(Unicode)
" 'ကျန့်ကျန့်' သူဌေးခေါ်နေတယ် သွားလိုက်ဦး"
"ဘာကိစ္စတဲ့လဲ 'ကျင်းကော' သိလား""ငါဆိုတဲ့ 'ကျင်းလင်ခုံး' က မင်းရဲ့မန်နေဂျာပါ၊ ငါမသိတဲ့မင်းကိစ္စဆိုတာရှိပါ့မလားကွ သူဌေးကမင်းကိုသူကိုယ်တိုင်ပဲပြောချင်တယ်ဆိုလို့...၊ နေဦး 'ကျန့်ကျန့်' မင်းအရမ်းအားမနာပါနဲ့ ငြင်းချင်ရင်ငြင်းလိုက် ငါကဘာဖြစ်ဖြစ်မင်းဘက်မှာပဲ ဟုတ်ပြီနော်"
"ဟုတ်ကဲ့ပါ ကျွန်တော်သိပါတယ် ဒါပေမယ့်လည်း...ထားပါတော့၊ ကဲ ဒါဆိုကျွန်တော်သွားတွေ့လိုက်ဦးမယ်"
ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်ကိုတက်ခဲ့သည်၊ ကုမ္ပဏီအပေါ်ဆုံးထပ်တွင် သူဌေး 'အစ်မ မေလိ' ရဲ့ ရုံးခန်းနဲ့ ဟောလ်ခန်းမသာရှိသည်၊ ခဲရောင် ဆေးသားပေါ်မှာ ငွေမှုန်များနှင့် အလှဆင်ထားသော သူဌေးရုံးခန်းတံခါးကိုခေါက်၍ အသံပြုလိုက်သည်။
'ဒေါက်ဒေါက်ဒေါက်'
"ဝင်ခဲ့"
" 'အစ်မ မေလိ' ကျွန်တော့ကိုခေါ်တယ်ဆို"
"အင်း 'ရှောင်းကျန့်' ထိုင်ဦး"
"မင်းအတွက်အလုပ်တစ်ခုလက်ခံထားတယ် မဂ္ဂဇင်းတိုက်တစ်ခုက ဆောင်းရာသီအထူးအစီအစဉ်အတွက် ခရီးသွားဆောင်းပါးတစ်ပုဒ်မှာ မျက်နှာသစ် အမျိုးသားအနုပညာရှင် တစ်ယောက်ရဲ့ Solo Traveling Photo တွေလိုချင်တယ်တဲ့ အစ်မက မင်းကိုရိုက်စေချင်တယ် မင်းသဘောကရော"
"ဟုတ်ကဲ့ ခရီးစဉ်က ဘယ်တဲ့လဲ၊ ပြီးတော့ ဘယ်လောက်ကြာမှာလဲ အစ်မ"
"Korea သွားဖို့စီစဉ်ပေးထားတယ်တဲ့ ဟိုမှာရှိတဲ့ Professional Photographer လည်းငှားထားပေးတယ်ပြောတယ်၊ ခရီးကတော့ လေးငါးရက်လောက်ပဲကြာမယ်"
"ဟိုက ဓာတ်ပုံဆရာ ဆိုတော့ Korea လူမျိုးလား"
"မဟုတ်ဘူး တရုတ်လူမျိုးတဲ့ သူကဟိုမှာနေတာကြာပြီ မင်းအတွက်အဆင်ပြေအောင် တမင်ရွေးပေးထားတာလို့ပြောတယ်၊ ပြီးတော့ အဲ့တစ်ယောက်က Korea မှာနာမည်ကြီး၊ မင်းသူနဲ့အလုပ်တွဲလုပ်ခွင့်ရတာ မင်းထီပေါက်တာပဲ"
"ဟုတ်ကဲ့ အဆင်ပြေပါတယ် အဖွဲ့သား (Make up, Stylist) တွေကိုရော ပြောထားပြီးပြီလား အစ်မ"
YOU ARE READING
Promise In Everland {Love Story In Korea} [Completed]