Episode-4

3.5K 535 40
                                    

(unicode) 

    နှလုံးသားတစ်ခုလုံးနဲ့ ချစ်တဲ့သူကို မေ့နိုင်ဖို့အတွက် ၁၅လ နဲ့ ၂၇ရက်ပဲ လိုအပ်တယ်တဲ့ ~။

    လူသားတွေက မဖြစ်နိုင်တဲ့ သူကို ပိုချစ်မိတတ်ကြတယ် ။ ချစ်ခြင်းတွေထဲမှာ အဆိုးဝါးဆုံး အချစ်က ဘာလဲ သိလား ။
ငယ်ငယ်တည်းက ပေါင်းလာတဲ့ အခင်ဆုံး အရင်းနှီးဆုံးသူငယ်ချင်းကို ရူးရူးမိုက်မိုက်ချစ်မိသွားခြင်းတဲ့လေ ။ ရှေ့ဆက်တိုးလို့လည်းမရ ၊ နောက်ဆုတ်လို့လည်းမရတဲ့ ခံစားချက်နဲ့ အနားမှာ အမြဲ ရှိနေရတဲ့အခါ အင်မတန် စိတ်ပင်ပန်းဆင်းရဲရတာမျိုးပေါ့ ။ 

    အရင်းနှီးဆုံး သူငယ်ချင်းကို ချစ်မိတဲ့အခါ တွေးကြောက်စရာပြဿနာက နှစ်ခု ရှိတယ် ။ ပထမတစ်ချက်က သူလက်မခံတဲ့အခါ အနှစ်နှစ်အလလ တည်ဆောက်ထားခဲ့တဲ့ ဆက်ဆံရေးက အနေကြပ်ပြီး တစ်စစီပျက်စီးသွားတာ ။ ဒုတ်ိယ တစ်ချက်က ထပ်ပြီး နောက်တစ်ခါ ဘယ်တော့မှ အနားမှာ နေခွင့် မရနိုင်တော့တာ ။

သူလက်ခံခဲ့ရင် ပြဿနာမရှိပေမယ့် အထူးသဖြင့် တစ်ဖက်လူက ကိုယ်နဲ့ လိင်တူနေတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် ဖြစ်နေခဲ့ရင်ရော~?

    ဒီတော့ဘတ်ဟျွန်းက သူ့ရဲ့တစ်ဖက်သတ် အချစ်တွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ် ။

    ရုပ်သိမ်းဖို့ကတော့ ကြိုးစားခဲ့ပြီးပါပြီ ။ ဒါပေမယ့် အရာမထင်ခဲ့ဘူး ။ အဲ့တော့ ဘာမှမတတ်နိုင်တဲ့ ဘတ်ဟျွန်းက ၁၅လနဲ့ ၂၇ရက်ပြည့်မယ့် နေ့ကို လက်ချိုးထိုင်ရေ နေဖြစ်တော့တာပဲ ။

    တိတိကျကျကြီး ဘတ်ဟျွန်းက သူချစ်မိသွားတဲ့အချိန်ကို မှတ်မိတယ်တော့မဟုတ်ခဲ့ဘူး ။ ဘာကြောင့် ချစ်သွားတာလဲ လို့ မေးရင် ဘတ်ဟျွန်းမှာ ဖြေစရာအဖြေတွေ တစ်ပုံကြီးပဲ ။ ဘတ်ဟျွန်းတစ်ယောက်တည်းအတွက် ဖြစ်တည်လာတဲ့ အပြုံးတွေ ။ ဘတ်ဟျွန်းတစ်ယောက်တည်းကိုပဲ နူးနူးညံ့ညံ့ကြည့်နေခဲ့တဲ့ မျက်ဝန်းတွေ ။ ဘတ်ဟျွန်းကိုဆို အမြဲ ကြင်နာတတ်တဲ့ အကျင့်တွေ ။ ဒါတွေကတင် ဘတ်ဟျွန်း ချစ်မိသွားဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ မဟုတ်လား ။

    တစ်ဖက်က တစ်ယောက်တည်းသော သူငယ်ချင်းမို့ ဒီလိုမျိုးဆက်ဆံတာ ဘတ်ဟျွန်းသိပေမယ့် ဘတ်ဟျွန်းဟာ ရိုးရှင်းတဲ့ လူသားတစ်ယောက် ။ ကိုယ့်ကို ကောင်းတဲ့ သူအပေါ် လွယ်လွယ်လေး ကျရှုံးခဲ့မိတဲ့ ရိုးရှင်းတဲ့ လူသားတစ်ယောက်ပေါ့ ..။

Merry-go-round of lifeWhere stories live. Discover now