(၁)

2.5K 192 13
                                    

ခါတိုင်းလိုပဲ ငါ လီချန်းရင်​နဲ့ စကားများဖြစ်​ပြန်​ပြီ။ ငါတို့ ရန်​ဖြစ်​စကားများပြီးတိုင်း သူ ငါ့ကို အမြဲ အဖက်​မလုပ်​တော့ဘဲ ထားတတ်​တယ်​။ တခြားသူတွေကိုလည်း ငါ့ကို ခေါ်ခွင့်​ ပြောခွင့်​ မပြုဘူး။

ငါ အရမ်းအရမ်း မတရားတွေ ပျင်းလာရင်​၊ ငြီးငွေ့လာရင်​ အပြင်​ ခိုးထွက်​ပြီး လည်​တယ်​၊ ပတ်​တယ်​။ အားတုကတော့ ငါ့နောက်​ လိုက်​တာပဲ။ သူက အမြဲတမ်း ငါ့အပါးမှာ ရှိနေတာ။ ငါ ဘယ်​သွားသွားလိုက်​တယ်​။ ငါ သူ့ကို ခါထုတ်​လည်း မရဘူး။ တကယ့်​အရိပ်​တစ်​ခုလိုပဲ။ တော်​သေးတာက၊ ငါ အားတုကို မုန်းတာမျိုး မရှိလို့၊ သူကလေးက ခေါင်းလေး နည်းနည်း မာတာကလွဲရင်​ ကျန်​တာ အားလုံးကောင်းပါတယ်​။ သိုင်းတောင်​ တတ်​သေးတယ်​။ သိုင်းတတ်​တော့ လူဆိုးတွေကို ချရင်​ အဆင်​ပြေတာပေါ့။

ငါတို့ လက်​ဖက်​ရည်​ဆိုင်​ထဲဝင်​ပြီး ပုံဝတ္ထုတွေ သွားနားထောင်​တယ်​။ ပုံပြောဆရာက အတော်​လေးကို အာပေါင်​အာရင်းသန်​သန်​နဲ့၊ မိုင်​ထောင်​ချီဝေးတဲ့ နေရာကနေ နတ်​ဝိဇ္ဇာဓားသိုင်းသမားဟာ လူ့အသက်​ကို ပြေးလာကယ်​တဲ့ အကြောင်းရောက်​တဲ့ အခါမှာတော့ ငါ အားတုကို လှည့်​မေးလိုက်​တော့တယ်​။ "ဟဲ့၊ ဒီလောကမှာ နတ်​ဝိဇ္ဇာဓားသမားတွေ တကယ်​ရှိတယ်​လို့ ယုံလား..."

အားတုက ခေါင်းခါတယ်​။

ငါလည်း ဒါကို မဖြစ်​နိုင်​ဘူး ထင်​တာပဲ။

ဒီလောကမှာ အဆင့်​မြင့်​သိုင်းသမားတွေ ရှိတာကတော့ အသေအချာပဲ။ အားတု ရွှေအနားသတ်​ဓားကို ကိုင်​ဆောင်​ ဟန်​ရေးပြတာလိုမျိုး၊ သူ သိုင်းချတာကို ငါ မြင်​ဖူးတယ်​။ မြန်​လိုက်​တာမှ လျပ်​စီးလိုပဲ။ ဒါပေမယ့်​ မိုင်​ထောင်​ချီအကွာက လူတွေကို ပြေးကယ်​ဖို့ကတော့ ချဲ့ကားလွန်းရာ ရောက်​နေသလိုပဲ။

ငါတို့ ဆိုင်​ထဲက ထွက်​လာတော့ လမ်းပေါ်မှာ လူတွေ စုရုံး စုရုံးဖြစ်​နေတာကို တွေ့ရတော့တယ်​။ ငါဟာ ရုတ်​ရုတ်​ ရုတ်​ရုတ်​ဆို ရောပါချင်​တဲ့ ဉာဉ်​ရှိတဲ့သူပဲ၊ ဒါပေါ့ ငါ လူအုပ်​ကြားထဲ အတင်းတိုးပြီး သွားကြည့်​တော့တယ်​။ အဖြူ ရောင်​ဝတ်​ ကောင်​မလေးတစ်​ယောက်​ ဒူးထောက်​ထိုင်​ရင်း ငိုနေ ရှိုက်​နေတာ။ သူ့အနောက်​မှာတော့ ခပ်​ဆွေးဆွေး ဖျာတစ်​ချ ပ်​၊ ဖျာပေါ်မှာက တောင့်​တင်းနေပြီ ဖြစ်​တဲ့ အလောင်းတစ်​လောင်း၊ အပေါ်ကနေ ကောက်​ရိုးဖျာနဲ့ အုပ်​ထားတယ်​။ ကောက်​ရိုးဖျာအောက်​ကနေ ဖိနပ်​မပါနဲ့ ခြေဗလာတစ်​စုံသာ ပေါ်နေတယ်​။ ဘေးပတ်​ပတ်​လည်​က လူတိုင်း သက်​ပြင်းသာ အခါခါချပြီး ခေါင်းတစ်​ခါခါနဲ့ ကောင်​မလေး လည်​ပင်းမှာ ချိတ်​ထားတဲ့ "အဖေကို မြုပ်​ဖို့ ကိုယ်​ကို ရောင်းမည်​" ဆိုတဲ့ စာရွက်​ဖြူ ပေါ်က မှင်​အနက်​တမ်းလေးကို လက်​ညိုးတထိုးထိုး လုပ်​နေကြလေရဲ့။

အိမ်ရှေ့နန်းမှသည် (စာမြည်း)Where stories live. Discover now