(Unicode)
Day - 3
"အိပ်ရေးဝရဲ့လား ကိုကို၊ ဒီနေ့က အပီအပြင် ဝုန်းရမှာနော် ရယ်ဒီပဲလား"
"ရယ်ဒီပဲ"
"အရင်ဆုံး Lotte World မှာနေ့တစ်ပိုင်းလောက်လည်မယ်၊ ပြီးမှ Everland ကိုဆက်သွားမယ် အဲ့မှာပဲ New Year ကြိုကြမယ် ဘယ်လိုလဲ ကိုကို"
"အပြည့်အဝကို ထောက်ခံတယ် ငြင်းစရာ တစ်နေရာမှမရှိ..."
Songpa-gu ဘက်မှာရှိတဲ့ Lotte World ကို Jamsil ဘူတာကနေ ရထားစီးပြီး သွားလိုက်ကြသည်၊ ရထားပေါ်မှာလည်း နှစ်ယောက်သား အတွဲညီညီ အလုပ်ကြိုးစားလိုက်ကြသေးသည်။
"ကိုကို ဒီမှာ ဝယ်ချင်စရာတွေအစုံပဲ ကိုကို ဈေးဝယ်ထွက်ချင်သေးလား"
"ဟင့်အင်း ငါကမလိုအပ်ဘဲ အပျော်သက်သက် ဈေးဝယ် ရတာမကြိုက်ဘူး၊ မင်းဝယ်စရာရှိရင် ဝယ်လေ"
"မဝယ်လည်း ရောက်လက်စနဲ့ လျှောက်ကြည့်ရင်း ပုံနဲနဲပါးပါး ရိုက်ကြတာပေါ့ ကိုကိုရယ်"
အပြင်ဘက်က မြင်ရတဲ့ အဆောက်အဦ ဒီဇိုင်းက Disney ကာတွန်းတွေထဲကလို ချစ်စရာရဲတိုက်ကလေး...ရောက်တာနှင့် အလုပ်သူရဲလေး 'ဝမ်ရိပေါ် 'ကတော့ ကင်မရာလေး အသင့်ချိန်ထားပြီး...
"ကိုကို ဒီနားလေး တစ်ပုံ၊ ပြီးရင် ဟိုဘက်လည်းလှတယ် အဲ ဟုတ်တယ် အဲ့နားလည်းရိုက်မယ်၊ ကိုကို ဒီနေ့က Happy Virus လေးလို မုဒ်လေးသွင်းပေးထား၊ တတ်နိုင်သလောက် ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေ လုပ်ပေး၊ အား !!!....ကိုကိုရာ သေတော့မှာပဲ..."
"ဘာဖြစ်တာလဲ 'ဝမ်ရိပေါ် 'ရယ် အလန့်တကြားနဲ့"
"ကိုကို ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ တကယ်ပဲ ရူးတော့မယ်ဒီက"
"မင်းပဲ ချစ်ဖို့ကောင်းအောင်နေဆို... ဘာလဲ အခုမနေရတော့ဘူးလား"
"ဟာ စတာ စတာ အဆုံးအစွန်ထိ ချစ်ဖို့ကောင်းအောင် လုပ်ပစ်လိုက် ကိုကို၊ ဒီနေ့ ကနောက်ဆုံးနေ့ပဲ...၊ အိုခေ ဒီလောက်ဆို မဆိုးတော့ဘူး ပုံကောင်းလေးတွေလဲ ရပြီ၊ ကိုကို ဒီရောက်တုန်း ကျွန်တော် ကိုကိုနဲ့အတူတူ လုပ်ချင်တာရှိတယ်သိလား"
YOU ARE READING
Promise In Everland {Love Story In Korea} [Completed]