အပိုင်း ၄၅(Z & U)

1.9K 92 15
                                    

Zawgyi

"ကိုဥက္ကာရေ မပြီးသေးဘူးလား...လေယာဉ်ချိန်ကကပ်နေပြီ"

ဘုန်းသန့်နှင့်အတူ ကိုနေသွေးခပါသွားပေမဲ့ သူ့တာဝန်တွေ‌ကျ ပစ်ထားမရလေတော့ ဒီနေ့ပြန်လာရမည်။ဒါကိုပဲ ဘုန်းသန့်က မနေနိုင်မထိုင်နိုင် ပြန်လိုက်ပို့ချင်၊ဒေါ်ကြီးကလည်း သူတို့နှစ်ယောက်ရဲ့အခြေအနေကို အတည်တကျတရားဝင်လေးဖြစ်စေချင်ဆိုတော့ ဒီပြန်လာပြီး မဂ်လာအထိမ်းအမှတ်သဘောဖြင့် ဆွမ်းကပ်မှာပင်။

"ပြီးပါပြီ..ဘာလို့လောနေ"

"အချစ်ဟောင်းနဲ့တွေ့ရမှာလေကွာ..."

"ဘာ..."

ဥက္ကာရဲ့ မျက်စောင်းစူးစူးက ဟန်သာ့မျက်နှာထက် ကျရောက်လာသည်။ခုဆို ဥက္ကာရဲ့အခြေအနေကလည်း အရင်လိုသွက်လက်တာမျိုး မဟုတ်သော်ငြား အကူမပါဘဲတော့ လမ်းလျှောက်လာနိုင်လေပြီ။ဒီ‌‌တော့ အစစအရာရာ သူ့လက်သူ့ခြေပဲလုပ်ချင်ပြီး ဟန်သာလုပ်ပေးရင်ကို မကြိုက်။

"ဖိနပ်စီးပေးမယ်..."

"မလိုဘူး..."

"ဟော...ဒါစိတ်ကောက်သွားတာလား"

အရင်ကတော့ အားတိုင်းဘုန်းသန့်ဆီ ထိုးထိုးလွှတ်တတ်သူက ယခုတော့ သူ့အပိုင်ရယ်လို့သတ်မှတ်ပြီး လေနှင့်စရင်တောင် အူတိုတတ်သူပါ။

"မင်းကကွာ...ငါကစလိုက်တာပါကွ"

"မင်း ငါ့ကို သူ့ထက်ပိုမချစ်ဘူးဆိုတာ...."

ဆူတူတူဖြစ်နေသည့်နူတ်ခမ်းပါးကို ဖိကပ်နမ်းလိုက်တော့ ပြောလက်စစကားကရပ်တန့်သွားပါသည်။

"မင်းကိုပိုချစ်လို့ပဲ မင်းနဲ့အတူနေခဲ့တာမဟုတ်ဘူးလား"

"ငါက အမြဲတမ်းဘေးမှာနေခဲ့ရတဲ့ကောင်မို့ မင်းမရှိတော့တာနဲ့ပတ်သက်ရင် ငါ့စိတ်ထဲမှာ အကြီးဆုံးဒဏ်ရာပါ ဟန်ရယ်..ငါ့ကိုအဲ့လိုတွေ မစပါနဲ့"

"ငါတောင်းပန်တယ်နော်...နောက် ဘယ်တော့မှမစတော့ဘူး ဟုတ်ပြီလား...ပြီးတော့ မင်းလည်းငါ့ကိုယုံပေးရမယ်...ငါ့မှာချစ်ရမဲ့သူတွေ တန်းစီရေရင်တောင် တစ်ကနေတစ်ဆယ်အထိက မင်းပဲရှိပါတယ်"

စွန်ကလေး(စြန္ကလေး)Nơi câu chuyện tồn tại. Hãy khám phá bây giờ