Zawgyi
Jungkook ရဲ့ တစွန်းတစကျောပြင်ကို အမှီလိုက်နေရင်းမှ မျက်ဝန်းထောင့်ကလှုပ်ရှားသွားသော ပုံရိပ်ကြောင့် နှစ်ခါတောင်စဉ်းစားစရာမလိုဘဲ ခြေလှမ်းက ပန်းခြံနားကကျောင်းသားတစ်စုဆီသို့ ဦးတည်လိုက်ကာ လက်ခုပ်ကိုခပ်ကျယ်ကျယ်တီးရင်း"Bခန်းကကောင်တွေ...သတ္တိကိုချီးကျူးလွန်းလို့... ကျောင်းအုပ်ကြီးက..သူ့ရုံးခန်းကိုကြွခဲ့ကြပါတဲ့.."
လက်ကလေးနှစ်ဖက်ကလည်း ကျောင်းအုပ်ရုံးခန်းဘက်ကို ဝှေ့ပြကာ ခါးလေးကိုလဲညွှတ်လိုက်သေး၏။
ထိုအခါ နားနောက်သို့သိမ်းထားသော ဆံနွယ်လေးတွေက ချစ်စရာမျက်နှာလေးကိုအုပ်ကွယ်သွား၏။ဒါတောင် ထိုအုပ်စုက ကြောင်တောင်တောင်ရပ်ကြည့်နေသေး၏။
"ဘာလဲ..နင်တို့ရဲ့အတန်းခေါင်းဆောင်..ငါ့ကို..မမြင်ဖူး လို့ကြည့်နေကြတာလား..၊ ဒါမှမဟုတ်..ငါကိုယ်တိုင် ကျောင်းအုပ်ရုံးခန်းကို လိုက်ပို့စေချင်တာလား.."
ထိုစကားကြားမှ သတ္တိခဲအုပ်စုက အတန်းဘက်သို့ တစ်ချိုးတည်းလစ်ပြေားကြတော့၏။
အတန်းခေါင်းဆောင်ဆိုသောဂုဏ်ပုဒ်ကို ကြောက်သည်ထက် ကျောင်းအုပ်ကြီးကိုပြောရေးဆိုခွင့်ရှိသောသူမ ပါးစပ်ကို ကြောက်သည်ဆို ပိုမှန်ပေမည်။
ထိုအုပ်စုမရှိတော့မှ ခုံတန်းရှည်လေးခြေရင်းက ကောင်လေးကသူမကိုမော့ကြည့်လာသည်။
ရှက်ရွံ့ခြင်း အငွေ့သက်များနှင့်...။
"အဲ့ဒီနေရာက တော်တော်ထိုင်လို့ကောင်းနေလား... မောင်လေး"
နေရာမှမထသော ကောင်လေးကို ခပ်ချဉ်ချဉ်မေးမိ၏။
ကောင်လေးက ဖုန်များကိုခါရင်းထ'ကာ သူမကို မျက်နှာချင်းဆိုင်ကြည့်၏။
"ခင်ဗျားအပူမပါဘူး..."
"ဟင်....ဘာ!.."
အံသြသွားမိတာတော့အမှန်..။
အခု...သူမ..ရန်လုပ်ခံနေရတာလား...။"ပြီးတော့...ကျွန်တော့ကို...သနားစရာမလိုဘူး.."
ထိုစကားကြားမှ သူမ ပြုံးမိသည်။
ESTÁS LEYENDO
သူမှတစ်ပါး.....
De Todoလူတစ်ယောက်ကိုမြင်တယ်...မြင်ရုံနဲ့ပြီးဆုံးမသွားတဲ့ ပုံရိပ်က... စိတ်မှာအရိပ်ထင်တယ်... အရိပ်ကိုအိမ်ရှင်လိုလက်ခံလိုက်တာက..နှလုံးသား.. အမြဲမမေ့ဖို့သတိပေးနေတဲ့..ဦးနှောက်ကြောင့်.. အမှတ်တရတွေ..ဖန်တီးရင်း...ငါ..ချစ်မိသွားသောအခါ.... အဲ့ဒီအရိပ်..ရဲ့..ပိုင်ရှင...