Chapter- 8 ( Zawgyi+Uni)
ZiXuan သည်မှောင်မိုက်သောလမ်းကြားထဲတွင် ရပ်နေပြီးသူနှင့် မျက်နှာချင်းဆိုင်း အရပ်ရှိ ပြည့်တန်ဆာ ဂေဟာကို မမှိတ်မတုန် စိုက်ကြည့်နေသည်။ပြည့်တန်ဆာမ နှစ်ဦးက အရက်မှုးနေသည့် လူကြီးလူကောင်း တစ်ယောက်ကို တွဲကာ တံခါးကိုဖြတ်ပြီးအထဲကို ခေါ်ဆောင်လာကြသည်။ ပြည့်တန်ဆာမ တစ်ဦး၏ လက်က အမျိုးသား၏ င်္အကျီထဲ လက်နှိုက်ပြီးတောင့်တင်းခိုင်မာသည့် ရင်အုပ်ကြွက်သားများကို ပွတ်သပ်ကိုင်တွယ်နေသကဲ့သို့ အခြားတစ်ယောက်သည်လည်းအမျိုးသား၏ နားရွက်နားတွင် တီးတိုးပြောကာ မြူဆွယ်နေသည်။
အမျိုးသားကပြည့်တန်ဆာမ၏ အကိုင်အတွယ် အပွတ်သပ်ကြောင့် စိတ်ကြွလာပုံရသည်။ ထိုသူက ပြည့်တန်ဆာမကိုလက်မောင်းကြားပွေ့ဖက်ပြီး သူမ လိုချင်သည့်အတိုင်း ကြွက်သားများဖြင့် ခပ်တင်းတင်း ညစ်လိုက်သည်။ပြီးတော့သူ့ရဲ့ကြီးမားတဲ့ လက်ဖ၀ါးကြီးနှင့် သူမ၏ ဖြူဖွေးပြီး ချောကျိကျိ နူးညံ့သည့်အသားများကို အဆက်မပြတ် ခပ်ကြမ်းကြမ်း ကိုင်တွယ် ပွတ်သပ်နေတော့သည်။ ထိုသူ၏ အပြုမှုကိုတွေ့သည့်အခြားယောကျာ်းသားများက အားပါးတရရယ်မောကာ အားပေးကြသည်။ တချို့က လက်ခေါက်မှုတ်လိုက်သဖြင့်ထိုသူက သူလုပ်နေသည့် အလုပ်ကို ပိုပြီး တက်တက်ကြွကြွ ဆက်လုပ်နေတော့သည်။
ထိုညစ်ညမ်းသည့်မြင်ကွင်းများက ဇီရွှမ်၏ မျက်ဝန်းထဲ တန်းခနဲဝင်ရောက်လာတဲ့အတွက် သူက လက်ဝါးနှစ်ဖက်ကိုချက်ချင်း လက်အုပ်ချီအနေထားဖြင့် ပြုလုပ်လိုက်ပြီး သူ့ရဲ့ မကောင်းတဲ့မြင်ကွင်းကို ကြည့်မိတဲ့အပြစ်ကို ခွင့်လွှတ်ပေးဖို့ ဗုဒ္ဓ ကို တောင်းပန်စကားပြောလိုက်တယ်။ ပြီးနောက် ဇီရွှမ်က တုန့်ဆိုင်းခြင်း မရှိ ခေါင်မိုးပေါ်ခုန်တက်သွားပြီး ပြည့်တန်ဆာမများရှိသည့် အဆောက်ဦးဆီကို ချဉ်းကပ်သွားတော့သည်။
အခုအချိန်မှာ အဲ့ဒီ ကောင်လေး ဘာလုပ်နေမလဲ ဆိုတာ ဇီရွှမ် သိချင်လာတယ်။သူက အခြားယောကျာ်းတွေလိုပဲ ပြည့်တန်ဆာမ နှစ်ဦးနဲ့ ပျော်ပါးနေမလား။ ဒီလိုတွေးလိုက်မိတာနဲ့ဇီရွှမ်ရဲ့ နှလုံးသားက နာကျင်လွန်းလို့ သူ့ကိုယ်ထဲက ချီစွမ်းအားတွေက အထိန်းကွပ်မဲ့ ဗရမ်းဗတာစတင်လည်ပတ်လာပြီး သူ့ကိုယ်ထဲက ဗဟိုချက် အတွင်းအား စုစည်းရာ မရီဒန်ထဲမှာ ဖောက်လွှဲဖောက်ပြန်ဖြစ်လာစေတယ်။ဒါကြောင့် သူ ခေါင်မိုးပေါ်က ပြုတ်ကျမတတ်ဖြစ်လာလို့ ခေါင်မိုးပေါ် တင်ပျဉ်ခွေထိုင်လိုက်ပြီးအသက်မှန်မှန်ရှုပြီး သူ့ကိုယ်ထဲက စွမ်းအားတွေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်တယ်။သူ့ရင်ထဲက ရှုပ်ထွေးတဲ့ အတွေးတွေ ငြိမ်သက်သွားဖို့ သူ အချိန် ခဏ ယူလိုက်ရတယ်။
![](https://img.wattpad.com/cover/200528718-288-k441810.jpg)
ESTÁS LEYENDO
နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)
RomanceThe Monk and Master of Demonic mm translation Eng translation link https://chrysanthemumgarden.com/novel-tl/fod2/