တကယ်ကို ထူးဆန်းတဲ့ လူကြီး။ ငါ သူ့ကို သိပါတယ်လို့တောင် သူက အတင်းအကြပ်တွေ ပြောနေသေးတယ်။ ငါ ဒီလို လူထူးလူဆန်းမျိုးကို မသိဖူးပါဘူး။
လမ်းကြားလေးထဲက ထွက်လာတော့ အားတု တံတားပေါ်မှာ ထိုင်နေတာ ငါ သတိပြုမိတယ်။ သူ ငါ့ကို ငေးစိုက်ပြီးသာ ကြောင် ကြည့်နေတယ်။ ငါ သူ့ကို မေးလိုက်တယ်။ "နင် ဘယ်သွားတာလဲ... ငါ စိတ်ပူလို့ သေတော့မယ်..."
အားတု အဲ့အတိုင်း ဆက်ရပ်နေတယ်။ မလှုပ်မယှက်ပါပဲ။ ငါ သူ့ကို လှုပ်ခါတာတောင် သူ မလှုပ်လာဘူး။ ဒီအချိန်မှာ ကုကျန်းရောက်လာတယ်။ သူ့လက်ချောင်းတွေကို အားတုဘက်ကို လှမ်းပြီး ထိုးလိုက်တာနဲ့ "ချီ"ကနဲ အသံနဲ့အတူ အားတု ခုန်ထလာတော့တာပဲ။ တစ်ဆက်တည်းမှာ သူ့ ရွှေအနားကွပ်ဓားကို လက်တစ်ဖက်နဲ့ ဆွဲထုတ်လိုက်တယ်။ နောက်လက်တစ်ဖက်နဲ့ ငါ့ကို သူ့နောက်ကို တွန်းပို့လိုက်တယ်။
ကုကျန်းကတော့ အေးဆေးသက်သာစွာ ပြုံးနေတာပဲ။ ပြောလိုက်သေးတယ်။ "ငါတို့ လွန်ခဲ့တဲ့ သုံးနှစ်ကလည်း တိုက်ခဲ့ဖူးတာပဲ၊ အစောက ငါ မင်းကို အကြောပိတ်ဖို့ လက်တစ်ချောင်းလှုပ်ဖို့ပဲ လိုခဲ့တာ... ငါသာ တစ်ခုခုလုပ်ချင်ရင် မင်းတစ်ယောက်တည်းနဲ့ ငါ့ကို မတားနိုင်ဘူးဆိုတာ... နားမလည်ဘူးလား" တဲ့။
အားတု ဘာမှ မပြောဘူး။ ကုကျန်းကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေတယ်။ အားတု ပုံစံက ကြက်မကြီး ကြက်သားပေါက်လေးတွေကို ကာကွယ်ပေးနေတဲ့ ပုံအတိုင်းပဲ။ လီချန်းရင် ငါ့ကို ဒေါသထွက်အောင် လုပ်လို့ ငါ မူးလဲကျသွားတုန်းကလည်း အားတု လီချန်းရင်ကို ဒီလိုမျိုး ကြည့်နေခဲ့ဖူးတယ်။
YOU ARE READING
အိမ်ရှေ့နန်းမှသည် (စာမြည်း)
Humorသူမက ရှီလျန်ပြည်ရဲ့ အလိုလိုက် ဖူးဖူးအမှုတ်ခံ နဝမမင်းသမီးလေး။ နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းခင်းအရေးအတွက် သူမ အလယ်ပိုင်းဒေသ (ကျုံးယွမ်) ဆီ ထွက်ခွာလာခဲ့ရသည်။ သူကတော့ အင်အားကြီး သြဇာအာဏာရှိသည့် အိမ်ရှေ့မင်းသား။ နိုင်ငံရေးသဘောအရ တို...