အပိုင်း (၃၄)(Z &U)

1.9K 215 48
                                    

Zawgyi

အကို့ဆီက ခပ်စိမ်းစိမ်းနေခြင်းသည် ဘုန်းသန့်အတွက် အင်မတန်နေရခက်သည်။အလုပ်မအားဆိုသော အကြောင်းပြချက်ဖြင့် ဘုန်းသန့်ဆီရောက်မလာသလို၊ဘုန်းသန့်သွားလျှင်လည်း ထွက်မတွေ့ဘဲ ရှောင်နေသည်မှာ စမ်းချောင်းမှပြန်လာပြီးကတည်းကဖြစ်၏။

"သားငယ်...မင်း ဒီနေ့နားရက်ဆိုရင် နေနေ့ဆီ ဟင်းသွားပို့ပေးစမ်းပါကွယ်၊စံစံတို့သားအမိတတွေ ငါ့တူလေးကိုထားပြီးခရီးထွက်ကြပြန်ပြီလေ"

ဒါ အခွင့်အရေးပင်။အချိန်ဆွဲမနေဘဲ ရေချိုးပြင်ဆင်ကာ ထွက်လာလိုက်သည်။အကို့အိမ်ရဲ့ သော့ကလည်း ဘုန်းသန့်ဆီ အဆင်သင့်မို့ အိမ်၌ဝင်စောင့်နေရုံသာ။ဘုန်းသန့်ကို ဘယ်လောက်ရှောင်ချင်ချင် အိမ်တော့ ပြန်မလာဘဲ နေမည်မဟုတ်။

"အကို....."

အိမ်မှာ ရှိလိမ့်မည်မထင်ထား၍ အသံတိုးတိုး ဝင်မလာမိသည်ကိုတောင် အားနာသွားမိသည်။အကိုက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ဝယ် အိပ်ပျော်နေလေ၏။အကို့နားကို ချဉ်းကပ်သွားသည့် တခဏ မယဉ်ပါးသော အနံ့တစ်မျိုးက အနံ့ခံအာရုံထဲ အတိုးအဝှေ့ဝင်ရောက်လာလေသည်။

"ညီ...."

ဒါဟာ အကို့ပုံစံဟုတ်မနေ။နှုတ်ခမ်းမွှေးတွေ ဟိုတစ၊ဒီတစနှင့် ညင်းသိုးသိုးဖြစ်နေသည့်အပြင် အတန်ငယ်လည်း ပိန်ကျသွားလေသည်။

"ဘာတွေလျှောက်လုပ်နေတာလဲ အကိုရယ်"

"...."

နေရာကနေ ကုန်းရုန်းထရင်း မဟန်နိုင်စွာ ပြန်လဲကျလေသည်။

"မူးနေသေးရင် မထနဲ့ဦးနော် ၊လာ ကျွန်တော်ကိုခဏမှီထားလိုက်"

ငြင်းဆန်ခြင်းမပြုပါ။ဘုန်းသန့်ရင်ခွင်ထဲ ခေါင်းမှီထားရင်း ကျောဘက်မှာသိုင်းဖက်လာသည့် လက်တစ်ဖက်မှလည်း ဘုန်းသန့်အကျီစကို တင်းတင်းကိုင်ဆွဲလာသလို ရင်ဘတ်တစ်နေရာမှလည်း စိုစွတ်သည့်အထိအတွေ့ကို ခံစားလာရသည်။

"အကို...အကို ငိုနေတာလား .ဟင် ငိုနေတာလားလို့"

"မ ကြည့် ပါ နဲ့"

အကို့တောင်းဆိုသည့်အတိုင်း ငြိမ်လျက်သာ နေပေးဖြစ်သည်။အကို့ရဲ့ ခပ်လှုပ်လှုပ်ခန္ဓာကိုယ်ကိုတော့ ပိုပြီးတင်းအောင် ဖက်တွယ်ထားမိ၏။

စွန်ကလေး(စြန္ကလေး)Where stories live. Discover now