(Zawgyi)
ခါတိုင်းနဲ့မတူ ပိုမိုနွေးထွေးတဲ့အနေအထားကြောင့် မထဘဲဆက်အိပ်နေမိသည်။ မှေးခနဲအိပ်ပျော်သွားပြီး တင်းကြပ်တဲ့နွေးထွေးမှုကြောင့် အသက်ရှုတောင်မဝချင်သလို ဖြစ်တာကြောင့်
အတင်းကုန်းရှုန်းထတော့ ကိုယ့်ခြေထောက်တွေကို တစ်စုံတစ်ရာကဖိထားသည်။ အိပ်ချင်တဲ့စိတ်တွေဟာ လေလိုပြာလိုလွင့်ပျောက်ကာ မျက်လုံးဖွင့်ပြီးပြူးပြဲကြည့်တော့ ကိုယ်ရောက်နေတာ ရင်ခွင်တစ်ခုထဲ။ ကိုယ့်ခြေထောက်တွေကိုသူ့ခြေထောက်တွေနဲ့ ဖိထားတဲ့ ထိုတရားခံကို မော့ကြည့်တော့ ပြုံးစိစိနဲ့ကိုယ့်ကို ကြည့်လာတဲ့လူဆိုးကောင်။"အချစ်ဒီနေ့ကျောင်းပိတ်တယ်မလား ဆက်အိပ်လေ။"
"Yarrr ဘယ်လိုလုပ်အိပ်လို့ရမှာလဲ မင်းဖက်ထားတာ အသက်ရှုတောင်ကြပ်လာပြီ။"
"Hee sorry sorry ကျွန်တော်ကြည့်နေရင်း အသဲယားလာလို့။ အချစ်ကစောင်ကို တစ်ကိုယ်လုံးပတ်ထားတော့ အနှီးထုတ်ထဲက ကလေးလေးနဲ့တူလို့။"
"ဖယ် မင်းငါ့ကိုလာမရွှီးနဲ့ မင်းကောင်မလေးတွေနဲ့ကိစ္စကို အရင်ဖြတ်။"
KyungSooရုန်းပြီးထဖို့ပြင်တော့ ပြန်ဆွဲချကာရင်ခွင်ထဲပြန်ထည့်ထားသည်။
"ဒီမှာကျွန်တော်ဖြတ်လိုက်ပြီ ညကလိုင်းပေါ်မှာ။"
Jonginက သူ့ig accကိုဖွင့်ကာပြသည်။ သုံးယောက်ထက်မနဲသော ကောင်မလေးတွေကို တိုတိုတုတ်တုတ်ပင် လမ်းခွဲစကားဆိုထားသည်။ ဟိုဘက်ကမပြီးမစီးနိုင် အလွမ်းသည်နေသည်ကို နဲနဲလေးတောင်ပြန်မပြောထား၍ လူဆိုးကောင်ကိုစိတ်ထဲမှာပင် အမှတ်ပေးလိုက်သည်။
"အချစ် Social media ဘာမှမသုံးဘူးနော်။ သုံးမလား ကျွန်တော်ဖွင့်ပေးမယ်။"
"မသုံးချင်ပါဘူး ရှုပ်ရှုပ်ရှက်ရှက်။"
"ဟုတ်တယ် ဟုတ်တယ်။ အချစ်မသုံးတာပဲကောင်းတယ်။ တော်ကြာကျွန်တော်သဝန်တိုနေရအုံးမယ်။"
ခုမှသတိရတယ်ပုံစံနှင့် အသည်းအသန်ကိုထောက်ခံနေတဲ့ Jonginပုံစံက သူ့မုန့်ကိုသူများလုစားမှာဆိုးလို့ ဖွက်ထားချင်တဲ့ ကလေးဆိုးလိုပင်။
YOU ARE READING
My Jealous Boyfriend
Fanfictionခဗျားက ကျွန်တော့အပိုင်မို့လို့ ထွက်သွားဖို့ကို စိတ်ကူးနဲ့တောင်မတွေးမိစေနဲ့။