*not review*

215 10 3
                                    

မင်းတွေးဖူးလား လန်ကျန့် ။
ငါဘယ်အချိန်ကစပြီး မင်းကိုသဘောကျမိသွားလဲဆိုတာ။ ငါကိုယ်တိုင်လဲ မရေရာခဲ့ပါဘူး။တစ်ကယ်ဆို တည်ငြိမ်အေးဆေးနေတဲ့ မင်းရဲ့ဘဝထဲကို ငါဝင်မနှောင့်ယှက်ခဲ့သင့်ဘူးဆိုတာ ငါသိခဲ့သင့်တယ်။ ငါက ကျန်းသခင်မကြီးပြောသလိုပဲ ကံဆိုးမှုတွေဆောင်ကြဉ်းလာတဲ့ ဂြိုဟ်ကောင်။

မင်းစဉ်းစားဖူးလား လန်ကျန့် ။
ငါဘာလို့ ကောင်ဆိုးလေးဖြစ်နေရသလဲဆိုတာ။ တစ်ကယ်တော့ အမြဲတမ်းရေခဲတုံးတစ်ခုလို အေးစက်လွန်းတဲ့မင်းမျက်နှာမှာ အပြုံးလေးတစ်ပွင့်လောက်ပဲဖြစ်ဖြစ် မြင်ရမလား မျှော်လင့်ချက်နဲ့ ပါ။ ဒါပေမယ့် မင်းအမြဲပြောတာက "နုံချာလိုက်တာ" တဲ့လား။

မင်းခံစားမိလားလန်ကျန့် ။
ငါက မင်းကိုပဲ အချိန်တိုင်းနှောင့်ယှက်နေတာကြောင့် မင်းမုန်းစရာလူတစ်ယောက်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အဲဒီ့လိုမှမလုပ်ရင်လဲ ရေခဲမင်းသား လန်ကိုကိုလေးက ဟောဒီ့က ဝေ့ဝူရှန့် ကို ဂရုပြုမိမှာတဲ့လား။ ငါ့ရင်ခုန်သံစည်းချက်တိုင်းဟာ "လန်ကျန့်  လန်ကျန့် " နဲ့ မြည်ဟီးနေတာ။

တောင်းပန်ပါတယ် လန်ကျန့် ။
ကူစူးလန်ဂိုဏ်းရဲ့ အမှတ်အသားကို မလေးမစားလုပ်တာ မဟုတ်ရပါဘူး။ မင်းရဲ့နဖူးစည်းကြိုးကို ထိတွေ့ ဖို့ ကြိုးစားမိတိုင်းမှာ ဆတ်ဆတ်ထိမခံလွန်းတဲ့ မင်းရဲ့အမူအရာလေးကို ငါမြတ်နိုးလွန်းလို့ ပါ။

မင်းသိရဲ့လား လန်ကျန့် ။
ငါပျောက်ဆုံးခဲ့တဲ့ သုံးလတာမှာ ဘယ်လောက်တောင် မင်းကို တမ်းတနေမိသလဲဆိုတာ။ မင်းနဲ့ ပြန်ဆုံခွင့်ရချင်တဲ့ငါ့အတွက် အငြှိုးအတေးစွမ်းအားတွေ ပြည့်နှက်နေတဲ့ အဲဒီ့နေရာမှာ ရွေးချယ်ခွင့်ဟာ တစ်ခုပဲရှိခဲ့တယ်။

ခွင့်လွှတ်ပါတော့ လန်ကျန့် ။
ငါကမင်းရဲ့စေတနာနဲ့ မတန်တဲ့သူပါ။ ပြီးတော့မင်းနဲ့ အတူ ကူစူးကိုပြန်မလိုက်ချင်လို့ မဟုတ်ပါဘူး။ ငါ့ကြောင့်နဲ့ မင်းကိုပါ လူမုန်းမခံစေချင်ရုံပါ။ မင်းကတော့ အထင်တော်လွဲနေခဲ့လေမလား။

မင်းပြောရက်တယ် လန်ကျန့် ။
"မင်းသူတို့ နဲ့ ထွက်သွားလိုက်တာနဲ့  ပုန်ကန်တဲ့သစ္စာဖောက်စစ်စစ် ဖြစ်သွားမယ်"တဲ့လား"။ ပုန်ကန်သူလို့ ဆိုရအောင် ဒီလူတွေက တစ်ခါမှ လက်မှာ သွေးမစွန်းဖူးခဲ့တဲ့သူတွေပါ။ ငါဘယ်သူ့ ကို သစ္စာဖောက်ခဲ့မိသလဲ။

Recommendation bookWhere stories live. Discover now