(Unicode)
လှိုဏ်ဂူအထဲဝင်လိုက်တာနဲ့ သံလမ်းဘေး မြေကြီးပေါ်မှာရော ဂူအမိုးမျက်နှာကျက်မှာပါ ပိုးစုန်းကြူးမီးသီးလေးများနှင့် အလှဆင်ထားသည်၊ အမှောင်ထဲမှာ တလက်လက်လင်းနေသည့် မြင်ကွင်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ်၊ အထဲကိုတော်တော်လေး ဝင်လာမိတော့ သီချင်းသံတွေစကြားလိုက်ရသည်၊ ကမ္ဘာကျော် ကိုရီးယားအဆိုတော်အဖွဲ့ BTS ရဲ့ Fire သီချင်းသံနှင့်အတူ စလိုက်မီးသီး၊ မီးချောင်းတွေ အလှဆင်ထားပုံက တကယ်ကို Club ထဲရောက်သွားသလိုလို၊ မီးအလှဆင်ထားတဲ့ အပိုင်းတွေအားလုံး ကျော်ဖြတ်လာပြီးတဲ့နောက်မှာ ဘာသံမှမကြားရတော့ဘဲ တိတ်ဆိတ်မှောင်မဲနေတဲ့ လှိုဏ်ဂူရဲ့ သဘာဝကိုခံစားရပြန်တယ်၊ ထိုအချိန်မှာပဲ ဘေးကကောင်လေးက လက်ကို အတင်းအကျပ် လာဆုပ်ကိုင်တော့...
"ဘာဖြစ်လို့ အတင်းလာဆွဲနေလဲ 'ဝမ်ရိပေါ် ' "
"ကိုကို....ကိုကို....ကျွန်တော် အမှောင်ကြောက်လို့"
ခပ်တိုးတိုးလေးထွက်လာတဲ့ အသံဆိုပေမယ့် တုန်ခါမှုလေးတွေပါနေတော့ သည်ကောင်လေး ဘယ်လောက်ထိကြောက်နေလဲဆိုတာ ခံစားမိပါသည်၊ ဘာမှဆက်မပြောတော့ဘဲ သူ့လက်အပေါ်ကနေအုပ်ပြီး ကိုင်ထားပေးလိုက်သည်၊ ခြေထောက်နင်းတဲ့အားကို နှစ်ဆတိုးလိုက်ပြီး သူ့အတွက် ပင်ပန်းစေတဲ့ ပတ်ဝန်းကျင်တစ်ခုကို မြန်မြန် လွန်မြောက်စေလိုက်သည်။
အမှောင်ကမ္ဘာထဲက ထွက်လာတာနဲ့ ကိုယ့်လက်ကို ပြန်သိမ်းယူလိုက်သည်၊ သူ့ကိုလှမ်းကြည့်လိုက်တော့ အနည်းငယ်နေရခက်နေဟန်...၊ သူ့လက်နှစ်ဖက်လုံးနဲ့ ကိုယ့်လက်ကို အားကိုးတကြီးဆွဲထားခဲ့တော့ သူ့အခြေအနေကိုသူ နဲနဲများရှက်သွားလားတော့မသိ၊ သူ့ကိုမသိမသာအကဲခတ်ရင်း ရုတ်တရက်တစ်ခုခုကိုသတိရသွားသည်၊
" 'ဝမ်ရိပေါ် ' မင်းရဲ့ ကန်စွန်းဥထုပ်က ဘယ်မှာလဲ"
"ကန်စွန်းဥထုပ်လား ဪ.... ပေါင်ပေါ်မှာ...အား....... ပူတယ် ပူတယ် "
ကန်စွန်းဥ ထုပ်ပူပူကြီးကို သတိလက်လွှတ်နဲ့ ထားချင်ရာထားပြီးမှ အပူလောင်သွားသည့် ကောင်လေးကြောင့် ငိုအားထက်ရယ်အားသန်သွားသည်၊ အထိမခံနိုင်သည့်နေရာကို အပူလောင်သွားတော့ မျက်နှာလေးရှုံ့မဲ့နေသည်၊
YOU ARE READING
Promise In Everland {Love Story In Korea} [Completed]