Ep.15.

15K 1.7K 224
                                    

Unicode

အခြေအနေတွေက အရင်လိုပါပဲ....FM ညကတွေ့ပြီးနောက်ပိုင်း သူတို့ထပ်မတွေ့ဖြစ်ကြတော့ပြန်ဘူး....ရိပေါ်မှ မအားတာ....အင်း...

ရှောင်းကျန့်နဲ့ပြတ်ပြီဆိုတဲ့နောက်ပိုင်း ရိပေါ်ဆီအလုပ်တွေတောက်လျှောက်ဝင်တော့တာပဲ....
တစ်ခါတစ်လေတွေးမိတယ်...ရိပေါ်အဆင်ပြေဖို့ဆို သူကအနားမှာမရှိရမှ....ရိပေါ်ကသူ့ကို လာဘ်ကောင်လေးဆိုပြီး ပြောခဲ့ဖူးပေမယ့် တကယ်လဲဟုတ်မနေပါဘူး....

တီ တီ

"အင်း!!! "

"ကော ဘာလုပ်နေလဲ...."

"စာရေးဖို့လုပ်နေတာလေ...မင်းရော"

"ရိုက်ကွင်းမှာ နားတုန်းဖုန်းဆက်လိုက်တာ ..."

"အော် ထမင်းသေချာစား.....နေမကောင်းမဖြစ်စေနဲ့...."

"ဟုတ်..."

"ဒါပဲလေ ငါစာရေးရဉီးမယ် "

ဆက်သွယ်ပြောဆိုမှုတွေဟာ အေးစက်လာတယ်။
ရိပေါ်ကတစ်နေ့တစ်ခေါက်တော့ သူ့ဆီဖုန်းဆက်ပေးရှာပါတယ်။ ဖုန်းပြောတိုင်းလဲ ထမင်းစားဖို့...ကျန်းမာရေးဂရုစိုက်ဖို့ ဒါကလွဲပြီးပိုမပြောဖြစ်ဘူး......

အနုပညာရှင်တစ်ယောက်ကို ချစ်မိမှတော့ သူဒီလောက်တော့ ပေးဆပ်ရမှာပေါ့....

စာရေးဖို့လုပ်ပေမယ့်လဲ စိတ်ကပျော်မနေတော့ ရေးလို့မရဘူး...ရိပေါ်ကတော့ခုထိ ပုံပြင်စာအုပ်လေးကိုဖတ်ဖြစ်ပုံမပေါ်ဘူး။

ရှောင်းကျန့် သူ့စိတ်တွေကိုထွက်ပေါက်ပေးဖို့လိုနေပြီ။ဒီနွံ့ထဲက ရုန်းထွက်သင့်ပြီ။ တစ်ခါလောက်တော့ ကိုယ်ကိုယ့်ကိုအတွက် စဉ်းစားကြည့်ဉီးမယ်။

..................

"မေမေ ကျတော်လာတယ်....."

"ကျန့်ကျန့် အကြောင်းမကြားနဲ့...တစ်ယောက်တည်းလား.... "

"ဒါပေါ့ ဘယ်သူတွေပါရဉီးမှာလဲ..... "

လမ်းခွဲကြောင်းစာထွက်လာတုန်းက မေမေရောက်လာသေးတယ်။ မေမေ့ကိုလဲ တကယ်လမ်းခွဲတာလို့ လိမ်ထားရတယ်။ ခုပုံစံကလဲ ကွဲနေတာနဲ့တူတူပါပဲ....အရင်လိုမှမဟုတ်တော့တာ...

Journalist & Me !!!!Donde viven las historias. Descúbrelo ahora