Unicode ♥️
ရှောင်းကျန့်အခန်းရှေ့မှာရပ်နေတာနည်နည်းတော့ကြာနေပီ။ဒါပေမယ့်သူမဝင်ရဲသေးဘူး!ဇာတ်ကားထဲကလိုမျိုးတံခါးဖွင့်ဖွင့်ခြင်း*ဗြဲ*ဆိုပီးပေါ်လာရင်ဘယ်လိုလုပ်ရပါ့,နော့်!!
ဒါပေမယ့်လည်းသိပ်တော့စိတ်မပူပါဘူး!အဲ့လိုရုတ်တရပ်ပေါ်လာရင်တောင်သရဲကချောနေတာမလို့သူလန့်စရာအကြောင်းလည်းမရှိ!!
ပီးတော့သူ့မှာလျှို့ဝှက်လက်နက်လည်းပါလာသေးတယ်!အဟိ^^မင်းတို့သိချင်နေကြပီမလား?!
ငါအဲ့ရုပ်ချောတဲ့သရဲကိုဘယ်လိုနှိမ်နင်းမလဲဆိုတာစောင့်ကြည့်ကြ!!
ရှောင်းကျန့်သူ့အခန်းသူpasswordရိုက်ထည့်ပီးတံခါးကိုခပ်ဖြေးဖြေးပဲဖွင့်လိုက်တယ်။*ဟမ်?ဘယ်ရောက်သွားပါလိမ့်?!*
*ဝေ့,ဒီမှာလည်းမရှိပါလား?!*
သူ့ခေါင်းသူကုတ်ရင်းတိုက်ခန်းတစ်ခန်းလုံးကိုမွှေနှောက်နေပါတဲ့ရှောင်းကျန့်!!
*အာ...ဇာတ်လမ်းထဲကလိုဆိုရင်...*
သူ့အတွေးနဲ့သူရှောင်းကျန့်ကမီးဖိုထဲကပုလင်း
လွတ်တွေကိုအဖုံးဖွင့်ပီးလိုက်ရှာနေပြန်တယ်။*ဟင်!ဒီမှာလည်းမရှိပြန်ဘူး!*
*ဟူး,မောလိုက်တာ!*
တိုက်ခန်းတစ်ခန်းလံုးကိုသရဲရှာပုံတော်ဖွင့်ပီးတဲ့
ရှောင်းကျန့်ကအခုတော့ဆိုဖာပေါ်မှာမျက်စိစုံမှိတ်ရင်းလျော့တိလျော့ရဲမှီလို့။သူတစ်ကယ်မောသွားပီလေ။
သရဲကလည်းတွေ့ချင်တယ်ဆိုနေဘယ်ရောက်နေမှန်းမသိ။ရှောင်းကျန့်ရဲ့မျက်နှာကမျက်လုံးမှိတ်ေနရင်းကိုအလိုလိုမဲ့ရွဲ့လာတယ်။အဲ့တာကရှောင်းကျန့်ရဲ့အကျင့်တစ်ခုပဲ။သူစိတ်ထဲရှိတဲ့အတိုင်းမျက်နှာအမူအရာတွေအမြဲပြောင်းလဲနေတတ်တာလေ။ရှောင်းကျန့်ကသူ့ဘောင်းဘီအိတ်ကပ်ထဲကိုလက်နဲ့လှမ်းစမ်းလိုက်တယ်။အင်း...အရေးကြီးတဲ့ရတနာကရှိသေးတယ်။
ဒါပေမယ့်သရဲကဘယ်ရောက်နေတာတုန်း!!
အော်ခေါ်ရင်ထွက်လာလောက်လား?!!
သူ့အတွေးနဲ့သူပျင်းရိနေတဲ့ကိုယ်ကချက်ချင်း
ထထိုင်ပီးမတ်သွားတယ်။~ သရဲလေးရေ!မှီ..မှီ...မှီ... ~
~ အယ်,မှားလို့!သရဲကအဲ့လိုခေါ်ရတာမဟုတ်ဘူးလေ!အဲ့တာကြောင်ခေါ်တာ!ဒါဆိုသရဲကဘယ်လိုခေါ်ရတာပါလိမ့်?! ~
YOU ARE READING
Oh My Ghost 👻
Fanfictionသရဲနဲ့လူချစ်လို့ရပါသလား?!!《100marks》 Just Funny ♥♥♥ သရဲနဲ့လူချစ်လို့ရပါသလား?!!《100marks》