အပိုင်း ၂၅(Z & U)

2K 240 42
                                    

Zawgyi

နှစ်ရက်ပဲကြာမည်ဟုပြောသွားခဲ့တာမို့ ဒီနေ့ ဘုန်းသန့်ပြန်ရောက်လောက်မည်။

"ဟေ့ကောင်...ဟန်သာ..."

ဒီအသံကို လှည့်မကြည့်လည်း ဥက္ကာကျော်ဆိုတာ ဟန်သာသိလိုက်၏။

"ဟိုကောင့်ကိုစောင့်နေတာလား''

"မင်းအပူပါသလား....ငါ့ဘာငါဘယ်သူ့စောင့်စောင့်ပေါ့...ငါ့ခြံထဲငါနေတာ..."

''ဟ...စွာလှချည်လား။ငါကစေတနာနဲ့ ဟိုကောင်ကျောင်းထွက်တော့မဲ့အကြောင်း လာပြောပြတာနော်''

ဘာရယ်..။ဘာအဓိပ္ပါယ်ကိုဆိုလိုချင်တာလဲ။မေးမည်ကြံလိုက်စဉ်မှာပင် ဥက္ကာကျော်၏ နောက်ဘက်ကော်လံစကိုဆွဲကိုင်ပြီး ခပ်ဝေးဝေးကို တွန်းလွှတ်လိုက်သည့်ဘုန်းသန့်ကြောင့် ဟန်သာပါ ရုတ်တရက်လန့်သွားရသည်။

"မင်း....ဟန်သာ့ဆီဘာလာလုပ်ပြန်တာလဲ မင်းကိုငါ သတိပေးပေါင်းများခဲ့ပြီနော်..."

''ငါ့လမ်းငါသွားတာ..''

''မင်းလမ်းမင်းသွားတာဆိုရင် တည့်တည့်သွား၊ဟန်သာ့နားမှာ လာမဝေ့နဲ့''

ဥက္ကာကျော်ထွက်သွားတာကိုကြည့်ပြီးရယ်မိတော့ ဘုန်းသန့်ရဲ့လက်တစ်ဖက်က ဟန်သာ့ခေါင်းထက် ခပ်ဖွဖွကျရောက်လာသည်။

"ရယ်မနေနဲ့....မင်း..."

"ဟိုကောင် ပြေးသွားတာ သဘောကျလို့ပါ..ဪ..ဒါနဲ..မင်းကျောင်းထွက်မယ်ဆိုတာ တကယ်လား''

အဖြေပြန်မရပေ။လက်မောင်းကို တစ်ချက်လှမ်းပုတ်လိုက်မှ...

"အင်း....ငါတကယ်အဆင်မပြေတော့လို့ပါ...ဟန်သာရာ..."

ခေါင်းငုံ့ပြီးဖြေနေတဲ့ပုံစံက ဘုန်းသန့်နဲ့နည်းနည်းလေးတောင်လိုက်ဖက်မနေ။

"မင်းမှာ...ငါရှိတယ်လေ..ငါမင်းကိုကျောင်းထားပေးနိုင်တယ်လေ..ဘုန်းရာ...ငါနဲ့မင်းအတူတူတက်မယ်လေ...ငါ့ကိုမင်းစာပြပေးမှ ဖြစ်မှာလေ..."

"ငါ..မင်းကိုဒုက္ခမပေးချင်ဘူးဟန်သာရယ်..။ငါ့ကျောင်းတစ်ခုတည်းမဟုတ်ဘူး။ငါ့အဒေါ်အတွက်လည်း ငါပိုက်ဆံရှာမှ ဖြစ်မှာ.."

ကျလာတဲ့ မျက်ရည်တွေကို လက်ခုံဖြင့်သာ ဖိဖိပြီး သုတ်နေမိသည်။ဘုန်းသန့်က စာဘယ်လောက်တောင်တော်လိုက်သလဲ။ပြီးတော့ ကိုယ့်မှာခင်တွယ်စရာသူငယ်ချင်းဆိုလို့ သူပဲရှိတာမဟုတ်လား။ဟန်သာက အရုပ်ကြိုးပျက်ဖြစ်နေသလောက် ဘုန်းသန့်ကတော့ ဘေးနားမှာ ငြိမ်သက်စွာ ထိုင်နေမြဲ။

စွန်ကလေး(စြန္ကလေး)Where stories live. Discover now