လိမ္မော်ရောင်ကောင်းကင်ပြင်ကြီးပေါ်မှာ ဆေးပန်းချီ ရေးသလို အစိမ်းရောင်၊အပြာရောင် တိမ်မျှင်တန်းတွေ ယှက်သန်းနေတဲ့နေဝင်ဆည်းဆာအလှက ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်သလိုခံစားနေရတယ်..။
တိုက်ခတ်နေတဲ့ လေပြေအေးအေးလေးကလည်း... ကိုယ့်နားရောက်မှ သီးသန့်ပူနွေးနေသလိုလိုပင်..။
မမျှတလိုက်တာဗျာ..။တကယ်ဆို..ဝေးနေကြတာချင်း အတူတူ..ကျွန်တော်ကပဲ..သူ့ကိုလွမ်းနေရတာ... ဖြစ်သင့်ရဲ့လား...။
သက်ပြင်းမောတစ်ခုကိုမှုတ်ထုတ်လိုက်ရင်း...လှရက်နေနိုင်လွန်းသော..နေဝင်ဆည်းဆာအလှကို...ကျောခိုင်းလိုက်၏။
သူကသာလွမ်းဆွတ်ဖို့တွေအဆင်သင့်ဖြစ်နေပေမယ့်.... Tae ကတော့တက်တက်ကြွကြွနှုတ်ဆက်သွားတာပါ။
"ငါသွားမယ်..ကောင်မလေးရရင်လဲ..အကြောင်းကြားဦးနော်...၊ငါကတော့ရောက်တာနဲ့..တစ်ယောက်လောက်ရှာတွဲရမယ်၊ ပြောသာပြောတာပါ..ဒီတစ်သက်..မင်းကြိုက်တဲ့ကောင်မလေးက ရှိလာဦးမှာလား..."
Airportကိုလိုက်ပို့ပြီးနှုတ်ဆက်ကြတော့ Tae ကပဲ စကားတွေအများကြီးပြောနေသည်။ USကိုကျောင်းသွားတက်ရမှာကို ဒီလောက်တောင်ပျော်နေတာလား..။
"အစစ..အရာရာ..ဂရုစိုက်ကွာ..၊ လွမ်းနေမယ်..သိလား.."
မျက်လုံးပြူးကာ မျက်ခုံးပင့်ရင်း Tae က သူ့ကို ကြောင်တောင်တောင်ကြည့်၏။
"ဘာကြီး...လွမ်းနေမယ်..ဟုတ်လား၊ ဘာစကားကြီးလဲကွာ. Jungkook အခုမင်းစကားနဲ့တင်လေ..ငါ့ခရီးကတော့.. မပျင်းရတော့မှာသေချာတယ်ကွာ..ဟား..ဟား.."
Tae က သူ့ပုခုံးကိုခပ်နာနာပုပ်ရင်း ရယ်၏။
သူပါရော၍လိုက်ရယ်နေမိပေမယ့် မျက်နှာပေါ်ကအမူအရာ တွေက အသက်မဲ့နေ၏။
လေယာဉ်ထွက်ခွါရန် အသိပေးနေပြီမို့ Tae က Jungkook ပုခုံးကိုကိုင်ရင်း နှုတ်ဆက်စကားဆို၏။"သွားတော့မယ်...Jungkook၊ ရောက်တာနဲ့..ဖုန်းဆက်လိုက်မယ်၊ သြော်...ဒါနဲ့..၊ Yoon ကိုပြောလိုက်ဦး..ဒီOppa ကို နေ့တိုင်းသတိရဖို့.."
Tae က သူပြောချင်ရာတွေပဲပြောပြီး Jungkook ပုခုံးကို ခပ်ဖွဖွရိုက်ကာ ထွက်သွား၏။
YOU ARE READING
သူမှတစ်ပါး.....
Randomလူတစ်ယောက်ကိုမြင်တယ်...မြင်ရုံနဲ့ပြီးဆုံးမသွားတဲ့ ပုံရိပ်က... စိတ်မှာအရိပ်ထင်တယ်... အရိပ်ကိုအိမ်ရှင်လိုလက်ခံလိုက်တာက..နှလုံးသား.. အမြဲမမေ့ဖို့သတိပေးနေတဲ့..ဦးနှောက်ကြောင့်.. အမှတ်တရတွေ..ဖန်တီးရင်း...ငါ..ချစ်မိသွားသောအခါ.... အဲ့ဒီအရိပ်..ရဲ့..ပိုင်ရှင...