မင်းတွေးကြည့်ဖူးလား လူတိုင်းမှာ နာကျင်စရာ အတိတ်တွေရှိတယ်ဆိုတာကို။ အထူးသဖြင့်တော့ အမြဲမျက်နှာတည်ကြီးနဲ့နေရင်း အတွင်းစိတ်ကိုဖုံးကွယ်ထားတတ်တဲ့ သူတွေမှာပေါ့။ ဟုတ်တယ်။ သူကလည်း အဲဒီ့လိုလူတစ်ယောက် ဖြစ်နေခဲ့တယ်။
၆နှစ်အရွယ် ကလေးအတွေးနဲ့ ပေးခဲ့ဖူးတဲ့ ကတိစကားတစ်ခုဟာ တည်နိုင်ပါ့မလား။ အညိုရောင်ကမ္ဗည်းတိုင်လေးနှစ်ခုက တစ်စုံတစ်ယောက်ကို ဝမ်းနည်းစေတယ်။
ဟုတ်တယ်။ သူတို့ မရှိတော့ဘူး။ အခုသူ့ မှာမင်းပဲရှိတော့တယ် ဇနီးလေးဆိုသူရေ။ မင်းသိရဲ့လား။ အိမ်ရှေ့ စံကို လုပ်ကြံမှုအတွက် မင်းကိုဖမ်းခေါ်သွားခဲ့စဉ်က မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် သူဘယ်လောက်တောင် နောင်တရမိနေမလဲ။
အဲဒီ့အတွက် သူဟာဘယ်သူမှန်းမသိတဲ့ လုပ်ကြံသူကိုယ်စား ဝန်ခံခဲ့တယ်။ မင်းတစ်ချိန်လုံး မင်းနဲ့ အတူရှိနေခဲ့တဲ့သူဟာ ဘာကြောင့်များ ဒီအမှုကိုကျူးလွန်မှာလဲ။
မဟုတ်ဘူးဆိုတာ မင်းသိနေပေမယ့်လည်းပေါ့ မင်းတစ်ယောက် ရှင်သန်ခွင့်ရဖို့  သူတည်ငြိမ်စွာ ရွေးချယ်ခဲ့တယ်။
နောက်ကွယ်မှာတော့ ခဏတာသာဆုံစည်းခွင့်ရခဲ့တဲ့ ကံကြမ္မာကို အပြစ်ဖို့ ရင်း သူငိုကြွေးချင် ငိုကြွေးနေမိမှာပေါ့။ ဒါပေမယ့်နောင်တရသလားလို့ မေးရင် ဟင့်အင်းလို့ ပဲ သူဖြေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။
ဒါဟာမရှိတော့တဲ့ သူ့ မိဘတွေရဲ့စကားကို အလေးအနက်နားထောင်ခြင်းလဲဖြစ်တယ်။ ယောက်ျားဆိုတာ ကိုယ့်အိမ်သူသက်ထားကို ကာကွယ်နိုင်ရမတဲ့။ သူကျေနပ်ခဲ့ပါတယ်လေ။
ဇနီးလေးဆိုသူရေ။ သူဟာမင်းကို နောက်ဆုံးအကြိမ် မြင်တွေ့ ချင်မိပေမယ့်လည်း ကံကြမ္မာဟာ မျက်နှာသာမပေးလေဘူး။ ခြောက်နှစ်အရွယ်စိတ်နဲ့ သူဟာ မင်းမရှိတဲ့ ရပ်ဝန်းတစ်ခုမှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့ ။
ကိုယ်ကတော့တွေးမိတယ်။ မင်းအတွက် စကားတစ်ခွန်းလောက် ချန်ပေးခဲ့ပါဆိုရင်လေ "ကိုယ့်ကိုကွက်မျက်ရာ ကြိုးစင်ဆီကိုလည်းမလာပါနဲ့ "လို့ ပြောလေမလား။
BINABASA MO ANG
Recommendation book
Non-Fictionဒီစာအုပ်လေးက လေပြေဖတ်ခဲ့တဲ့ wattpad fictionလေးတွေထဲက သဘောကျမိတာလေးတွေကို စုစည်းထားတာပါ။ fanfic ရယ် OCရယ် လို့ သီးသန့်မဟုတ်ပါဘူး။ ဒီစာအုပ်လေးက လေပြေဖတ်ခဲ့တဲ့ wattpad fictionလေးတွေထဲက သဘောကျမိတာလေးတွေကို စုစည်းထားတာပါ။ fanfic ရယ် OCရယ်...