သူမက ရှီလျန်ပြည်ရဲ့ အလိုလိုက် ဖူးဖူးအမှုတ်ခံ နဝမမင်းသမီးလေး။ နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းခင်းအရေးအတွက် သူမ အလယ်ပိုင်းဒေသ (ကျုံးယွမ်) ဆီ ထွက်ခွာလာခဲ့ရသည်။
သူကတော့ အင်အားကြီး သြဇာအာဏာရှိသည့် အိမ်ရှေ့မင်းသား။ နိုင်ငံရေးသဘောအရ တိုင်းတစ်ပါးမှ မင်းသမီးကို သူ လက်ထပ်ရတော့သည်။ သူ့မှာ အမြတ်တနိုးချစ်ရသော ကြင်ယာတော် ကျောင်းလျန်တိက ရှိနှင့်သည်။
သူမမှာလည်း ကိုယ်ပိုင်သီးသန့် ဘဝလေးရှိသည်။ နန်းတော်မှ ခိုးထွက်ကာ မြင်းလျှောက်စီးသည်။ ယောက်ျားလေး ဟန်ဆောင်လျက် ဝိုင်သေရည်သောက်စားသည်။ သူခိုးဖမ်းသည်။ လမ်းပျောက်ကလေးများကို အိမ်ပြန်ပို့ပေးသည်။ အစကတော့ သူတို့နှစ်ဦး၏ ဘဝများသည် မျဉ်းပြိုင်သဖွယ်။ ဖြတ်ရန် ဆုံရန် မရှိ။ သို့သော် အရှေ့နန်းတော်မှ အာဏာနှင့် အရိုက်အရာအတွက် ပြိုင်ဆိုင် တိုက်ခိုက်မှုများ၊ အတောမသတ်နိုင်သော အညှီအဟောက် သတင်းအတင်းများနှင့် နောက်ကွယ်က အကွက်ဆင်ထောင်ချောက်များက သူမကို တဖြည်းဖြည်း ပါဝင်ပါတ်သက်လာအောင် ဆွဲခေါ်ယူသွားခဲ့သည်။
သေလုနီးနီး အန္တရာယ်တစ်ခုကို လွန်မြောက်ပြီးမှာတော့ လွန်ခဲ့သော သုံးနှစ်က အဖြစ်အပျက်များကို သူမ ပြန်သတိရလာတော့သည်။
ကန္တာရထဲက သူနှင့် သူမတို့၏ တွေ့ဆုံ ရင်းနီးမှု. . .
ထျန်းကန့်တောင်မှာ မျက်လုံးဖြူ ဝံပုလွေကို သူမအတွက်နှင့် ခေါင်းဖြတ်သတ်ပေးခဲ့သည်။
မြက်ခင်းပြင်ကျယ်မှာ သူမတို့ ခမ်းနားစွာ ထိမ်းမြားခဲ့သည်။
သို့ပေမယ့် သွေးချောင်းသွင်သွင်စီးစေမည့် အတုန်းအရုန်းသတ်ဖြတ်မှုကြီးကို သူ သူမထံ ဆောင်ကျဉ်းလာပြန်၏. . . .
မေ့ပျောက်ခြင်းမြစ်မှာ၊ အချစ်တစ်ခုကို မေ့ပျောက်နိုင်လေဖို့. . . .
YOU ARE READING
အိမ်ရှေ့နန်းမှသည် (စာမြည်း)
Humorသူမက ရှီလျန်ပြည်ရဲ့ အလိုလိုက် ဖူးဖူးအမှုတ်ခံ နဝမမင်းသမီးလေး။ နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းခင်းအရေးအတွက် သူမ အလယ်ပိုင်းဒေသ (ကျုံးယွမ်) ဆီ ထွက်ခွာလာခဲ့ရသည်။ သူကတော့ အင်အားကြီး သြဇာအာဏာရှိသည့် အိမ်ရှေ့မင်းသား။ နိုင်ငံရေးသဘောအရ တို...