(zawgyi)
အချစ်ဆိုတာဘာလဲ ကျွန်တော်မသိဘူးဂျောင်ဆူး။ ကျွန်တော်သိသထက်သိချင်ခဲ့တာ ခဗျားအကြောင်း။
အရင်ကခဗျားအပြုံးအရီကအစ နားလည်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ ခဗျားကျွန်တော့နားက ထွက်ပြေးရတဲ့အကြောင်းအရာကို နားမလည်နိုင်ခဲ့ဘူး။
အရင်နှီးဆုံးသူပေးတဲ့ ဒါဏ်ရာဟာအနာကျင်ရဆုံးပါပဲ။ တွဲထားတဲ့လက်တွေမြဲဖို့ ဘယ်လိုချစ်ခြင်းမျိုးနဲ့ ဆွဲထားရမလဲ။
တံခါးတစ်ဖက်မှာ ခဗျားစောင့်နေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
*********************************
"ဒုန်း"
"ဒိုဂျောင်ဆူးထွက်ခဲ့ အခုထွက်ခဲ့ အဲ့လိုထွက်ပြေးတာနဲ့ ကျွန်တော့်လက်ကလွှတ်မယ်ထင်နေလား။"
တံခါးဖွင့်သံနဲ့ သူ့အသံဆူညံ့ညံ့ကလွဲလို့ မျှော်လင့်ထားသူရဲ့ အရိပ်လေးတောင်မတွေ့ရသေး။ ပိုင်ရှင်မဲ့အခန်းလွတ်ဟာ သူ့ကိုအေးစက်စက်စောင့်ကြိုနေလေရဲ့။
"အချစ်ကျွန်တော့်ကို အဲ့လိုမထားခဲ့ပါနဲ့။ နောက်အဲ့လို မဖြစ်စေရဘူး။ ကျွန်တော်တောင်းပန်ပါတယ်။ ။ "
Hyungအခန်းထဲမှာ အော်ဟစ်နေတဲ့ ဂျွန်အင်ကိုမြင်တော့ ဆယ်ဟွန်းစိတ်မကောင်းဖြစ်မိသည်။
"မင်းဒီလိုလုပ်နေလို့ ဘာမှမထူးဘူးဂျွန်အင်။"
"သူဘယ်ကိုသွားတယ်ဆိုတာ မင်းသိတယ်မလားဆယ်ဟွန်း။ ဟင် မင်းသိတယ်မလား။ မနေ့ကငါမင်းအပေါ်လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူဘယ်ကိုသွားတယ်ဆိုတာ ငါ့ကိုပြောပြပေးပါ။"
ဂျွန်အင်ပုံစံကအားကိုးရာ ပျောက်နေတဲ့ကလေးလိုပင်။
"ငါတကယ်မသိဘူး ဂျွန်အင်။ Hyungကဘယ်သူ့ကိုမှပြောသွားမဟုတ်ဘူး။ သူဟိုမှာအခြေကျမှ ဆယ်သွယ်မယ်ဆိုပြီးပြောသွားတာ။"
"ကျေးဇူးပဲ။ ငါသဘောပေါက်ပြီ။"
Jonginမစီးတာကြာတဲ့ ပြိုင်ကားကို ထုတ်လာလိုက်သည်။
်ဒိုဂျောင်ဆူး ခဗျားကျွန်တော့်ဆီကထွက်ပြေးတဲ့ အဲ့ခြေလှမ်းတွေနဲ့ပဲ ကျွန်တော့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ပြန်လာစေရမယ်။
YOU ARE READING
My Jealous Boyfriend
Fanfictionခဗျားက ကျွန်တော့အပိုင်မို့လို့ ထွက်သွားဖို့ကို စိတ်ကူးနဲ့တောင်မတွေးမိစေနဲ့။