Unicode
ဆိုဖာပေါ်မှာ Sean Xaioနဲ့ ဝမ်ရိပေါ်က ပူးကပ်ပြီးစကားတွေပြောနေကြတယ်။
မျက်နှာကိုမမြင်ရပေမယ့် ရယ်သံတွေကြောင့် ဝမ်ရိပေါ် အရမ်းသဘောကျနေမှန်း သိသာပါတယ်။ရုတ်တရက်ရှောင်းကျန့်ရင်ထဲ တင်းကျပ်လာသလိုပဲ....တစ်ခုခုကိုဝမ်းနည်းပြီး ငိုချလို့မရတဲ့ ခံစားချက်ကြီး.....
"ရိပေါ် ကော သွားပြီနော်.."
"နောက်မှတွေ့မယ့် ကော...."
၁၅မိနစ်လောက်ကြာပြီးနောက် Sean Xiaoက လက်ပြကာ နှုတ်ဆက်ထွက်သွားပြီ။တကယ်ဆို ဒီအဆောက်အဦမှာ Sean xiaoက ဘာရိုက်ကူးရေးမှ မရှိပဲနဲ့ ရောက်လာတာ....တမင်ဝမ်ရိပေါ်ကိုလာတွေ့တာလား.....
ရှောင်းကျန့်တွေးလို့မပြီးခင်ပဲ မန်နေဂျာကအခန်းထဲပြန်ရောက်လာပြီး အထုတ်တွေဆွဲပြီးထွက်သွားတယ်။ဝမ်ရိပေါ်က အကြောဖြေထရပ်ပြီး လိုက်ထွက်သွားလေရဲ့....
"ခုမှ အသက်ရှူချောင်တော့တယ်။"
လူသံတွေငြိမ်သွားမှ ရှောင်းကျန့်အခန်းပြင်ထွက်လိုက်တယ်။အခန်းတစ်ခုလုံးက နွေးထွေးနေသလိုပဲ...
ဝမ်ရိပေါ်ထိုင်ခဲ့တဲ့ နေရာမှာခဏထိုင်လိုက်ပြီး တစ်ချိူးတည်း အခန်းပြင်ပြေးရတော့တယ်။
မဟုတ်ရင် သူပဲပိတ်မိကျန်ခဲ့တော့မှာ။ဗန်ကားမဲမဲကြီးနောက် ရှောင်းကျန့်ကားမဲလေးကလဲတရိပ်ရိပ်လိုက်လို့....
ကောင်မတွေကြားထဲ လမ်းလျှောက်စရာမလိုပဲနဲ့ကိုရွေ့ရင်းကားနားထိပါလာတာပဲ....။"ယွီပင်း ဒီနေ့ Sean xiao ဘာရိုက်ကူးရေးရှိလဲ..."
"အေး day day up ပရိုဂရမ်ရဲ့ ဘေးကအဆောက်အဦးမှာ ရိုက်ကူးရေးရှိတယ်။ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ဘူး...လူတွေတအားများလို့မေးကြည့်တာ ဒါပဲ့ ဟေ့ရောင်......."
ဆိုတော့ Sean Xiaoက ရိုက်ကူးရေးအပြီးဝင်တွေ့ရုံပေါ့...တမင်လာတွေ့တာမဟုတ်ဘူးပေါ့....
ရှောင်းကျန့်လေပူတွေကို မှုတ်ထုတ်လိုက်တယ်။
ဗန်ကားလေးကတော့ စားသောက်ဆိုင်တစ်ဆိုင်ထဲ ရပ်တာမို့ ဝမ်ရိပေါ် ညစာလာစားတယ်ထင်ပါရဲ့...
YOU ARE READING
Journalist & Me !!!!
Fanfictionတစ်နေ့သ၌ ကျွန်တော့်ဘဝလေးထဲ ကဂျိူးကချောင်သတင်းထောက်ကလေး ရောက်ရှိလာခဲ့၏။