Part-1👻♥

12.1K 688 38
                                    

Unicode ♥️

Oh,My Ghost!!👻♡.

~~~♥

~ Arrr!ပင်ပန်းလိုက်တာ! ~

ရှောင်းကျန့်တစ်‌ေယာက်ညည်းညူရင်းကိုယ်ကိုကုတင်ပေါ်ပစ်လှဲချလိုက်သည်။

ဂွီ^^

မျက်စိလေးခဏမှိတ်ရုံရှိသေး၊ဗိုက်ထဲမှမြည်လာသောအချက်ပေးသံကြောင့် ရှောင်းကျန့်သူ့ဗိုက်သူပွတ်ရင်း ကုတင်ပေါ်မှထထိုင်လိုက်သည်။

~ အာ...တစ်နာရီ‌‌ေတာင်‌ေကျာ်‌ေနပီပဲ! ~

ကုတင်‌ေဘးရှိစားပွဲပေါ်ကနာရီကိုကြည့်ရင်းရှောင်းကျန့်ပြောလိုက်ခြင်းပင်။

~ အာ...ဟိုတစ်‌ေန့က‌ေပါင်မုန့် ~

ပြောပြောဆိုဆိုနှင့်ကုတင်ပေါ်မှထကာ ဧည့်ခန်းထဲသို့လျှောက်သွားလိုက်သည်။ထို့‌ေနာက်ဧည့်ခန်းထဲရှိပုံးများနှင့်ပါကင်ပိတ်အထုပ်များအားကျော်ခွ၍သူ့ကျောပိုးအိတ်ကိုရှာ‌နေရပြန်သည်။

~ Yayy!တွေ့ပီ! ~

ရှောင်းကျန့်သူ့ကျောပိုးအိတ်ပေါ်တွင်ပိနေသောပါကင်ပိတ်အထုပ်များအားကြမ်းပြင်သို့ပုံချလိုက်ကာ အောက်ကကျောပိုးအိတ်ကိုယူလိုက်သည်။
ကျောပိုးအိတ်ဇစ်ကိုဖွင့်ကာ အထဲကိုလက်နှိုက်၍မွှေနှောက်လိုက်သည်။ခဏကြာသောအခါရှောင်းကျန့်လက်ထဲပါလာသည်ကပြားကပ်၍ပုံပျက်နေသောအဝါရောင်‌ေပါင်မုန့်အိတ်လေး။

~ Dateလွန်‌ေနပီလား?? ~

လည်ပင်းတွင်ကြိုးဖြင့်ဆွဲထားသောမျက်မှန်အားတပ်ကာမုန့်ထုပ်ကိုဖင်ပြန်ခေါင်းပြန်ကြည့်နေသောရှောင်းကျန့်။အနီးမှုန်ဖြစ်သောရှောင်းကျန့်!
စည်းစနစ်မရှိဘဲပီးစလွယ်နေတတ်သောသူ့အကျင့်ကြောင့်သူ့မျက်မှန်သူလည်ပင်းတွင်ကြိုးဖြင့်ဆွဲထားခြင်းဖြစ်သည်။

~ အယ်,သုံးရက်လိုသေးတာပဲ! ~

ပါးစပ်ကပြော‌လည်းပြော၊လက်ကလည်းမုန့်အိတ်ကိုဖောက်ကာပေါင်မုန့်ကိုတစ်ကိုက်ကိုက်ချလိုက်သည်။

~ အင်း!ကောင်းလိုက်တာ! ~

ပလုပ်ပလောင်းနှင့်ပင်စားပွဲပေါ်တွင်တင်ထားသောရေဗူးကိုယူကာဖွင့်သောက်လိုက်ပြန်သည်။ ထို့နောက်ကိုက်လက်စပေါင်မုန့်နှင့်ရေဗူးကိုယူကာအိပ်ခန်းထဲသို့ပြန်ဝင်လာခဲ့တော့သည်။

Oh My Ghost 👻Where stories live. Discover now