Unicode ♥️
ဝမ်ရိပေါ်ရေချိုးခန်းထဲတွင်ထိုင်နေစဉ်တံခါးဖွင့်သံကြားလိုက်ရသောကြောင့်မော့ကြည့်လိုက်မိတော့...
*Arrr!!-ျီး!ဘာမှလည်းဝတ်မထားဘူး!!*
ဝမ်ရိပေါ်တစ်ယောက်စိတ်ထဲမှအော်ဆဲလိုက်ကာနံရံကိုဖြတ်၍ဧည့်ခန်းထဲသို့အမြန်ပြေးဝင်လိုက်တော့သည်။ထို့နောက်ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်ကာ သူ့ခေါင်းသူခါရမ်းနေမိေတာ့သည်။
*No!No!ငါဘာမှမမြင်ဘူးနော်!ငါဘာမှမမြင်ဘူး!*
သရဲကိုတောင်ပြန်လန့်အောင်လုပ်နိုင်သော အမောင်ရှောင်းကျန့်ရယ်ပါ။
~ Wow!!တော်တော်ကြည့်ကောင်းတဲ့ငါပဲ! ~
ရှောင်းကျန့်တစ်ယောက်သူ့ကိုယ်သူမှန်ထဲတွင်ကြည့်ကာ ချီးကျူးလိုက်သည်။
အပြာနုရောင်ရှပ်အကျီလေးကိုဂျင်းဘောင်းဘီနှင့်တွဲဝတ်ထားသောရှောင်းကျန့်မှာရှိရင်းစွဲအသက်ထက်ပင်ပို၍ငယ်နေသယောင်။~ ဟင်း!ငါ့ရုပ်ရည်ဒီလောက်ကောင်းတာကို ဟိုစည်တစ်ပိုင်းခွဲကြီးနဲ့သာငြားလို့ကတော့...
အမလေး ကြက်သီးတောင်ထတယ်! ~သူ့ဘာသူတွေးရင်းဖုန်းနှင့်ပိုက်ဆံအိတ်ကိုယူကာ
အိပ်ခန်းထဲမှထွက်လာခဲ့လိုက်သည်။ဧည့်ခန်းထဲသို့ဝင်လာသောရှောင်းကျန့်အားမြင်လိုက်ရေသာအခါဝမ်ရိပေါ်တစ်ယောက် မေ့ဖျောက်ထားသောရေချိုးခန်းထဲမှပုံရိပ်သည် သူ့မျက်လုံးထဲ၌ပြန်၍ပေါ်လာလေသည်။
*Arrrr!!ထွက်သွားစမ်း!အရှက်မရှိတဲ့လူသား^^*
ပြောပြောဆိုဆိုဖြင့်သူ့ဘေးဆိုဖာပေါ်တွင်ရှိနေသောေရသန့်ဘူးခွံအားကိုင်ကာ ဖိနပ်စီးနေသော ရှောင်းကျန့်ဆီသို့ပစ်ပေါက်လိုက်တော့သည်။
ဒုန်း💥
အပြင်ထွက်၍တံခါးပိတ်လိုက်သောရှောင်းကျန့်ကြောင့်ရေသန့်ဘူးခွံလေးမှာတံခါးနှင့်သာတိုက်မိကာပြုတ်ကျသွားတော့သည်။
သရဲဝမ်ရိပေါ်မှာတော့သူရှုံးသွားသောကြောင့် အပြင်ထွက်သွားသောရှောင်းကျန့်အားကြိမ်းဝါးရင်းကျန်ခဲ့တော့သည်။
YOU ARE READING
Oh My Ghost 👻
Fanfictionသရဲနဲ့လူချစ်လို့ရပါသလား?!!《100marks》 Just Funny ♥♥♥ သရဲနဲ့လူချစ်လို့ရပါသလား?!!《100marks》