ဆုံစည်းစေခဲ့သော...ပုံရိပ်လေးများ😊😊
"Jungkook...၊ Kook....Kookie..၊ ထတော့.... ထတော့ဆို.."
သူ့နားနှစ်ဖက်ကိုလက်ဝါးဖြင့်ဖိအုပ်ရင်း အိပ်ယာပေါ်ဟိုလှိမ့် ဒီလှိမ့်လုပ်ကာ စိတ်ပျက်လက်ပျက် ထ'ထိုင်မိ၏။
သူများတွေ အိပ်ယာနိုးရင်ကြားရတဲ့အသံလေးတွေက ကျေးငှက်တို့၏ 'ကျိကျိ...အအ' အသံလေးများ..။
သူ့အတွက်ဆိုရင်..အဲ့နှိုးစက်မက အသံဆိုးကြီးနဲ့..။
"ငါ့ကိုအေးအေးချမ်းချမ်းလေး...ပေးမနေနိုင်ဘူးလား... Yoon...ရာ.."
"အေး....၊ ပေးမနေနိုင်ဘူးဟာ...အခုဘယ်နှနာရီရှိပြီလဲ.. ကောင်စုတ်ရဲ့..၊ ကျောင်းနောက်ကျလို့ Teacher ဆူရင်. နင်...အစားခံပေးမှာလား..ပြော.."
Jungkook အိပ်ယာပေါ်က သူပိုက်ထားသောခေါင်းအုံး ကိုဘေးသို့လွှဲပေါက်ရင်း မတ်တပ်ရပ်လိုက်၏။
အဝတ်ဘီရိုထဲက ဖြူလွလွ တဘက်တစ်ထည်ကိုပုခုံးပေါ် တင်ရင်း ကုတင်စွန်းတွင်ထိုင်နေသော Yoon ကို ဂျိုကြည့်ကြည့်၏..။
"ဘာလဲ..ဘာလဲ.၊ ဘာကြည့်တာလဲ.."
"ငါက ဘာကိစ္စ နင့်အစားဆူခံရမှာလဲ..၊ နင့်အိမ်ကကားနဲ့ သွားပါလား..၊ ငါနဲ့လိုက်ဖို့...ခေါ်မိလို့လား.."
ထိုစကားကိုကြားတော့Yoonကနှုတ်ခမ်းကိုမဲ့ရင်း သူမ ပါးပေါ်ဝဲကျနေသော ဆံနွယ်တွေကို နားနောက်သို့သိမ်းကာ ဆို၏။
"ဟဲ့...နင့်ကားရှိနေရက်နဲ့...ရူးလို့..ငါ့အိမ်ကကားကို စီးရမှာလား..၊ သူငယ်ချင်းပစ္စည်း...ကိုယ့်ပစ္စည်းပဲ..၊ စကားမရှည်နဲ့...ရေမြန်မြန်ချိုးစမ်းပါ..သွား.."
Jungkook က Yoon ကို စိတ်ပျက်သလိုကြည့်ရင်း ရေချိုးခန်းထဲဝင်သွား၏။ Yoon က အောက်ထပ်သို့ဆင်းသွားကာ Jungkook မေမေ မနက်စာပြင်နေတာကို ကူလုပ်ပေးနေလိုက်၏။
Jungkook အောက်ထပ်ဆင်းလာတော့ Yoon က မေမေပြင်ပေးသော မနက်စာကို အားရပါးရစားနေတာမို့ သူ နဲနဲတော့အမြင်ကပ်ချင်သွားသည်။
Yoonက သူဆင်းလာတာကိုလှမ်းကြည့်ရင်း မျက်စောင်း ထိုး၏။
တစ်ကျောင်းလုံးဆင်တူဝတ်နေကြတဲ့ Uniform တောင်မှ Jungkook နဲ့ပို၍လိုက်ဖက်ကာ Smart ကျနေတတ် တာလို့ ကျောင်းကကောင်မလေးတွေပါးစပ်ဖျားတွင် နေ့တိုင်း မရိုးအောင်ပြောနေတတ်ကြ၏။
BINABASA MO ANG
သူမှတစ်ပါး.....
Randomလူတစ်ယောက်ကိုမြင်တယ်...မြင်ရုံနဲ့ပြီးဆုံးမသွားတဲ့ ပုံရိပ်က... စိတ်မှာအရိပ်ထင်တယ်... အရိပ်ကိုအိမ်ရှင်လိုလက်ခံလိုက်တာက..နှလုံးသား.. အမြဲမမေ့ဖို့သတိပေးနေတဲ့..ဦးနှောက်ကြောင့်.. အမှတ်တရတွေ..ဖန်တီးရင်း...ငါ..ချစ်မိသွားသောအခါ.... အဲ့ဒီအရိပ်..ရဲ့..ပိုင်ရှင...