(Unicode)
'ချင်းချင်း' ဆီဖုန်းခေါ်ဖို့ တွေးမိပြီး ဖုန်းကိုယူလိုက်သည်၊ တိုက်တိုက်ဆိုင်ဆိုင် သူ့ဘက်ကအရင်ခေါ်လာသည်နှင့်ကြုံသွားသည်။
"ဟဲလို 'ချင်းချင်း' အရင်ရက်တွေက ငါဖုန်းခေါ်သေးတယ် မင်းဖုန်းပိတ်ထားတာနဲ့ပဲကြုံနေလို့၊ ငါစာလည်းပို့ထားပေမယ့် မင်းဖတ်ဖြစ်ဦးမယ်မထင်ဘူး၊ အခုငါ Korea ကိုအလုပ်ကိစ္စနဲ့ရောက်နေတယ်၊ မင်းဒီကနေတစ်ခုခု မှာချင်တာရှိလား ဝယ်ခဲ့မယ်လေ ဘာလိုချင်လဲပြော"
သူစိတ်ကောက်မှာစိုးသောကြောင့် တရစပ်ရှင်းပြလိုက်သည်၊ ခါတိုင်းလို သုံးစက္ကန့်တောင်မခြားဘဲ ချက်ချင်းပြန်အော်ပြီး ပြဿနာရှာသံမကြားရတော့ ရင်ထဲနဲနဲ စိုးရိမ်မိသွားသည်။
"ဟဲလို 'ချင်းချင်း' ငါပြောတာကြားလား...ဟဲလို"
" 'ရှောင်းကျန့်' နင်နဲ့ငါနဲ့ ဇာတ်လမ်းဒီမှာပဲရပ်လိုက်ကြစို့"
"ဘာ! ဘယ်လို... ရပ်လိုက်ကြရအောင်...၊ ခဏ ခဏလေး နင်ပြောချင်တာဘာလဲ"
"နင်နဲ့ငါနဲ့ ပြတ်ရအောင်လို့ပြောလိုက်တာ"
"ခိုင်လုံတဲ့ အကြောင်းပြချက်ပေး"
"ငါနောက်၂ရက်နေရင် လက်ထပ်တော့မှာ"
"ဘာ!!! ... နင်...နင်... ငါ့ကိုမနောက်ပါနဲ့"
"ငါနင့်ကို စဖို့နောက်ဖို့ ဘယ်တုန်းကမှစိတ်မဝင်စားဖူးဘူး 'ရှောင်းကျန့်'၊ ငါလက်ထပ်တော့မှာ ငါ့ရဲ့သတို့သားက ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ တစ်ဦးတည်းသောသား၊ အသက်ငယ်တယ် အရည်အချင်းရှိတယ်၊ အိမ်ထောင်တစ်ခုဦးစီးနိုင်မယ့် အလားအလာ ရှိတယ်၊ နင့်လို မဟုတ်ဘူး"
"ငါက ဘယ်လိုဖြစ်နေလို့လဲ ပြောပါဦး..."
"အခု ငါတို့အသက်အရွယ်က အိမ်ထောင်ပြုရမယ့်အချိန်တောင် လွန်တော့မယ်၊ နင်ငါ့ကို အခုချက်ချင်းလက်ထပ်နိုင်လားပြော၊ မော်ဒယ်ယောင်ယောင် မင်းသားယောင်ယောင် နင့်ရဲ့ အထင်ကြီးစရာမရှိတဲ့ အလုပ်ကို စွန့်လွှတ်ပြီး နင်ငါ့ကိုရွေးနိုင်လား...ဖြေလေ ရွေးနိုင်လို့လား လို့"
YOU ARE READING
Promise In Everland {Love Story In Korea} [Completed]