ငါကိုးကွယ်​တဲ့အချစ်​ / ငါကိုးကွယ်တဲ့အချစ်

302 14 6
                                    

"ကိုကို..."တဲ့။ နှစ်​​ပေါင်းများစွာ ကျွန်​​တော့်​ရင်​ထဲမှာ သိမ်းဆည်းထားခဲ့တဲ့ နာမ်​စား​လေး​ပေါ့။ ကိုကိုဟာ...ခိုကိုးရာမဲ့​နေတဲ့ ၁၀နှစ်​အရွယ်​​​ ​ကောင်​​လေး​တစ်​​ယောက်​အတွက်​ ​ကောင်းကင်​ကြီးဖြစ်​တယ်​။

ပြီး​တော့ အေးစက်​လွန်းတဲ့နှင်းစက်​​တွေကြား တုန်​ယင်​​​နေတဲ့ က​​လေးငယ်​အတွက်​ ကိုကို့ရဲ့လက်​တစ်​စုံဟာဘာနဲ့မှမတူ​အောင်​ ​နွေး​ထွေး​နေခဲ့တယ်​။

ညစ်​တီးညစ်​ပတ်​နဲ့ဆိုတဲ့ ​ခေါင်းစဉ်​​အောက်​မှာ အများတကာရွံရှာ​ကြတဲ့ ကျွန်​​တော့်​ရဲ့လက်​တစ်​စုံကို ကိုကိုဟာ မရွံမရှာကိုင်​တွယ်​ရင်း အာ​ငွေ့​နွေး​နွေး​​တောင်​​ပေးခဲ့​သေးတယ်​။

ကိုကိုဟာ ကျွန်​​တော့်​အတွက်​ ​ကောင်းကင်​ကြီးဖြစ်​တယ်​။ နတ်​သား​လေးဆိုလည်း မှန်​တယ်​။ ပြီး​တော့ ရှင်​သန်​ဖို့အတွက်​ ​မျှော်​လင့်​ချက်​ ကြယ်​ပွင့်​​လေးဆိုရင်​လည်း ဟုတ်​တယ်​။

ဆယ်​စုနှစ်​တာကာလပတ်​လုံး တစ်​ခုတည်း​သော နာမ်​စား​​လေးကို မြတ်​နိုးစွာ တဖွဖွ​ရေရွတ်​ရင်း ကျွန်​​တော်​ရှာ​ဖွေခဲ့တယ်​။ ဒါ​ပေမယ့်​... ဒါ​ပေမယ့်​ဗျာ... ။ ကံကြမ္မာကကျွန်​​တော့်​အ​ပေါ် ကျီစယ်​လိုက်​တာ...။

မုန်းတီးစိတ်​နဲ့ အနားမှာထားရင်း ​နေ့စဉ်​​နေ့တိုင်း နှိပ်​စက်​​​နေမိခဲ့သူက ကျွန်​​တော်​ဒီ​လောက်​​တောင်​ ​တွေ့ချင်​​နေတဲ့ကိုကိုတဲ့လား။ ကျွန်​​တော့်​ရဲ့ ရှင်​သန်​ရာ​ ​မျှော်​လင့်​ချက်​​လေးတဲ့လား။

ကျွန်​​တော်​ဟာ ​ကျွန်​​တော့်​​ကျေးဇူးရှင်​အ​ပေါ်​ ​ကျေးဇူးကန်းတဲ့ ငမိုက်​သားတစ်​​ယောက်​ဖြစ်​မှန်းမသိ ဖြစ်​​နေခဲ့ပြီ။

ကျွန်​​တော့်​ကိုမုန်းတယ်​ဆိုတဲ့ကိုကိုက ကျွန်​​တော့်​​ရှေ့မှာဒူး​ထောက်​​ရင်း မူးယစ်​​ဆေးကိုရဖို့ ရှိခိုးမတတ်​ ​တောင်းပန်တတ်​ခဲ့ပြီ။

ကိုကိုကယ်​တင်​ခဲ့လို့ ရှင်​သန်​ခဲ့ရတဲ့ ကျွန်​​တော်​ဟာ ကိုကိုသိပ်​မုန်းတဲ့ မူးယစ်​​ဆေးနဲ့ပဲ ကိုကို့ဘ၀ကို ဖျက်​ဆီးခဲ့မိပြီ။ ကျွန်​​တော်​ဘာလုပ်​ရမလဲ။ ကျွန်​​တော်​ဘာဆက်​လုပ်​ရ​တော့မလဲဗျာ။

Recommendation bookDonde viven las historias. Descúbrelo ahora