Zawgyi
"ချည်တိုင်"တဲ့။ နာမည်လေး စပြီးကြားလိုက်ကတည်းက ရင်ထဲကိုနင့်ခနဲပါပဲ။ ဇာတ်လမ်းစစချင်းမှာပဲ စာရေးသူက အိမ်ထောင်ရေး ပဋိပက္ခတွေကြားက အနှိမ်ခံကောင်လေးတစ်ယောက်ရဲ့ဘ၀အကြောင်းကို သရုပ်ဖော်ထားခဲ့တယ်။
ကျောင်းစာကို အားစိုက်ရမဲ့ကိုးတန်းကျောင်းသားအရွယ်နဲ့မလိုက်အောင် ရရာအလုပ်လေးလုပ်ပြီး ငွေကိုခြစ်ကုတ်စုဆောင်းရင်း "၁၀တန်းတက်ဖို့အတွက်"ဆိုတဲ့ မျှော်မှန်းချက်လေးဟာ ဖခင်ရဲ့ဆေးရုံတက်ရခြင်းနဲ့အတူ ပျောက်ရှသွားခဲ့ရပါတယ်။
ဖခင်ဆေးကုနိုင်ဖို့ရာ စုဆောင်းထားတဲ့ငွေလေးပေးလိုက်ရရုံသာမက နေစရာအိမ်ပါပျောက်ရှသွားတဲ့ ဒီကောင်လေးဟာ ကျောင်းထွက်ကာအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။
ဒါပေမယ့်လည်း သူ့ဘ၀မျှော်လင့်ချက်တွေ ရေစုန်မမျောခင်မှာ ကျောင်းဆက်တက်ခွင့်ရဖို့ တစ်စုံတစ်ယောက်က ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ့ကယ်တင်ရှင်ရဲ့တစ်ဖက်ခြမ်းဟာ ယိုင်နဲ့နေတဲ့သူ့ဘ၀ကို အကြိမ်ကြိမ်ရိုက်ချိုးဖို့ရာ အစီအစဉ်တွေနဲ့ဆိုတာကိုတော့ မရိပ်မိခဲ့ပါဘူး။
ဒီဇာတ်လမ်းထဲမှာ ကိုယ်သဘောအကျဆုံး စာကြောင်းလေးတစ်ခုရှိတယ်။ "မည်သူကချည်၍မည်သူကအချည်ခံမည်မသိသည့်တိုင် ကာယကံရှင်တွေသာမြင်နိုင်သော ကြိုးလေးတစ်ချောင်း ချည်စပြုနေပြီမို့..."တဲ့။
ဟုတ်ပါရဲ့။ တစ်စုံတစ်ယောက်နာကျင်စေဖို့ မသက်ဆိုင်သူကိုဆွဲထည့်လိုက်တဲ့ ပြည့်ဖြိုးဟန်ဆိုတဲ့ကောင်လေးနဲ့ ကျေးဇူးတရားတွေကြောင့် ရုန်းမထွက်နိုင်တဲ့ စံလင်းလို့အမည်ရတဲ့ ကောင်လေးဟာ ဘယ်အချိန် ဘယ်နေရာကနေစပြီး ချည်နှောင်မိခဲ့ကြတာပါလိမ့်။
အကြိမ်ကြိမ်ဖိနှိပ်ခံရလို့ မုန်းတီးနေပေမယ့်လည်း သူ,မသိခဲ့တဲ့ ကျေးဇူးရှင်ကောင်လေးရဲ့ သူ့လိုပဲထပ်တူညီနေတဲ့ နာကျင်ဖွယ်အတိတ်အကြောင်း စံလင်းတစ်ယောက်သိလိုက်ရတဲ့အခါ....
ESTÁS LEYENDO
Recommendation book
No Ficciónဒီစာအုပ်လေးက လေပြေဖတ်ခဲ့တဲ့ wattpad fictionလေးတွေထဲက သဘောကျမိတာလေးတွေကို စုစည်းထားတာပါ။ fanfic ရယ် OCရယ် လို့ သီးသန့်မဟုတ်ပါဘူး။ ဒီစာအုပ်လေးက လေပြေဖတ်ခဲ့တဲ့ wattpad fictionလေးတွေထဲက သဘောကျမိတာလေးတွေကို စုစည်းထားတာပါ။ fanfic ရယ် OCရယ်...