိဘူး။ အခု သူတို့က တောကြီးထဲမှာရောက်နေပြီးအနောက်က လူသတ်သမားအုပ်လိုက်ကြီးက လိုက်နေတယ်။ အချိန်မရွေး လူသတ်သမားတွေရောက်လာပြီးသူ့ကို သတ်ဖြတ်နိုင်တဲ့အချိန်မှာ ဇီရွှမ်နဲ့ ခရီးဆုံးထိသွားပြီးချစ်တင်းနှောမနေနိုင်ဘူး။ သူ့ချစ်သူကို ဘယ်လောက်ပဲ လိုချင်နေပါစေ၊သူနဲ့သူ့ချစ်သူရဲ့အသက်ကို ရင်းဖို့ထိ သူ အလျင်မလိုဘူး။ သူတို့မှာ အချိန်တွေအများကြီးရှိနေသေးတာပဲ။ ခရီးဆုံးက ဘယ်အချိန်သွားသွား ရတယ်။ သူ့ချစ်သူရဲ့ဘယ်နေရာကိုထိလိုက်ရင် သူလိုချင်တာ တန်းရမယ်ဆိုတာ သိနေတာပဲ။
ဒါပေမယ့် ဇီရွှမ်က သူ့ကိုယ်ထဲမှာပိတ်ဆို့နေတဲ့ ပင်မသွေးကြောတွေရဲ့ဆုံချက်ကို ထိုးဖောက်သွားနိုင်မယ်လို့ ကျိုးယွင်ရှန့် ဘယ်လိုမှမထင်ထားခဲ့ဘူး။ အခု ဇီရွှမ်ကဘာစည်းကမ်းကိုမှ မတွေးနိုင်တော့ဘဲ သူလိုချင်တာ ရအောင်ယူတော့မယ့် သားရဲကောင်ကြီးလိုရိုင်းစိုင်းကြမ်းတမ်းလို့နေတယ်။ ကျိုးယွင်ရှန့်ရဲ့ခေါင်းကို ဖိချုပ်ပြီး သူ့ကိုနည်းနည်းမှလှုပ်မရအောင် ချုပ်ထားတော့တယ်။
ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့ဆန္ဒကို ဘယ်တုန်းကမှ တွန်းလှန်ငြင်းဆန်ခဲ့ဖူးတာမရှိဘူး။ ဒါကြောင့် အခု သူက ဇီရွှမ်ကြောင့် သွေးအိုင်ထဲကို လဲကျသွားပြီးပတ်ပတ်လည်ကို သွေးတွေစင်သွားခဲ့တယ်။ သူ့ပါးပြင်ကိုတောင် သွေးစက်တချို့စင်သွားပြီးရဲရဲနီသွားတော့တယ်။
ဇီရွှမ် သွေးနံ့ကိုရလိုက်တယ်။ ပြီးတော့ မကောင်းဆိုးဝါးဆန်ဆန်လှပနေတဲ့ သူချစ်တဲ့လူငယ်လေးရဲ့ မျက်နှာပေါ် သွေးတွေစင်သွားတာတွေ့လိုက်ပြီးချက်ချင်း သူ့စိတ်ထဲမှာ သွေးနံ့ကမွှေးပျံ့တယ်လို့ ထင်လာတယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ပုခုံးနှစ်ဖက်ကိုဖိချုပ်ထားပြီး ကျိုးယွင်ရှန့်တစ်ကိုယ်လုံးကို တရှုံ့ရှုံ့နဲ့အနံ့ခံပြီးနမ်းရှိုက်နေတော့တယ်။
ဇီရွှမ်ရဲ့မျက်သားတွေက ရဲရဲနီနေပြီး သူငယ်အိမ်နက်နက်ကတောက်ပလို့နေတယ်။ ပြင်းထန်တဲ့အသက်ရှူသံနဲ့ ပြင်းပြတဲ့အမူအယာအရ ဇီရွှမ်က လုံးလုံးကိုရူးသွပ်သွားသလိုပဲ။
"မင်းရဲ့အနံ့က သိပ်မွှေးတယ်.."
ဇီရွှမ်က ထူးဆန်းတဲ့အပြုံးနဲ့ ပြောလိုက်တယ်။
"မင်း ငါ့ကို ဒီအတိုင်း ထားသွားလို့ရမလား.. မင်းပဲ ငါ့ကိုငရဲပြည်အထိ ပို့ပေးချင်တယ်ဆို.."
ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့အမူအယာကိုတွေ့တော့သူ့သွေးကြောကိုထောက်ပြီး စမ်းကြည့်လိုက်တာနဲ့ သူ့ကိုယ်ထဲမှာ ကျန်းချီတွေကမောက်ကမဖြစ်နေတာကို သိလိုက်တယ်။
"ဇီရွှမ်.. ခင်ဗျားရဲ့ကျန်းချီတွေက ထိန်းချုပ်လို့မရတော့ဘူး..ခင်ဗျား ငြိမ်ငြိမ်လေးနားလိုက်ဖို့ လိုနေပြီ.. မဟုတ်ရင် ကျန်းချီတွေပေါက်ကွဲပြီး ခင်ဗျားသေသွားလိမ့်မယ်.."
ဇီရွှမ်က သူပြောတာကိုဂရုမစိုက်ဘဲ လှောင်ရယ်နေတာကိုတွေ့လို့ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့လက်ထဲက ရုန်းထွက်ပြီး သူ့ရဲ့အတွင်းအားဆုံချက်နေရာကိုဖိနှိပ်ပေးဖို့ လက်လှမ်းလိုက်တယ်။
ဇီရွှမ်က အတွင်းဒဏ်ရာရနေပေမယ့် ဒီကျန်းချီတွေနဲ့သူ့သိုင်းပညာက ယုတ်လျော့သွားတာမဟုတ်ဘူး။ဒါ့အပြင် သူ့အတွင်းအားတွေက ၂၀% ဒါမှမဟုတ် ၃၀% တောင် တိုးလာသေးတယ်။ ဇီရွှမ်ကကျိုးယွင်ရှန့်ရဲ့အတွင်းအားနဲ့ အကြောပိတ်တာကို ရှောင်နိုင်ရုံတင်မကဘူး၊ကျိုးယွင်ရှန့်ကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တယ်။
"ဇီရွှမ်.. ခင်ဗျား.. မီးနဲ့ဆက်မကစားနဲ့တော့.. ခင်ဗျားအသက်အန္တရာယ်ရှိနေပြီ.."
ကျိုးယွင်ရှန့်က အမြန်အော်ပြီး တားလိုက်တယ်။ ဒါပေမယ့် ဇီရွှမ် တစ်ချက်လှောင်ရယ်ရယ်လိုက်တာကိုတွေ့လိုက်ရလို့ သူလုပ်ခဲ့တာအတွက် ကျိုးယွင်ရှန့် နောင်တရသွားတယ်။ သူ ဇီရွှမ့်ကိုပေါက်ကွဲလာအောင် မစနောက်သင့်ဘူး။ အခု သူ့ကိုယ်ကနေ ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးဆန်တဲ့ အရှိန်အ၀ါတွေ ဖိနှိပ်နေပြီ။
ဇီရွှမ်က ၀တ်စုံနဲ့ဘောင်းဘီ ၀တ်ထားတာမဟုတ်လို့သူ့ရဲ့ကြီးမားတဲ့မိစ္ဆာကြီးက ထွက်လာပြီး ကျိုးယွင်ရှန့်ဆီကို တိုးဝင်လာတယ်။သူ့မိစ္ဆာလှံတံကြီးရဲ့ထိပ်က အရည်တချို့ စိုစွတ်နေပြီး သူ့ကိုယ်ထဲကိုမ၀င်ဘဲနှစ်ကြိမ် သုံးကြိမ်လောက် ချော်ထွက်သွားတယ်။
ဇီရွှမ်က သူ့အတွင်းစိတ်ထဲမှာ စွဲမြဲနေတဲ့ ပြည့်တန်ဆာဂေဟာကယောက်ျားနှစ်ယောက် ကိုယ်လက်နှီးနှောတာကို ပြန်တွေးကြည့်လိုက်တယ်။ ဒါကြောင့် သူကကျိုးယွင်ရှန့်ရဲ့အ၀တ်အားလုံးကို ချွတ်ပစ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့်ချွတ်မရဘဲ ခဏကြာသွားတော့ ဇီရွှမ်က သူ့အတွင်းအားနဲ့ ကျိုးယွင်ရှန့်ရဲ့အ၀တ်တွေကိုတစ်စစီဖြစ်အောင် လုပ်လိုက်တယ်။
"ဇီရွှမ်.. ကျွန်တော့်စကားကို နားထောင်ပါ.. ခင်ဗျား အခုချက်ချင်းရပ်ပစ်ဖို့လို..."
ကျိုးယွင်ရှန့် စကားပြောလို့မဆုံးခင် ဇီရွှမ်က သူ့ရဲ့စကားပြောလို့ရတဲ့အကြောကို ဖိလိုက်လို့ အသံတိတ်သွားတယ်။
"မင်းက သိပ်ဆူတာပဲ.. ငါ့ကို ငရဲပြည်ကိုရောက်အောင် ပို့ပေးမယ်လို့ ပြောခဲ့တာမင်းပဲ..ငါ့ကို သွားခွင့်ပြုလိုက်မယ်လို့ ပြောတာလည်း မင်းပဲ.. ဒီမြေကြီးပေါ်မှာ မင်းဘာလုပ်နေသေးတာလဲ.. ဒါပေမယ့် မင်းပြောတာမှန်တယ်.. ငါတို့ ပြန်လှည့်လို့မရတော့ဘူး.."
YOU ARE READING
နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)
RomanceThe Monk and Master of Demonic mm translation Eng translation link https://chrysanthemumgarden.com/novel-tl/fod2/