20

4.3K 432 94
                                    

Zawgyi

"မလိုက်ဘူး ဒီမှာတစ်ခါတည်းရှင်းမယ်။ ငါမလုပ်တဲ့ကိစ္စတစ်ခုအတွက်နဲ့ အကုန်လုံးက ဖောက်ပြန်တဲ့ကောင်တစ်ယောက်လို ထင်မှာကို အထင်မခံနိုင်ဘူး"

"ဖောက်ပြန်တာဟုတ်မဟုတ် ခဗျားလုပ်ရက်တွေက သက်သေပြနေပြီ။ ဟက် ဖောက်ပြန်တယ်ဆိုလည်း ဒီကကောင်က နွားအဖြစ်ခံပြီး လက်ခံအုံးမှာပဲ။ ဒါပေမဲ့ ခဗျားအကောင်ကို ဒီအတိုင်းထားမယ်မထင်နဲ့။"

"ဂျွန်အင် မင်းHyungပြောတာကို နားထောင်အုံး"

"မင်းဝင်မပါနဲ့ ဆယ်ဟွန်း ဒီလိုကိစ္စတွေဖြစ်တာ မင်းတို့လည်း အလိုတူအလိုပါလို့ပဲနေမှာ။ "

"မင်းမစော်ကားနဲ့ ဂျွန်အင်။"

"ငယ်လေးတော်တော့ ကောင်းပြီဂျွန်အင် မင်းဒီလောက်တောင်အယုံအကြည် ကင်းမဲ့နေလည်း ငါတို့လမ်းခွဲကြတာပေါ့။ ဒီနေ့ကစပြီး ငါတို့ဇာတ်လမ်းဒီမှာတင်ဆုံးပြီ။"

ဂျောင်ဆူးပြောပြီးတာနဲ့ ပြေးထွက်ခဲ့သည်။ ဒီအရပ်ဒီပတ်ဝန်းကျင်မှာ သူဘယ်လိုမရပ်တည်နိုင်တော့ဘူး။  သူ့အရှက် သူ့သိက္ခာတွေအကုန် ပျက်ဆီးကုန်ပြီ။

ဂျွန်အင်ပြေးထွက်သွားတဲ့ ဂျောင်ဆူးနောက်ကို လိုက်ဖို့ပြင်တော့ ဆယ်ဟွန်းကတားသည်။

"အိုဆယ်ဟွန်း ဖယ်စမ်း"

"မင်းတော်သင့်ပြီ ဂျွန်အင်။ ငါ့အကိုကိုဒီ့ထက် ဒုက္ခမပေးနဲ့တော့။"

"မင်းသောက်ပူမပါဘူး။"

ဂျွန်အင်တားနေတဲ့ ဆယ်ဟွန်းကို စောင့်တွန်းက ဂျောင်ဆူးနောက်လိုက်သွားသည်။

"ဒိုဂျောင်ဆူး!!!!!!!!!တံခါးဖွင့် အခုတံခါးဖွင့်"

ဒုန်း ဒုန်း ဒုန်း ဒုန်း

"အခုတံခါးဖွင့်လို့ပြောနေတယ်နော် !!!!!!"

အခန်းတံခါးကို တဒုန်းဒုန်းထုရင်း အော်နေတဲ့ ဂျွန်အင်ကြောင့် လူကြီးတွေနိုးမှာဆိုး၍ ဂျောင်ဆူးတံခါးဖွင့်လိုက်သည်။

"လာခဲ့"

တံခါးဖွင့်တာနဲ့ ဂျောင်ဆူးကိုဆွဲကာခေါ်လာတာကြောင့် ဂျောင်ဆူးမှာ ဂျွန်အင်နောက်ကို
တရွတ်တိုက်ပါလာရသည်။

My Jealous Boyfriend Where stories live. Discover now