Ep.3.

16.8K 1.8K 38
                                    

Unicode

မျက်စိရှေ့မှာ ဝမ်ရိပေါ်က ရှောင်းကျန့်မှတ်ပုံတင်ကိုကြည့်ရင်းရယ်တယ်။

Sean Xiaoနဲ့ နာမည်ချင်းဆင်နေတာတော့ မတတ်နိုင်ဘူးလေ။ဝမ်ရိပေါ်က မှတ်ပုံတင်ကိုပြန်ကမ်းပေးရင်း

"ခုနကဖြေခဲ့သလိုပဲ အစ်ကိုရှောင်းနဲ့က ညီအစ်ကိုတွေ...နောက်ကျ ဒီထက်ပိုကောင်းတဲ့မေးခွန်းတွေ ကြိုစုထားပေါ့ ဟုတ်ပြီလား ရှောင်းကျန့်!!! "

ပြောပြီးတာနဲ့  ဝမ်ရိပေါ်က သန့်စင်ခန်းထဲကပြန်ထွက်သွားတယ်။ ရှောင်းကျန့်သာ ငုတ်တုတ်။

မှတ်ပုံတင်ထဲက မွေးသက္ကရာဇ်1991ကို မြင်မှာအသေချာကြီး...အဲ့တာတောင် သူ့ကိုရှောင်းကျန့်လို့ ခေါ်သွားသေးတာ။

သူ့နောက်လိုက်တဲ့ ၆ရက်အတွင်းပထမဆုံးစိတ်တိုခြင်းပဲ..၆နှစ်ငယ်တဲ့ ပေါက်စဆီက ကလော်တုပ်ခံလိုက်တာ...ကျေနပ်မနေဘူး....။

"နောက်ရက်တွေ ဘယ်လိုလုပ်ရပါ့"

.........................

ခုရှောင်းကျန့်ရောက်နေတာ ဝမ်ရိပေါ်ရဲ့ ဇာတ်ကားသစ် Legend Of Feiရဲ့ ရိုက်ကွင်းနေရာ။ ရှေးခေတ်ဝတ်စုံနဲ့လဲ ဝမ်ရိပေါ်က မိုက်နေပြန်ရော။

စိတ်ဆတ်ဆတ်နဲ့ ချန်ချင်းလင့်တုန်းကလဲ ကိုယ်တိုင်မြင်လိုက်ရမှာလို့တောင် တွေးမိလိုက်သေးသည်။

ဇာတ်ညွှန်းစာအုပ်ဖတ်လိုက်၊ စကိတ်ဘုတ်စီးလိုက်နဲ့ ရိပေါ်က အပိုအလိုတွေသိပ်မလုပ်။။သူ့ပုံစံအတိုင်းပဲနေသည်။ကောင်မလေးတွေနဲ့ ဟေးလာဝါးလားလဲမနေ....သူစကားပြောတဲ့မိန်းကလေးတွေဆိုလို ခေါင်းဆောင်မင်းသမီးနဲ့ မိတ်ကပ်ဆရာမတွေလောက်ပဲ ရှိသည်။

"ဝမ်ရိပေါ်က မိန်းကလေးအလာဂျစ်ထင်ပါ့။ "

ရှောင်းကျန့်ကင်မရာလေးကို သိမ်းပြီးကားဆီပဲပြန်လိုက်သည်။မနက်ကတည်းက တောက်လျှောက်လိုက်နေတာ ဘာမှလဲမစားရသေး။ သေချာရေရာတဲ့ သတင်းလဲ မရ။

အနုပညာထဲလောကထဲမှာ ဝမ်ရိပေါ်လိုလူမျိူးတွေချည်းသာဆို ရှောင်းကျန့်တို့ သတင်းသမားတွေ ငတ်သေမှာပဲ။

Journalist & Me !!!!Where stories live. Discover now