11

5.2K 467 40
                                    


(Zawgyi)
ကားရပ်တာနှင့် အိမ်ထဲကိုဆောင့်အောင့်ပြီး ဝင်သွားတဲ့ လုံးကစ်။ အပြစ်လုပ်ထားတဲ့သူက တစ်ပြန်ကြီးသူ့ကို ကောက်သွားသည်။ နေပေါ့ ဒီလိုကိစ္စမျိုးနဲ့ပတ်သတ်ပြီး ကိုယ့်ဘက်ကစချော့ဖို့ကိုလည်း လုံးဝလုံးဝစိတ်ကူးမရှိပေ။ Sehunနဲ့ဂိမ်းဆော့နေရင်း *Hyungက Igဖွင့်တာ ၂ရက်လောက်ပဲရှိသေးတာတောင် followerတွေကအများကြီးပဲ လုံးဝceleကြီး။*ဆိုတဲ့ Sehunရဲ့အပြောမှာ သူခနတာကြောင်အသွားတယ်။ Sehunဖုန်းကို ယူကြည့်တော့ တကယ်ပဲfollowerအမြောက်အမြားနဲ့ လုံးကစ်ရဲ့Acc။ profileကလွဲပြီး ဘာပုံမှမတင်ထားတာတောင် followerက sehunပြောသလိုတော်တော်များများပင်။ ဖွင့်ထားတာ ၂ရက်ကြာနေတာတောင် နေတိုင်းတွေ့နေရတဲ့ သူ့ကိုမပြောဘူးဆိုတော့ သူမသိအောင် ဘာတွေလုပ်မလို့လဲဟူသောအတွေးနဲ့ လူကပူရပြန်သည်။ နဂိုစိတ်ဆက်တဲ့ အခံရှိတဲ့သူက
ို ဝုန်းဒိုင်းသွားကြဲမိတော့ ခုလိုမျက်ရည်နဲ့မျက်ခွက်ဖြစ်ရသည်။ ကိုယ့်ကိုအသိမပေးပဲAccသုံးနေတာနဲ့တင် လွန်နေပြီကို ဒင်းလေးကGroupchatတောင် ဖွင့်ထားလိုက်သေးသည်။ ကိုယ်Messageပို့ရင်
တော်တော်နဲ့ပြန်မပို့ပဲ Replyကြာနေတာ တရားခံကGroupChatကြောင့်ပင်။ မလိုချင်ဘူး Doh KyunSooက KimJonginထက် ဦးစားပေးနေတာကို။ KimJonginရဲ့ဘဝမှာ Doh KyungSooကသာ အရာအားလုံးရဲ့ပထမဖြစ်သလို။ Doh KyungSooရဲ့ဘဝမှာလည်း KimJonginသည်သာ ပထမဖြစ်ရမည်။
×××××××××××

မနေ့ညနေပြသာနာတက်ပြီးတည်းက ခုညနေရောက်တဲ့အထိ ဟိုဘက်အိမ်မသွားပဲ အိမ်မှာပဲPaအလုပ်တွေဝိုင်းလုပ်ပေးမိသည်။
တစ်နေလုံးမတွေ့ရ၍ လွမ်းသည်မှန်သော်လည်း သွားချော့ပါက အကျင့်ပါပြီး နောက်သူ့ကိုအလေးထားတေါ့မည်မဟုတ်ပေ။ မှတ်လောက်အောင် ခနတော့ပြစ်ထားရမည်။

"Hyunee မနက်Momအသိတစ်ယောက်ရဲ့သား မင်္ဂလာဆောင်သွားမလို့ သားလိုက်ခဲ့နော်။ မနက်ဖြန်လည်း ကျောင်းပိတ်တယ်မလား။"

Chanyeol Hyung နဲ့လျောက်လည်ပြီး ပြန်လာတဲ့ Hyungကို အိမ်ထဲဝင်ဝင်ခြင်းပင် Momကလှမ်းမေး လိုက်သည်။

"သားလိုက်လို့မရဘူး Mom။ မနက်ဖန်သားတို့အဖွဲ့တွေ projectအတွက် စာစုရှာဖို့ သားသူငယ်ချင်းတစ်ယောက်အိမ်မှာ စာသွားလုပ်ရမှာ။"

My Jealous Boyfriend Where stories live. Discover now