Episode-1

8.9K 662 27
                                    

(unicode)

လူတွေရဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ ပေါင်းစုံနဲ့ ကြုံရတတ်သတဲ့...။

လူတစ်ယောက်ရဲ့ ပျှမ်းမျှသက်တမ်းက ၇၅ နှစ်သာ ရှိပေမယ့် ဒီမနည်းတဲ့ ၇၅နှစ်အတွင်းမှာ အခက်အခဲပေါင်း အတွေ့အကြုံပေါင်း လူထောင်ပေါင်းများစွာနဲ့ ကြုံတွေ့ရတတ်တယ် ။ လူတွေက ကံကြမ္မာလို့ ခေါ်ကြတဲ့ ရေစက်တွေကြောင့် တွေ့ကြဆုံကြခွဲခွာကြရတဲ့ လူတွေထဲ ဘယ်နှယောက်ကများ အချိန်တွေအကြာကြီး အမှတ်ရပေးနေမယ်ထင်သလဲ ။

လူသားတွေရဲ့ သက်တမ်းက တိုတောင်းလွန်းတာကြောင့် တစ်စုံတစ်ခုတည်းကိုပဲ အချိန်တွေ အများကြီး မပေးနိုင်ကြဘူး ။ လူတစ်ယောက်ကို မမေ့မပျောက်ဘဲ အချိန်တွေ အကြာကြီး ဆက်ချစ်နေဖို့ရာ လူ့သက်တမ်းက တိုတောင်းလွန်းတာကြောင့်လည်း လူတွေရဲ့ နှလုံးသားက တည်မြဲမနေနိုင်ဘဲ အချိန်နဲ့အတူ ပြောင်းလဲတတ်သတဲ့~ ။

ဒါကြောင့် ချန်ယောလ် အဖေက လှပငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ကို ထပ်ပြီး လက်ထပ်ယူခဲ့တာပေါ့ ။ အမေဆုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးပေမယ့် အဖေက နောက်တစ်ယောက်ကို ပြောင်းချစ်နိုင်တဲ့အထိ အချိန်တွေက ​လုံလောက်စွာ ရှည်ကြာခဲ့တယ် ။

အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရဖို့ နေနေသာသာ သူတို့ ကိုယ်တိုင် မွေးထားတဲ့ ချန်ယောလ်ကိုတောင် ဂရုမစိုက်ပေးခဲ့ကြတာပဲလေ ။ အနေဝေးလို့ သွေးအေးကုန်ကြတာ ဘာများ ထူးဆန်းလို့လဲ ။

အမေဆုံးတုန်းက ချန်ယောလ် အသက်က ၄နှစ်ပဲ ရှိသေးတယ် ။ ချန်ယောလ်ရဲ့ အနားမှာ အမြဲ မရှိပေးနိုင်တဲ့ အမေ ဆုံးတော့ ချန်ယောလ်က မငိုခဲ့ဘူး ။ ငယ်လွန်းတာကြောင့် သေဆုံးတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သေချာနားမလည်သေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

ဒါပေမယ့် အဖေနဲ့အမေ အလုပ်သွားတိုင်းအမြဲ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရတဲ့ ချန်ယောလ်က အဖေနဲ့အမေကို အဲ့လောက်ထိ ခင်တွယ်မှု မရှိတာတော့ အမှန်ပဲ ။ အမြဲတမ်း တစ်ယောက်တည်း နေပါများလာတဲ့အခါ အသားကျသွားသလိုပေါ့ ။ အမေနဲ့ တွေ့ချင်တယ် ဆိုပြီး အဖေ့ကို ချန်ယောလ် မတောင်းဆိုသလို အဖေကလည်း ချန်ယောလ်ကို ထူးထူးခြားခြား မနှစ်သိမ့်ခဲ့ဘူး ။ 'အမေက အဝေးတစ်နေရာကို ရောက်သွားတာ ' သို့မဟုတ် 'အမေက ကောင်းကင်ဘုံမှာ အနားသွားယူတာ' ...ဒီလိုနှစ်သိမ့်စကားမျိုးလည်း ချန်ယောလ် လက်ခံမရရှိခဲ့ဘူး ။

Merry-go-round of lifeWhere stories live. Discover now