[Zawgyi Version]
ကန်တင်းသွားတဲ့လမ်းမှာတော့ ကျွန်တော်တို့ကြားကတိတ်တိတ်မှုကို ကျွန်တော်ကပဲဦးဆောင်ဖြိုးခွင်းလိုက်တယ်။
"ငါအခုထိ မင်းနာမည် မသိသေးဘူး"
သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီးပြောတယ်။
"လုနင် ..
လမ်း ဆိုတဲ့ လု ရယ် တည်ငြိမ်အေးချမ်းမှု ဆိုတဲ့ နင် ရယ် ..
မင်းရော?""ငါ့နာမည်က ရှောင်းကျိုး ..
ရှောင်းရိဖု က ရှောင်း ရယ် ထင်ရှားကျော်ကြားခြင်း ဆိုတဲ့ ကျိုးရယ် "ကျွန်တော်ခဏလောက်စဉ်းစားပြီးတော့စကားဆက်တယ်။
"ကောင်းလိုက်တဲ့ နာမည်လေး"
ကျွန်တော် သဘောကောင်းကြောင်း ပေါ်လွင်အောင်အကောင်းဆုံးကြိုးစားလိုက်တယ်။
လုနင် က ကျွန်တော့်ကိုမော့ကြည့်ပြီး ခေါင်းလေးစောင်းလိုက်တယ်။
"ကောင်းတယ်? နည်းနည်းလေး မိန်းမ ဆန်လွန်းမနေဘူးလား?"
ကျွန်တော် သူ့ ခေါင်းအစောင်းလေးတစ်ချက်မှာကျဆုံးသွားပြီ။
ဘာလို့များ လှုပ်ရှားမှုတိုင်းကချစ်ဖို့ကောင်းနေရတာလဲ။
သူများတွေပြောသလိုပဲ မျက်ကန်းအချစ် ဆိုတာ တကယ်ရှိတယ်။
ဒါက တကယ်တော့ အချစ်ရဲ့စွမ်းအားတွေလေ။"မဆန်ပါဘူး ..
ဘာဖြစ်လို့လဲ?
ဘယ်သူပြောလဲ?"သူ့ ရဲ့အစောကချစ်စရာတိုက်ခိုက်မှုလေးအောက်မှာ ကျွန်တော့် စိတ်တွေအစီအစဉ်မကျသေးပေမဲ့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကောင်းရချင်တဲ့ အာသီသ က သူကျေနပ်စေမဲ့ အဖြေပေးလိုက်တယ်။
လုနင် ကရယ်ရင်းနဲ့ပြောတယ်။
"မဟုတ်ပါဘူး ..
ငါ့ နာမည်က ယောက်ျားသိပ်မဆန်ဘူးထင်လို့"လုနင် ရယ်လိုက်တော့ သူ့မျက်လုံးလေးက လခြမ်းလေးလိုကွေးသွားတယ်။
အဲ့ဒါလေးက သူ့ ကိုပို လှသွားစေတယ်။
ကျွန်တော်စိတ်ထဲကတွေးမိတာကတော့ ဒီလောက်နူးညံ့တဲ့သွင်ပြင်ပိုင်ဆိုင်ထားတဲ့သူက ဘာလို့ယောက်ျားဆန်တဲ့ နာမည် လိုချင်တာလဲပေါ့။
YOU ARE READING
ဖြောင့်လွန်းလို့ခက် 《ဖြောင့်လွန်းလို့ခက်》 < 2 Ver>
Romanceချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။