Ep.5.

16.5K 1.8K 51
                                    

Unicode

"ရေးလို့ပြီးပြီလား!!! "

ရှောင်းကျန့်ရဲ့ဆိုဖာပေါ်မှာ ဝမ်ရိပေါ်က ပက်လက်ကြီးဂိမ်းဆော့နေတယ်။ ရှောင်းကျန့်က စာရွက်လေးနဲ့ဘောပင်လေးကိုင်ပြီး စည်းကမ်းချက်တွေထိုင်ရေးနေတယ်။ သေချာစကားပြောလို့အပြီး ၃ ၄လလောက် အစမ်းတွဲဖို့ ဆုံးဖြတ်လိုက်တယ်။ဝမ်ရိပေါ်က သူ့ကိုအလုပ်ပြန်လုပ်လို့ရအောင်လိုက်ပြောပေးမယ် ဆိုမှတော့ သူလဲမငြင်းနိုင်တော့ဘူး။
မငြင်းချင်တော့တာလဲပါတာပေါ့။

"တစ်အချက် မင်းငါ့ကိုရိုရိုသေသေပြောဆိုဆက်ဆံရမယ်။ ကောလို့ခေါ်ရမယ်။ "

ဖြစ်တယ်။ရိပေါ်လဲယဉ်ကျေးမှုမရှိတဲ့သူမှမဟုတ်တာ။ ဒီလောက်ကတော့ အိုခေ...

"ပြီးပြီ!! "

"တစ်ချက်ပဲလား!!! "

ရိပေါ်ကဖုန်းကိုပိတ်ချပြီး ရှောင်းကျန့်ဆီက စာရွက်လေးကိုလှမ်းယူတယ်။
တကယ်ကြီး တစ်ချက်ထဲ...
ဒီကောကောက အရမ်းရိုးသားတာပဲ

"အင်း မင်းရော "

"ကျတော်ခေါ်လိုက်တိုင်း ကောလာပေးရမယ်။ "

ဗုဒ္ဓေါ!!!!

ရှောင်းကျန့်ကမျက်လုံးကြီးပြူးပြီးရိပေါ်ကိုကြည့်နေတယ်။စကားကဘာကြီးလဲ!!!

"ရိုက်ကွင်းမှာ လိုအပ်လို့ခေါ်ပြီဆို လာပေးရမယ် ​ပြောတာ။ "

"မင်းခေါ်တဲ့အချိန် ငါ့ကအလုပ်ထဲရောက်နေရင် ဘယ်လိုလုပ်မလဲ!! "

"အဲ့တာကကောအပိုင်းလေ...ကျတော်ခေါ်တာနဲ့လာပေးရမယ်။ "

"မရဘူးလေ..ငါကအလုပ်နဲ့အကိုင်နဲ့...ငါသတင်းယူနေတဲ့အချိန် ဘယ်လိုလုပ်မလဲ..ပြီးတော့ ခေါ်တိုင်းလာရအောင် ငါကမင်းအလုပ်သမားလား..."

"မသိဘူး လာဆိုလာပဲ"

"ကျစ် ဝမ်ရိပေါ် မင်း!!!!"

ဘာပဲဖြစ်ဖြစ်ပါ...ရိပေါ်က ကောလို့တောင်ခေါ်ပေးနေပြီပဲမို့ ရှောင်းကျန့်ခေါင်းပဲငြိမ့်ပြလိုက်တယ်။
A4စာရွက်လေးမှာ စာလေးနှစ်ကြောင်းနဲ့အတူ ရှောင်းကျန့်ဆိုတဲ့ နာမည်နဲ့ ဝမ်ရိပေါ်ဆိုပြီး ပါတယ်။
နှစ်ယောက်သားသဘောတူညီကြောင်းစာချုပ်လေး။

Journalist & Me !!!!Where stories live. Discover now