ကားမောင်းရင်းလဲ ပါးစပ်ကအငြိမ်မနေ။ ပြောနိုင်လွန်းသော ကလေးမ ။
သူကတော့ ကားပေါ်မှာအစာမစားတတ်တာမို့ မနက်စာ ထမင်းဗူးကိုသာ စိတ်ပျက်လက်ပျက် ကြည့်နေမိ၏။
"ကြက်ကြီးလည်လိမ်ထားသလိုရုပ်ကြီး..လုပ်မနေစမ်းပါနဲ့.. နင်ကလဲ.."
"ကြက်လည်လိမ်ထားတဲ့ရုပ်..နင်မြင်ဖူးလို့လား.."
"မြင်ဖူးတယ်...၊ ဒီမှာ..."
ပြောပြောဆိုဆို နောက်ကြည့်မှကို သူ့ဘက်လှည့်ပြကာ ဟက်ဟက်ပက်ပက် ရယ်နေသော Yoon ကို ခေါင်းတစ်ချက်တော့ ရိုက်လိုက်၏။
"အ..! "
Yoon က သူ့ကို ဆတ်ခနဲ လှည့်ကြည့်၏။ အစိမ်းလိုက် ဝါးစားတော့မယ့် ဘီလူးရုပ်နှင့်..။
သူက ရှေ့ကိုလက်ညှိုးထိုးပြကာ မဲ့ရင်း...
"ရှေ့ကြည့်မောင်း...ငါမသေချင်သေးဘူး.."
မကျေမနပ်နှင့် ရှေ့လှည့်သွားသော ရုပ်ကိုကြည့်ရင်း Jungkook ရယ်မိ၏။
"မရယ်နဲ့...၊ နင့်ကားနဲ့များ.. လိုက်ချင်လွန်းလို့.. လို့တော့ မထင်နဲ့နော်.."
"ပြောပါဦး..."
"ဟဲ့...ကောင်မလေးတွေက..နင်ကျောင်းရောက်ပြီ ဆိုတာနဲ့ နင့်ကို..ဆွဲစားတော့မလို..ကပ်နေကြတာ..ငါ့သူငယ်ချင်းကို ငါ..ကာကွယ်မပေးသင့်ဘူးလား...ပြော.."
အမယ်...ဆရာမကြီးလေသံနဲ့..။
"သြော်...ဟုတ်လား..၊ ကျောင်းရောက်တာနဲ့..ပန်းစီး ပေးခံရတာ ဘယ်သူလဲ..၊ စာရေးခုံပေါ်မှာ...ချောကလက် အထပ်လိုက်ထားခံရတာ...ဘယ်သူလဲ..၊ ကောင်လေးတွေ မကပ်အောင်..ငါ့ကို cover ယူနေတာ..ဘယ်သူလဲ.."
"ငါလေ..."
မျက်နှာကပြောင်ချက်..။ ရွဲ့မေးလဲ..ရွဲ့ဖြေတာပဲလား.. ကလေးမစုတ်လေး..။
"အေးလေ.."
"အေးလေ...နင့်အတွက်ရော..အထောက်အကူမဖြစ်လို့လား.... ပြော.."
စကားဆက်ပြောချင်စိတ်မရှိတော့၍ လက်ပိုက်ကာ မျက်လုံးမှိတ်နေလိုက်၏။
ကျောင်းဝင်းထဲရောက်တော့ ကားပါကင်ထိုးတာ ညှင်ညှင်သာသာမို့ ဘေးမှရပ်ထားသော ကား၏..back မှန်ဆိုတာ...'ခွမ်း' ခနဲပဲ...။
YOU ARE READING
သူမှတစ်ပါး.....
Randomလူတစ်ယောက်ကိုမြင်တယ်...မြင်ရုံနဲ့ပြီးဆုံးမသွားတဲ့ ပုံရိပ်က... စိတ်မှာအရိပ်ထင်တယ်... အရိပ်ကိုအိမ်ရှင်လိုလက်ခံလိုက်တာက..နှလုံးသား.. အမြဲမမေ့ဖို့သတိပေးနေတဲ့..ဦးနှောက်ကြောင့်.. အမှတ်တရတွေ..ဖန်တီးရင်း...ငါ..ချစ်မိသွားသောအခါ.... အဲ့ဒီအရိပ်..ရဲ့..ပိုင်ရှင...