Episode-7(End)

5.5K 577 54
                                    

(Unicode)
{recommend song-Merry-go-round of life(Howl's moving castle)}

"ပတ်ချန်ယောလ်...မင်းတော်တော် စိတ်ပုပ်ပါလား...."

    ဘတ်ဟျွန်းက သူ့ရဲ့ ခြေတံတိုတိုတွေနဲ့ ရှေ့က သွားနေတဲ့ ချန်ယောလ်ကို အမီလိုက်နေတယ် ။ ဒါပေမယ့် ချန်ယောလ်က တမင်တကာ ညစ်ပတ်ပြီးတော့ ခြေလှမ်းကျယ်ကြီးတွေ လှမ်းနေတာမို့ ဘတ်ဟျွန်းက မနည်း လိုက်နေရတယ် ။ ပင်ပန်းရတဲ့အထဲ ချန်ယောလ်ကပါ အနိုင်ကျင့်နေတော့ ဘတ်ဟျွန်း မခံနိုင်တော့ဘူး ။ ဒါပေမယ့် ခပ်စူစူမျက်နှာပေးနဲ့ ကြိတ်မှိတ်ပြီး နောက်ကလိုက်ရှာတယ် ။ အေးနေတဲ့ ရာသီဥတုကြားမှာတောင် ဘတ်ဟျွန်းက ပြေးနေရလို့ ချွေးတွေစို့နေပြီ ။

    ဘတ်ဟျွန်းမခံနိုင်တော့တဲ့အဆုံး နေရာမှာရပ်ပြီး ဒူးကွေးကာ အမောဖြေမိတယ် ။ ဒါကို သတိထားမိတဲ့ချန်ယောလ်က လှည့်ကြည့်လာတယ် ။

"အဟားဟား...လာခဲ့..."

    ချန်ယောလ်က ဘတ်ဟျွန်းကို ကြည့်ပြီး အဝရယ်ပြီးတဲ့နောက် လက်ကမ်းပေးတယ် ။ ငယ်ငယ်က ဒန်းပေါ်က ပြုတ်ကျတဲ့အခါ ရယ်မောဖူးတဲ့ ချန်ယောလ်က အခုထိ ဘတ်ဟျွန်းကို ရယ်တုန်းပါပဲ ။ ဒါပေမယ့်လည်း ရယ်ပြီးရင်တော့ ဘတ်ဟျွန်းကို လမ်းကမ်းပေးဖို့ ဘယ်တော့မှ မမေ့ခဲ့ဘူး ။
ဘတ်ဟျွန်းက သိပ်တော့ မကျေနပ်ပေမယ့် ပြုံးပြနေတဲ့ ချန်ယောလ်ကြောင့် မကြည်ကြည့် တစ်ချက် ကြည့်လိုက်ပြီး ချန်ယောလ်လက်ကို ဖမ်းကိုင်လိုက်တယ် ။

    နှင်းတွေသိပ်သည်းနေတဲ့ လမ်းမတွေပေါ် သူတို့နှစ်ယောက် လက်ချင်းတွဲပြီး လျှောက်နေကြတယ် ။ လူတစ်ချို့က ကြည့်နေကြပေမယ့် သူတို့နှစ်ယောက်လုံး ဂရုမစိုက်မိဘူး ။ တကယ်က သတိကိုမထားမိတော့တာ ။ ဘာလို့ဆို သူတို့ကမ္ဘာက တစ်ယောက်နဲ့တစ်ယောက် ရှိတာနဲ့တင် ပြည့်စုံနေခဲ့တာလေ ။

    ခရစ်စမတ်နေ့မို့ လမ်းမတွေပေါ် လူတွေပြည့်နေတယ် ။ တစ်နှစ်တစ်နှစ်က အချိန်ကုန်တာ သိပ်မြန်လွန်းတယ် ။ လွန်ခဲ့တဲ့ လေးနှစ်က ခရစ်စမတ်တုန်းက သူတို့တွေ ဝေးကွာနေခဲ့ကြတယ် ။ အခုတော့ တစ်ယောက်နဲ့ တစ်ယောက်အနီးကပ်ဆုံးမှာ ။

    ပြီးခဲ့တဲ့လက သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတယ် ။ ဘုရားကျောင်းလေးမှာ လူအနည်းငယ်နဲ့ပဲ ပြီးသွားတဲ့ မင်္ဂလာပွဲလေး ။ တခြားပကာသနတွေ ဂုဏ်ပြုစကားတွေမလိုအပ်ခဲ့ဘူး ။ သူတို့က ချစ်ခင်ရတဲ့သူတွေနဲ့ သူတို့ကိုအားပေးချစ်ခင်သူတွေနဲ့ ပျော်ရွှင်စရာ သိပ်ကောင်းခဲ့တာပေါ့ ။

Merry-go-round of lifeWhere stories live. Discover now