Zawgyi
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ဒီနေ့တော့ ဟန်သာနှင့်ဘုန်းသန့် ပြည်ပကိုထွက်ခွာကြတာ့မည်။မတတ်သာလို့သာလိုက်ပို့ရပေမဲ့ စိတ်ရှိတိုင်းသာဆို ခပ်ဝေးဝေးကို ထွက်ပြေးချင်တော့တာပင်။ချစ်ကြောင်းဖွင့်ဟခဲ့ရင်တောင် ကိုယ့်အနားကနေ အဝေးပြေးမှာကြောက်လို့ နူတ်ဆိတ်နေပေးခဲ့ပေမဲ့ ခုတော့လည်း မထူးတော့ပါလေ။ကိုယ်ချစ်ရသူက သူချစ်ရသူနောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပြီမဟုတ်လား။
အသည်းကွဲတယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား။ကိုနေသွေးခကို လှမ်းကြည့်မိတော့လည်း ဒီရက်အတောအတွင်းကို သိသိသာသာပိန်ကျသွားပြီး မျက်ကွင်းတစ်စုံမှအစ ညိုမည်းလို့။အတိတ်ဘဝမှာလည်း စွန့်လွှတ်ခဲ့ရပြီးပြီ၊ယခုဘဝမှာလည်း နှစ်ဦးသားအပြန်အလှန်ချစ်နေပါရဲ့နဲ့ ခွဲခွာကြရပြန်လေပြီ။သူနှင့်ယှဉ်ရင် ဥက္ကာအဖြစ်ကမှ ထီမထိုးမိလို့ ထီမပေါက်တာရယ်လို့ ဖြေသာနိုင်လောက်ပါသည်။
"ဥက္ကာ...မင်းဘယ်လိုဆက်လုပ်မလဲ"
"ငါ့အမေကိုလာခေါ်ဖို့ပြောထားတယ်"
အကြောင်းစုံကို သိနေသည့်ဘုန်းသန့်က ဥက္ကာပခုံးထက် ခပ်ဖွဖွဖိရင်းအားပေးလာသည်။
"ဟန်သာ့ကို မနူတ်ဆက်တော့ဘူးလား"
"ဒီအထိတောင် ရောက်လာပြီပဲကွာ..သူနဲ့မင်းကိုလာနူတ်ဆက်တာပဲပေါ့"
ဥက္ကာနှင့်ဟန်သာစကားမပြောဖြစ်တာ မှတ်မှတ်ရရဆို ဟိုတစ်ည စကားများပြီးကတည်းကဖြစ်သည်။စကားမပြောရုံတင်မဟုတ်ဘဲ ဘုန်းသန့်အိမ်မှာသာ သွားအိပ်ခဲ့တာမို့ ဒီရက်ထဲ ဥက္ကာတစ်ယောက်တည်း ကျန်ရစ်ခဲ့ရ၏။ဘာကြောင့်လဲဆိုတာမမေးချင်သလို၊သူစိတ်ပျော်နေရာကိုလည်းမနှောင့်ယှက်လို၍ ခပ်ဆိတ်ဆိတ်သာနေခဲ့ပါသည်။
"မင်း...ဟန်သာနဲ့စကားပြောသင့်တယ်လို့ထင်တယ် ဥက္ကာ"
"ဘာကိုဆိုလိုချင်တာလဲ ဘုန်းသန့်"
"သူ့စိတ်ထဲ မင်းရှိပါတယ်"
သူငယ်ချင်းတစ်ယောက်အနေနဲ့ကတော့ ရှိမှာပေါ့လေ။
YOU ARE READING
စွန်ကလေး(စြန္ကလေး)
Romanceအဆင်မပြေမှုတွေနဲ့ ဒဏ်ရာကိုယ်စီ ရှိနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ သံယောဇဉ် တစ်ဆင့်တက် ချစ်မြတ်နိုးခဲ့ကြတာလေးကို စိတ်ကူးယဉ် ရေးသား ပုံဖော်ထားခြင်းဖြစ်ပါတယ်။ အကြောင်းအရာ တိုက်ဆိုင်သွားခဲ့ရင်လဲ နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်နော်။ စတင်သည့်နေ့...