လော်လီပေါ့

6.1K 795 24
                                    

<Zawgyi>

အဆောင်ကိုပြန်တဲ့လမ်းမှာပေါ့ သူများ လော်လီပေါ့စားနေတာတွေ့ပြီး ချက်ချင်းပဲ သူငယ် ပြန်သွားတယ်။
ကျွန်တော် သာမန်ကာလျှံကာ ပဲ လော်လီပေါ့ စားချင်တယ်ပြောမိတယ်။
လုံးဝမထင်ထားမိတာက ရှောင်းကျိုးက ကျွန်တော် လော်လီပေါ့ ၀ယ်ပေးပါလို့တစ်ခွန်းမှမပြောဘဲ ငေါက်ဆို သွားဝယ်ပေးတာပဲ။

ဒီလိုပူတဲ့နေ့မျိုးမှာ တခြားသူဆိုလို့ကတော့ နောက်တစ်ခါစတိုးဆိုင်ဘက်ကြုံမှဝယ် ဆိုပြီးငြင်းကြမှာလေ။
ဒါပေမဲ့ ရှောင်းကျိုးက အဆောင်ရောက်တော့မှာကို ချက်ချင်းငေါက်ဆိုသွားဝယ်ပေးတာဗျာ။

သူတကယ်ပဲ ကျွန်တော့် ကိုကြိုက်နေတာလားမသိဘူး။
သူ ဆိုတဲ့တစ်ယောက်ကြောင့်ပဲ ကျွန်တော့်ကိုလာကြိုက်တဲ့သူတွေအားလုံးက ဂေး မဟုတ်ဘူးဆိုတဲ့ ခန့်မှန်းချက်ကြီးကိုခေါက်ထားလိုက်ပြီ။

ဟမ်။
အဲ့ဒီလိုဆို ကျွန်တော် ၃၆၀ ဒီဂရီလုံးလုံးဖြောင့်သွားပြီပေါ့။
စိတ်ငြစ်တာ။
ဟိဟိ။

ရာသီဥတူ ပူပူမှာကျွန်တော် အဆောင်ဆီကိုလမ်းလျောက်သွားတယ်။

အဆောင်နားမှာ နှင်းဆီအနီရောင်ပန်းစည်းနဲ့ ယောက်ျားတစ်ယောက်ကို တွေ့တယ်။

ဟေး!
တခုခုတော့ ဆန်းကြယ်တော့မယ်ဟေ့။
ကျွန်တော် ရုတ်တရက် စိတ်တွေခုန်လာတယ်။
ဒါပေမဲ့ တစ်စက္ကန့်ပဲခံလိုက်တယ်လေ။
အဲ့ဒါက ယောက်ျားလေးအဆောင်ဝင်ပေါက်ကြီးဗျ အဆို .....။

ကျွတ် ကျွတ်။
လူတွေက တဖြည်းဖြည်း လက်ခံ လာပြီဆိုပြီး ဂေးတွေဒီလိုပဲဟောင်ဖွာဟောင်ဖွာလုပ်လို့ရလား?။

ကျွန်တော် အပေါ်ထပ်တက်ပြီး လသာဆောင်ကနေကြည့်ဖို့ပြင်နေတုန်း တုံ့ဆိုင်းသွားတယ်။

ဟုတ်တယ်။
အဲ့ပန်းစည်းကိုင်ထားတဲ့သူကြောင့်ပဲ။

"လုနင် .... မင်း ..."

အဲ့ကောင်က စကားပြော တော့ထစ်ထစ်ငေါ့ငေါ့နဲ့ငါ့လက်ကောက်ဝတ်ကိုကျ အသေဆွဲထားတယ်။

ကျွန်တော့် စိတ်ထဲ တခုခုမကောင်းတာဖြစ်တော့မယ်လို့ ခံစားလိုက်ရပြီး အဲ့အခြေအနေကြီးကနေ လွတ်မြောက်ဖို့ကြိုးစားလိုက်တယ်။

ဖြောင့်လွန်းလို့ခက် 《​ဖြောင့်လွန်းလို့ခက်》 &lt; 2 Ver&gt;Where stories live. Discover now