မိတ်​ဆက်

5.5K 247 21
                                    

သူမက ရှီလျန်​ပြည်​ရဲ့ အလိုလိုက်​ ဖူးဖူးအမှုတ်​ခံ နဝမမင်းသမီးလေး။ နှစ်​ပြည်​ထောင်​ ရွှေလမ်းငွေလမ်းခင်းအရေးအတွက်​ သူမ အလယ်​ပိုင်းဒေသ (ကျုံးယွမ်​) ဆီ ထွက်​ခွာလာခဲ့ရသည်​။

သူကတော့ အင်​အားကြီး သြဇာအာဏာရှိသည့်​ အိမ်​ရှေ့မင်းသား။ နိုင်​ငံရေးသဘောအရ တိုင်းတစ်​ပါးမှ မင်းသမီးကို သူ လက်​ထပ်​ရတော့သည်​။ သူ့မှာ အမြတ်​တနိုးချစ်​ရသော ကြင်​ယာတော်​ ကျောင်းလျန်​တိက ရှိနှင့်​သည်​။

သူမမှာလည်း ကိုယ်​ပိုင်​သီးသန့်​ ဘဝလေးရှိသည်​။ နန်းတော်​မှ ခိုးထွက်​ကာ မြင်းလျှောက်​စီးသည်​။ ယောက်ျားလေး ဟန်​ဆောင်​လျက်​ ဝိုင်​သေရည်​သောက်​စားသည်​။ သူခိုးဖမ်းသည်​။ လမ်းပျောက်​ကလေးများကို အိမ်​ပြန်​ပို့ပေးသည်​။ အစကတော့ သူတို့နှစ်​ဦး၏ ဘဝများသည်​ မျဉ်းပြိုင်​သဖွယ်​။ ဖြတ်​ရန်​ ဆုံရန်​ မရှိ။ သို့သော်​ အရှေ့နန်းတော်​မှ အာဏာနှင့်​ အရိုက်​အရာအတွက်​ ပြိုင်​ဆိုင်​ တိုက်​ခိုက်​မှုများ၊ အတောမသတ်​နိုင်​သော အညှီအဟောက်​ သတင်းအတင်းများနှင့်​ နောက်​ကွယ်​က အကွက်​ဆင်​ထောင်​ချောက်​များက သူမကို တဖြည်းဖြည်း ပါဝင်​ပါတ်​သက်​လာအောင်​ ဆွဲခေါ်ယူသွားခဲ့သည်​။

သေလုနီးနီး အန္တရာယ်​တစ်​ခုကို လွန်​မြောက်​ပြီးမှာတော့ လွန်​ခဲ့သော သုံးနှစ်​က အဖြစ်​အပျက်​များကို သူမ ပြန်​သတိရလာတော့သည်​။

ကန္တာရထဲက သူနှင့်​ သူမတို့၏ တွေ့ဆုံ ရင်းနီးမှု. . .

ထျန်းကန့်တောင်​မှာ မျက်​လုံးဖြူ ဝံပုလွေကို သူမအတွက်​နှင့်​ ခေါင်းဖြတ်​သတ်​ပေးခဲ့သည်​။

မြက်​ခင်းပြင်​ကျယ်​မှာ သူမတို့ ခမ်းနားစွာ ထိမ်းမြားခဲ့သည်​။

သို့ပေမယ့်​ သွေးချောင်းသွင်​သွင်​စီးစေမည့်​ အတုန်းအရုန်းသတ်​ဖြတ်​မှုကြီးကို သူ သူမထံ ဆောင်​ကျဉ်းလာပြန်​၏. . . .

မေ့ပျောက်​ခြင်းမြစ်​မှာ၊ အချစ်​တစ်​ခုကို မေ့ပျောက်​နိုင်​လေဖို့. . . .

အိမ်ရှေ့နန်းမှသည် (စာမြည်း)Donde viven las historias. Descúbrelo ahora