Episode-2

3.9K 521 9
                                    

(unicode)

    လောကကြီးမှာ ဝါသနာပါလို့ ဝါသနာနောက်ကို လိုက်တဲ့သူတွေ ဘယ်နှယောက်လောက် ရှိသလဲ ။ အသက် ၁၃ ၊၁၄နှစ် အရွယ်မှာ ကိုယ့်ရဲ့ ဝါသနာကို သေချာသိတဲ့သူ ဘယ်နှယောက်များ ရှိသလဲ ။

  ချန်ယောလ်က ဘာကိုမှ စိတ်ပါဝင်စားမှု မရှိပေမယ့် သူလုပ်တဲ့ အရာတိုင်းကိုတော့ အကောင်းဆုံးလုပ်တယ် ။ ဝါသနာပါတာ ရှိလားဆို မရှိဘူးလို့ပဲ ဖြေဖြစ်တယ် ။ တကယ်လည်း ချန်ယောလ် ဝါသနာပါတာ မရှိဘူး ။ သူသီချင်းရေးတယ် ။ ဒါပေမယ့် ရေးချင်လွန်းလို့တော့ မဟုတ်ဘူး ။ သူကျွမ်းကျင်သာလွန်တဲ့ အလုပ်က ဒါဆိုတာ ချန်ယောလ် သိနေလို့ ဒီတိုင်း လုပ်ဖြစ်တာ ။

   ချန်ယောလ်ရဲ့ ဘဝက နေပျော်ပါတယ် ။ စာမေးပွဲကို လွယ်လွယ်ကူကူပဲ တစ်တန်းနဲ့ တစ်တန်း အောင်အောင်ဖြေလာပြီး အေးဆေးစွာနဲ့ ဖြတ်သန်းနေတာ အခုဆို အလယ်တန်း နောက်ဆုံးနှစ်တောင် ရောက်နေခဲ့ပြီ ။ ချန်ယောလ် အဖေနဲ့ မိထွေးဖြစ်သူက သားလေးတစ်ယောက် ထပ်ပြီး မွေးတယ် ။ ဒါကြောင့် ချန်ယောလ် အပေါ် သူတို့ရဲ့ အာရုံစိုက်မှုက မရှိသလောက်ပါပဲ ။ ချန်ယောလ်နဲ့ ဆယ်နှစ်နီးပါးကွာတဲ့ ညီလေးက ချန်ယောလ်ကို တအားကပ်တယ် ။ ကလေးတွေကို မချစ်ပေမယ့် မမုန်းတဲ့ ချန်ယောလ်က ဒါနဲ့ ပတ်သက်ပြီး ပြဿနာတော့ မရှိဘူး ။

    ပြဿနာရှိနေတာက ဘတ်ဟျွန်း ။ ဘတ်ဟျွန်းက ကလေးလည်း ချစ်တတ်တယ် ။ တိရစ္ဆာန်တွေဆိုလည်း ချစ်တတ်တယ် ။ ချန်ယောလ်က ဒါတွေနဲ့ ပတ်သက်ရင် ပုံမှန်ပဲ ။ ဒါပေမယ့် ဘတ်ဟျွန်း ချစ်လွန်းတဲ့ ကလေးနဲ့ တိရစ္ဆာန်တွေက သူ့ကို မြင်တာနဲ့ အကပ်မခံ ထွက်ပြေးကုန်ကြပြီး ချန်ယောလ် နားဆိုရင်တော့ ငြိမ်ငြိမ်ကလေး နေတတ်ကြတယ် ။ ချန်ယောလ်မှာ ကလေးနဲ့ တိရစ္ဆာန်တွေကို ဆွဲငင်တဲ့ သံလိုက်ဓာတ်များ ရှိမလားလို့ ဘတ်ဟျွန်းက အမြဲ မကျေမနပ် ပြောလေ့ရှိပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား ကလေးနဲ့ တိရစ္ဆာန်တွေက သူ့နား ရောက်မလာပါဘူး ။

    ဒါကတော့ တစ်ကဏ္ဍပါ ။ အခုပြောချင်တာက ချန်ယောလ် ညီလေးကို မွေးလာတဲ့အခါ သူ့အဖေနဲ့ မိထွေးက ချန်ယောလ်အပေါ် အာရုံစိုက်မှု မရှိတော့ဘူး ။ အဲဒီအတွက် ချန်ယောလ်က သူ့အတန်းစာတွေမှာ တအားကြီး ထူးချွန်အောင်လုပ်ဖို့ မလိုအပ်တော့ဘူး ။ ပုံမှန် အောင်နေရင် ရပြီဆိုတဲ့ စိတ်နဲ့ ချန်ယောလ်ရဲ့ ကျောင်းသားဘဝက အင်မတန် အေးချမ်းတယ် ။

Merry-go-round of lifeWhere stories live. Discover now