(Unicode)
ဇာတ်ကားရိုက်၊ ကြော်ငြာရိုက်၊ တီဗီအစီအစဉ်ပေါင်းစုံ၊ ရှိုးပွဲ၊ ဆုပေးပွဲ၊ လူမှုရေးလှုပ်ရှားမှု စသဖြင့် တစ်နှစ်ပတ်လုံး မအားလပ်သောအချိန်ဇယားများကြောင့် စိတ်ရောလူပါ အနားမယူနိုင်၊ မနှစ်က ဆောင်းရာသီခရီးသွားဆောင်းပါး ပါဝင်တဲ့ မဂ္ဂဇင်းရဲ့ ရောင်းအားက နှစ်တစ်နှစ်စာ စံချိန်ချိုးသွားခဲ့သည်ကလည်း 'ရှောင်းကျန့်'၏ အောင်မြင်ခြင်းလှေကားထစ်တစ်ခု...
ဘယ်လောက်ပဲ အလုပ်တွေနှင့်ပြည့်နေပါစေ၊ နှစ်ကုန်ခါနီးနောက်ဆုံး ၃ရက်ကိုတော့ အလုပ်ဇယားတွေအကုန်ရှင်းထားသည်၊ သူ "ကတိ" ပေးခဲ့သည်မဟုတ်လား.......
အရင်နှစ်ကတော့ မသေချာမရေရာသေးတဲ့ ခံစားချက်ကို အဖြေရှာဖို့ သတ္တိမရှိခဲ့တာနဲ့ပဲ ကိုယ်မြတ်နိုးမိတဲ့အရာကို ပိုင်ဆိုင်ဖို့ လွဲချော်ခဲ့ရသည်၊ ဒီနှစ်တော့ ဒီလိုအဖြစ်မခံနိုင်တော့...၊ စည်းချက်မညီဘဲ ပရမ်းပဒါ ဖြစ်ခဲ့တဲ့ ရင်ခုန်သံ ပုစ္ဆာကို ဖြေရှင်းလို့ ရခဲ့တာကြောင့်...ကိုယ့်ရဲ့ ကတိ အတိုင်း ရောက်အောင်သွားမည်၊ သူ ကတိကို သူတည်ပါ့မလားဆိုတော့တော့... အမှန်အတိုင်းပြောရရင် ယုံကြည်ချက်က 50% သာ...
တစ်နှစ်ပတ်လုံး ဘာအဆက်အသွယ်မှ မလုပ်ခဲ့တဲ့ လူတစ်ယောက်ကို သူ့စိတ်ထဲမှာထည့်ထားပါဦးမလား...၊ သူ့အကြောင်းတွေပဲ တစ်နှစ်ပတ်လုံး ကိုယ့်စိတ်ထဲ လွှမ်းမိုးနေတာတော့ ခြွင်းချက်၊ ဝရန်တာကိုထွက်ပြီး ဆောင်းလေအေးရဲ့အထိအတွေ့ကို ကော်ဖီသောက်ရင်းခံစားမိသည်၊
ကိုယ် ဆောင်းကို ချစ်သည်၊ သူနဲ့တွေ့ပြီးမှလား... အရင်ကတည်းကလား... ဆိုတာတော့ ကိုယ်တိုင်လည်းမသိတော့...
× × × × × × × × × × × × × × ×
New Year Night မတိုင်ခင် တစ်ရက်ကြိုပြီးထွက်လာခဲ့လိုက်သည်၊ သူရှိနေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တို့က တစ်ခါခါ ဘယ်ဘက်ရင်အုံကို အောင့်စေသည်၊ အစွဲအလမ်းကြီးတတ်တဲ့ကိုယ့်စိတ်ကိုသိလို့ သူ့အကြောင်း စိတ်ထဲအရမ်းမထည့်ချင်ပေမယ့် ဘယ်အချိန်ကစပြီး ဒီလောက်နက်နက်ရှိုင်းရှိုင်း နေရာယူသွားလဲ မသိလိုက်ရ၊ သူနဲ့အတူ တည်းခဲ့တဲ့ Hotel ကိုပဲ ပြန်လာတည်းဖြစ်သည်၊ အမှတ်တရသေးသေးလေးကအစ ကိုယ်မြတ်နိုးခဲ့သည်မလား...
YOU ARE READING
Promise In Everland {Love Story In Korea} [Completed]